နောင်တော်လေး(ဘိုကလေး)
ကျွန်တော်တို့ ငယ်စဉ်က ဆရာ/ ဆရာမတွေက တက္ကသိုလ်ဝင်တန်းမှာ စနစ်တကျ သင်ကြားပြီး ထူးချွန်စွာ အောင်မြင်မှုရဖို့ အမြဲတမ်းအားပေးစကားပြောလေ့ရှိပါတယ်။ တက္ကသိုလ်ဝင်တန်းဆိုတာ ကိုယ်သွားချင်တဲ့ ပန်းတိုင်ကို ရောက်ရှိဖို့ ဘဝ တစ်ဆစ်ချိုးအောင်မြင်မှုလို့ ပြောလေ့ရှိပါတယ်။ ဟုတ်ပါတယ်လေ။ မိမိက ဆရာဝန်ကြီးဖြစ်ချင်တာလား၊ နည်းပညာတက္ကသိုလ်ကို တက်ချင်တာလား၊ ရေကြောင်းသိပ္ပံသွားချင်တာလား။ မိမိတက်ချင်တဲ့ကျောင်းကို တက်ရောက်ခွင့်ရဖို့က တက္ကသိုလ်ဝင်တန်းဟာ အရေးကြီးပါတယ်။ ထူးချွန်စွာ အောင်မြင်မှသာ မိမိရည်မှန်းချက်ကို တက်လှမ်းနိုင်မှာဖြစ်ပါတယ်။ ၂၀၂၆ ပညာ သင်နှစ်အတွက် အောင်စာရင်းတွေ ထွက်လာချိန်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပုဂ္ဂလိကကျောင်းများက ထူးချွန်ကျောင်းသားများ ထွက်တာများသလို အစိုးရကျောင်းများက ထွက်ပေါ်လာတဲ့ ကျောင်းသား၊ ကျောင်းသူများရဲ့ အောင်မြင်မှုရလဒ်တွေဟာလည်း အံ့ဩမင်သက်ရလောက်အောင်ကို ဝမ်းမြောက်ဖွယ်ဖြစ်ခဲ့ရပါ တယ်။ ဘဝအခက်အခဲတွေကြားက ရုန်ကန်ကြိုးစားရင်း ရလဒ် တွေ ကောင်းခဲ့ကြတယ်။
မနေခြည်ထွေး
ကျူရှင်မရှိ၊ ဖယောင်းတိုင်မီးနဲ့ စာကျက်ပြီး ဂုဏ်ထူး (၄) ဘာသာနဲ့ အောင်မြင်ခဲ့သူ ဖြစ်ပါတယ်။ လောကမှာ မပြည့်စုံမှု တွေကို အကြောင်းပြပြီး လက်လျှော့လိုက်ဖို့ထက်၊ ရုန်းကန်မှု တွေကြားကနေ ဘဝကို အောင်မြင်အောင် ထုဆစ်ပြသွားတဲ့ သမီးငယ်လေးတစ်ယောက်ပါ။ ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ သီတာကုန်းပြင်ကျောင်းကနေ ယခုနှစ် G-12 စာမေးပွဲမှာ မြန်မာစာအပါအဝင် ဂုဏ်ထူး လေးဘာသာနဲ့ ထူးချွန်စွာ အောင်မြင်ခဲ့တဲ့ ကျောင်းသူလေးက စဉ်အိုးကွဲရွာလေးကပါ။
သမီးလေးတို့ မိသားစုဟာ ရခိုင်ရိုးမတောင်ခြေမှာ ငါးခုတ်၊ -ထင်းခုတ်၊ နှီးဖြာရင်း ရုန်းကန်ကြရတဲ့ အခြေခံမိသားစုဖြစ်လို့ ကျူရှင်၊ ဂိုက် ဆိုတာ ဘာမှန်းတောင် မသိခဲ့ရှာပါဘူး။
နေ့စဉ် ကျောင်းတက်ဖို့အတွက် တောလမ်းအတိုင်း (၁၅) မိနစ် လမ်းလျှောက်၊ ထိုမှတစ်ဆင့် စက်ဘီးလေးနဲ့ မိနစ် (၃၀) မက ဖြတ်သန်းပြီး ကျောင်းတက်ခဲ့ရတာပါ။ မိုးရာသီ ရေကြီးချိန် ဆိုရင် မိဘတွေက ရေထဲဖြတ်ပြီး လိုက်ပို့ပေးခဲ့ရပါတယ်။
G-12 ရောက်တဲ့အထိ ဖယောင်းတိုင်မီးလေးနဲ့ပဲ စာဖတ်ခဲ့ရပြီး၊ တချို့ညတွေ ဖယောင်းတိုင်ဝယ်ဖို့ ပိုက်ဆံမရှိလို့ စာမဖတ်ခဲ့ရတဲ့ ညတွေလည်း ရှိခဲ့ပါတယ်။
ကျောင်းဝတ်စုံ အင်္ကျီ သုံးထည်း လုံချည်နှစ်ထည်တည်းနဲ့ပဲ ကျောင်းတက်ခဲ့ရပြီး၊ မုန့်ဖိုးဆိုတာလည်း တစ်ခါမှ မရခဲ့ရှာပါဘူး။ ကျောင်းအတွက် ထမင်းချိုင့်ကို လက်ဖက်သုပ် ဒါမှမဟုတ် ကန် စွန်းညွန့်ကြော်လေးနဲ့ပဲ ကိုယ်တိုင်ချက်ပြီး ထည့်သွားခဲ့ရတာပါ။
ဘေးပတ်ဝန်းကျင် အခြေအနေတွေ မတည်ငြိမ်လို့ စိုးရိမ်ထိတ်လန့်စရာ အသံတွေ ကြားနေရတဲ့ ညတွေဆိုရင် စာမဖတ်ရဘဲ၊ မိုးလင်းမှ အမြန်ဆုံး အမီဖတ်ပြီး ကြိုးစားခဲ့ရရှာပါတယ်။ “ကိုယ့်ဘဝက သူများထက် နိမ့်ကျတဲ့အတွက် အောင်မြင်အောင်လုပ်မယ်” ဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ပဲ အာရုံစိုက် ကြိုးစားခဲ့လို့ စဉ်အိုးကွဲရွာလေးရဲ့ သမိုင်းမှာ ပထမဆုံး ဂုဏ်ထူး (၄) ဘာသာရှင် ဖြစ်လာခဲ့ပါပြီ။
သမီးလေးရဲ့ အနာဂတ်အိပ်မက်က “ကလေးတွေကို ပညာသင်ပေးတဲ့ ကျောင်းဆရာမဘဝနဲ့၊ စာရေးဆရာမကြီး ဖြစ်ချင်တာတဲ့။ ဆရာကြီးလယ်တွင်းသားစောချစ်၊ ဆရာမဂျူး၊ ဆရာမပုညခင် တို့ကိုအားကျတဲ့ သမီးလေးဟာ အခုချိန်မှာတင် ဗလာစာအုပ်ထဲမှာ ဇာတ်ကောင်အမည် ပီပီပြင်ပြင်တွေနဲ့ “မာနမြစ်ကမ်းပါးပေါ်က အချစ်ငှက်” ဆိုတဲ့ ကိုယ်တိုင်ရေး ဝတ္ထုရှည်တစ်ပုဒ်ကို (၁၈) မျက်နှာတိုင်တိုင် ရေးသားနေပြီဖြစ်ပါတယ်။ ပြန်ခါနီး ဘာစာအုပ်ဖတ်ချင်လဲမေးတော့ “ကမ္ဘာကျော်ပုဂ္ဂိုလ်တွေရဲ့ အထုပ္ပတ္တိစာအုပ်တွေ ဖတ်ချင်တယ်” လို့ မျက်ဝန်းတောက်တောက်လေး တွေနဲ့ ဖြေရှာပါတယ်။
လက်ရှိမှာတော့ သမီးလေးတို့ မိသားစုဟာ ဘေးပတ်ဝန်းကျင်အခြေအနေတွေကြောင့် အိမ်လေးကို ခဏစွန့်ခွာပြီး ရွာထဲက မိသားစုအိမ်မှာ ခေတ္တခိုလှုံနေရပါတယ်။
ခက်ခဲကြမ်းတမ်းတဲ့ ပတ်ဝန်းကျင်ကြားကခံန ရုန်းကန်ပြီး သီတာကုန်းပြင်ရဲ့ ပညာရေးသမိုင်းမှာ မှတ်တမ်းတင်ရမယ့် အောင်မြင်မှုကို ယူဆောင်ပေးခဲ့တဲ့ သမီးလေး နေခြည်ထွေးရဲ့ ရှေ့ဆက်ရမယ့် အနာဂတ်အိပ်မက်တွေ လက်တွေ့ဖြစ်လာဖို့ မိဘပြည်သူများ၊ သီတာကုန်းပြင် ကျောင်းသားဟောင်းများနှင့် အနယ်နယ်အရပ်ရပ်က စေတနာရှင်များက ကူညီပံ့ပိုးပေးလာတာ ကိုလည်း ဝမ်းမြောက်ဖွယ် တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။
မစုမြတ်အောင်
အိမ်လေး ဆုံးရှုံးသွားခဲ့ရလို့ သူများဂိုဒေါင်မှာ ကပ်မှီခိုနေရတဲ့အပြင် ကျောင်းဆက်တက်ဖို့အတွက်ပါ ခက်ခဲစိန်ခေါ်မှုတွေ ရင်ဆိုင်နေရရှာတဲ့ တစ်နိုင်ငံလုံး ဝိဇ္ဇာတွဲ ပထမဆုရှင် ညီမငယ်လေး ဖြစ်ပါတယ်။
အရာအားလုံးလက်လွှတ်ခဲ့ရတဲ့အခြေအနေဆိုးထဲမှာတောင် ကြိုးစားပြီး မိဘနှစ်ပါးနဲ့ ကျောက်တံခါးမြို့ရဲ့ ဂုဏ်ကို မြှင့်တင်ပေးခဲ့သူပါ။
မိမိတက်ချင်တဲ့ကျောင်းကို တက်ရောက်ခွင့်ရဖို့က တက္ကသိုလ်ဝင်တန်းဟာ အရေးကြီးပါတယ်။ ထူးချွန်စွာ အောင်မြင်မှသာ မိမိရည်မှန်းချက်ကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။
မိဘတွေက မချမ်းသာပေမယ့် ပညာရေးကိုပံ့ပိုးပေးခဲ့တာကြောင့် တစ်ချိန်ကျရင် ကျောင်းဆရာမကြီးလုပ်ပြီး ကျေးဇူးဆပ်မယ်ဆိုတဲ့အတွေးနဲ့စာကြိုးစားခဲ့တယ်။
ကျူရှင်ရယ်လို့ အကောင်းစားတွေအများကြီး တက်နိုင်ခြင်းမရှိတဲ့ မစုမြတ်အောင်ဟာ ကျောင်းက သင်ကြားပေးလိုက်တာတွေကို အိမ်မှာ ကျေညက်အောင် အမြဲလို ကြိုးစားကျက်မှတ်ရင်း အခုလိုခက်ခဲပြီး တော်ရုံလူမကျက်မှတ်နိုင်တဲ့ ဝိဇ္ဇာဘာသာရပ်တွေမှာ အမှတ်ပေါင်း ၄၉၈ မှတ် သင်္ချာ၊ ပထဝီ၊ သမိုင်း၊ ဘောဂဗေဒဆိုပြီး ဂုဏ်ထူး လေးဘာသာ ရရှိခဲ့တာပဲ ဖြစ်ပါတယ်။
သူမဟာ ကျောင်းဆရာမတစ်ဦးဖြစ်ချင်တဲ့စိတ်ဆန္ဒ ငယ်စဉ်ကတည်းက ရှိခဲ့သူဖြစ်ပြီး အခုလည်း ဆရာမဖြစ်အောင် ကြိုးစားပြီး ကျောင်းသား ကျောင်းသူလေးတွေကို ပညာတတ်ကြီးတွေဖြစ် လာအောင် ကူညီပံ့ပိုးပေးနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ ပြောပြခဲ့တာဖြစ်ပါတယ်။
မိဘတွေကမချမ်းသာကြပေမယ့် သူတို့ရဲ့ သမီးလေးပညာရေးအတွက် အတတ်နိုင်ဆုံး အကောင်းဆုံး ပံ့ပိုးပေးခဲ့ကြသလို ကျောင်းကဆရာတွေကလည်း တကယ့်ကို စေတနာထားသင်ကြားပေးခဲ့ကြလို့ တစ်ချိန်ကျလည်း သူလည်း ကျောင်းဆရာမကြီးလုပ်မယ် မိဘတွေကိုလည်း ပြန်ပြီး ကျေးဇူးဆပ်နိုင်ဖို့ ကြိုးစားမယ်ဆိုပြီး ကြိုးစားကျက်မှတ်ခဲ့တာကနေ အခုလို မြန်မာတစ်နိုင်ငံလုံး The Whole Burma First (ဝိဇ္ဇာတွဲ) ပါ ရရှိခဲ့တဲ့အထိဖြစ်ခဲ့ရတာမို့ အရမ်းကိုကြည်နူးပီတိဖြစ် ဝမ်းသာရကြောင်း၊
မိဘတွေကလည်း သူမကို ခုလောက်ကြီးအထိ ရမယ်လို့ မထင်ထားကြကြောင်း၊ အခုလိုရတော့ အတိုင်းမသိ ဝမ်းသာရကြောင်း ပြောခဲ့တာပါ။ မစုမြတ်အောင်က သူမအပေါ်မှာ ဆရာမတွေက စေတနာ ထားသင်ကြားပေးခဲ့သလို သူမကလည်း နောက်ထပ် တခြားတခြားသော ကျောင်းသား ကျောင်းသူတွေကို အကောင်းဆုံး သင်ကြားပေးနိုင်တဲ့ ဆရာမကြီးဖြစ်ချင်ပါတယ်လို့ ရှင်းပြခဲ့တာ တွေ့ရပါတယ်။
လေးတစ်ခုကို အများနဲ့ စုပေါင်းငှားရမ်း နေထိုင်ရတဲ့အထိ ကျပ်တည်းပေမဲ့ ညီမလေးရဲ့ ပညာရေးအိပ်မက်ကိုတော့ အပျက်မခံခဲ့ပါဘူး” ဆိုသည့် စက်ရုံအလုပ်သမား အစ်မဖြစ်သူ၏ ပေးဆပ်မှု၊ မိခင်ဖြစ်သူ၏ မေတ္တာတရားတို့ဖြင့် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာပေးပွဲတွင် ဝိပ္ပံဘာသာတွဲဖြင့် မြန်မာတစ်နိုင်ငံလုံးပထမ (The Whole Burma First) ဆုကြီးကို ဆွတ်ခူးသွားခဲ့သည့် အထက (၁၄) လှိုင်သာယာမှ ထူးချွန်ကျောင်းသူလေး ဖြစ်ပါတယ်။
မနီနီကျော်သည် ယခုအခါတွင်တော့ သူမ၏ထူးချွန်ထင်ရှားလှသည့် အရည်အချင်းကြောင့် “POPULAR PLASTIC GROUP ၏ စင်တော်ကောက်ဂုဏ်ပြုခြင်းကို ခံလိုက်ရပြီ ဖြစ်ပါတယ်။ ဤအောင်မြင်မှုသည် စရိတ်ကြီးလှသည့် ဘော်ဒါဆောင်များ၊ သီးသန့်ဂိုက်များ မရှိဘဲ ဆင်းရဲမွဲတေမှု အခက်အခဲများကို ဘဝ၏ အရှုံးပေးစရာအကြောင်းပြချက်တစ်ခုအဖြစ် မသတ်မှတ်ခဲ့သည့် မနီနီကျော်၏ ဇွဲလုံ့လကြောင့် ဖန်တီးနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ –
အိမ်ထောင်ဦးစီး ဖခင် ကွယ်လွန်ပြီးနောက် ကျပ်တည်းလွန်းသဖြင့် တစ်ချိန်က ကျောင်းထွက်ရန်အထိ စဉ်းစားခဲ့ဖူးသော်လည်း “စာကိုပဲ ကြိုးစားပါ၊ ရအောင် ကျောင်းထားပေးမည်” ဟုသော အစ်မဖြစ်သူ၏ ကတိစကားကြောင့် ဆက်လက်ကြိုးစားခဲ့ ရာ၊ အောင်စာရင်းထွက်သည့် မနက် (၄) နာရီတွင် ဂုဏ်ထူး ငါးဘာသာ (SD) ပါဝင်ကြောင်း သိရချိန်၌ ညီအစ်မနှစ်ယောက် ပျော်လွန်း၍ တစ်ကိုယ်လုံးတုန်ရင်ကာ ထိုင်ငိုခဲ့ကြရပါတယ်။ ထို့နောက် တစ်နိုင်ငံလုံးတွင် အဆင့် (၁) ရသည်ဟု ထပ်မံသိရချိန်၌ လုံးဝမယုံနိုင်လောက်သည့် အိပ်မက်ကြီးတစ်ခုလို ဖြစ်ခဲ့ရပြီး၊ အစ်မဖြစ်သူက “ဒီအဲချိန်မှာ အဖေသာ ရှိနေဦးမယ်ဆိုရင် ဝမ်းသာ-လွန်းလို့ ကျွမ်းတွေဘာတွေတောင် ပတ်ထိုးပစ်မှာ” ဟု ကွယ်လွန်သူဖခင်ကြီးကို ရည်ညွှန်းကာ စိတ်မကောင်းစွာဖြင့် လွမ်း ဆွတ်မျက်ရည်ကျခဲ့ရသည့် ရုန်းကန်မှုနောက်ကွယ်က ကွယ်က အစိုက် အစို အတန့်များ ရှိခဲ့ပါတယ်။
သို့သော်လည်း ယခုအခါတွင်တော့ ဆင်းရဲမှုကို ရင်မော့သိက္ခာပြုကျော်ဖြတ်နိုင်ခဲ့သည့် ထူးချွန်ကျောင်းသူလေး မနီနီ ကျော်အတွက် POPULAR PLASTIC GRUOP က ဂုဏ်ပြုဆုငွေ ကျပ် သိန်း (၃၀) အပြင်၊ ရှေ့ဆက်ရမည့် တက္ကသိုလ်ပညာရေးခရီး လမ်းတွင် ကျောင်းတက်ရောက်သည့် ကာလအတွင်း လစဉ်ပုံမှန်ကျောင်းစရိတ်ထောက်ပံ့ကြေး ကျပ်နှစ်သိန်းကိုပါ တစ်ပါတည်း ပံ့ပိုးကူညီပေးအပ်လိုက်ပြီ ဖြစ်ပါတယ်။ ဒါဟာ မိသားစု၏ မေတ္တာတရားနှင့် ကိုယ်ပိုင်လုံ့လဝီရိယကို ပေါင်းစပ်ကာ ဘဝကို အကောင်းဆုံးပြောင်းလဲပစ်နိုင်ခဲ့သည့် မျက်ရည်ဝဲစရာ၊ လေးစား စရာကောင်းလှသော ဘဝအလှည့်အပြောင်းကြီးတစ်ခုပဲ ဖြစ်ပါ တယ်။
မနီနီကျော်ရဲ့ အောင်မြင်မှုကို ဝိုင်းဝန်းဂုဏ်ပြုပေးကြတဲ့ ခံစတနာရှင်များစွာရှိသလို KBZ ဖောင်ဒေးရှင်းက သိန်း (၁၀၀၀) ကူညီပံ့ပိုးပေးခဲ့တာကလည်း အထူးဝမ်းမြောက်ရာ ဖြစ်ခဲ့ပါတယ်။
လေး မနီနီကျော်အနေဖြင့် နောင်ကျောင်းတက်ရန်အတွက် ငွေကြေးအခက်အခဲများကို လုံးဝပူပန်စရာမလိုတော့ဘဲ မိမိဝါသနာပါရာ တက္ကသိုလ်ပညာရပ်များကို စိတ်အေးချမ်းသာစွာဖြင့် ယခုကဲ့သို့ စိတ်ချရသည့် ပညာရေးပံ့ပိုးမှုများကြောင့် ညီမ ဆက်လက်သင်ကြားခွင့်ရရှိတော့မှာ ဖြစ်ပါတယ်။
လှိုင်သာယာမြို့နယ်၏ သမိုင်းတစ်လျှောက် တစ်နိုင်ငံလုံး ပထမဦးဆုံးသော မြို့ဂုဏ်ဆောင် ကြယ်ပွင့်လေးအဖြစ် သမိုင်းစိုက်ထူနိုင်ခဲ့သလိုမျိုး၊ အဆင့်မြင့်တက္ကသိုလ်ရင်ခွင်မှာလည်း ဆက်လက်ပြီး စာကြိုးစားကာ မိသားစုနှင့် နိုင်ငံကပါ အားကိုးအားထားပြုရမည့် နိုင်ငံ့ဂုဏ်ဆောင် ပညာတတ်ကြီးတစ်ဦးအဖြစ် ထိုက်ထိုက်တန်တန်ဆက်လက်တက်လှမ်းနိုင်ပါစေကြောင်း အားလုံးက လှိုက်လှိုက်လှဲလှဲ ဆုမွန်ကောင်းတောင်းကာ ဂုဏ်ပြုနေကြပါတယ်။
မောင်တိုးဝေယံ
ခရေပန်းလေးတွေ ရောင်းပြီး ရန်ကုန်တိုင်းဒေသကြီး Top-9 ဝင်ခဲ့တဲ့ သားလိမ္မာလေး မောင်တိုးဝေယံက ဆရာဝန်ဖြစ်ချင်တဲ့ ဆန္ဒရှိပါတယ်။ တွံတေးမြို့နယ်က စရပန်းရောင်းတဲ့ သားလိမှာ လမ်းဟာ အခုဆိုရင်တော့ စေတနာရှင်တွေရဲ့ ကူညီပံ့ပိုးမှုကြောင့် သူ့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်မယ့်အခြေအနေကို ရောက်ရှိလာပါပြီ။
မိဘတွေအပေါ် သိတတ်လွန်းလို့ ကျောင်းစရိတ်အတွက် အပူမပေးဘဲ ကိုယ်တိုင် ခရေပန်းလေးတွေ ကောက်ရောင်း၊ ပန်းကုံးလေးတွေ သီရောင်းပြီး တက္ကသိုလ်ဝင်တန်းကို တက္ကသိုလ်ဝင်တန်းကို ကြိုးစားနဲ ကြိုးစားခဲ့တဲ့ တွံတေးမြို့နယ်၊ ကံဘဲ့ (အ.ထ.က) ၃ (အ.ထ.က) က “မောင်တိုးဝေ” ဝင်တိုးဝေယံ” ဟာ ယခုနှစ် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာ ရန်ကုန်တစ်တိုင်းလုံး အတိုင်းအတာနဲ့ သိပ္ပံတွဲ အမှတ်အများဆုံး (Top-9) ကို ဂုဏ်ယူဝင့်ကြွားစွာ ဆွတ်ခူးနိုင်ခဲ့တာပါ။ မနေ့က ဇွန်လ (၂၉) ရက်နေ့မှာ ဆေးကျောင်းတက်ဖို့ အခက်အခဲဖြစ်နေတဲ့ ကလေးငယ် နှစ်ဦးကို ပညာဒါနပြုမယ်လို့ သရုပ်ဆောင် နန္ဒာလှိုင်ရဲ့ ခင်ပွန်းဖြစ်သူ ဦးဇေသီဟက ကြေ ညာလိုက်ချိန်မှာတော့ အွန်လိုင်းအသုံးပြုသူ ပရိသတ်တွေက သားလိမ္မာလေး မောင်တိုးဝေယံကို ကူညီပေးဖို့အတွက် လိပ်စာနဲ့ ဖုန်းနံပါတ်တွေကို သွားရောက်မန့်ပြီး ဝိုင်းဝန်းတောင်းဆိုပေးခဲ့ ကြပါတယ်။ အစပိုင်းမှာ ကျောင်းသား တစ်ဦးကိုသာ ထောက်ပံ့ဖို့ ရည်ရွယ်ခဲ့ပေမယ့် နောက်ပိုင်းမှာ နှစ်ဦးအထိ တိုးမြှင့် ကူညီပေးခဲ့တာပါ။
စရေပန်းကောက်ရောင်းရတာကို ရှက်စရာတစ်ခုအဖြစ် မမြင်ဘဲ စရေပန်းလေးတွေကို သူ့ဘဝတက်လမ်းအတွက် ကူညီတဲ့ ကျေးဇူးရှင်အဖြစ် သတ်မှတ်ပြီး သူများ ခြေထောက်နဲ့ နင်း သွားရင်တောင် စိတ်မကောင်းဖြစ်မိတယ်လို့ ပြောပြပါတယ်။ မောင်တိုးဝေယံရဲ့ ကြိုးစားအားထုတ်မှုနဲ့ပတ်သက်လို့ ဆရာမကိုယ်တိုင်ကလည်း ချီးကျူးဂုဏ်ပြုပြောဆိုပါတယ်။ မိသားစု အတွင်းမှာ ဆယ်တန်းအောင်သူ လက်ချိုးရေလို့ သုံးချောင်းမပြည့်တဲ့အထဲ သူဟာ အထူးချွန်ဆုံး အောင်မြင်လာလို့ ဂုဏ်ယူရကြောင်းလည်း ပြောပြခဲ့ပါတယ်။ အခုတော့ သူ့ရဲ့ ဆရာဝန်ဖြစ်ချင်တဲ့ သူ့ရဲ့အိမ်မက်ကို အကောင်အထည်ဖော်ပေးမယ့် စေတနာရှင် ကူညီပံ့ပိုးမယ့်သူ တွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။
အထက်ဖော်ပြပါ ကျောင်းသား၊ ကျောင်းသူများနည်းတူ `အကောင်းဆုံးကြိုးစားပြီး အထိုက်အလျောက် အောင်မြင်မှုရခဲ့တဲ့ အခြားကျောင်းသား၊ ကျောင်းသူတွေလည်း ရှိပါတယ်။ ဒီအချင်း အရာကို ကြည့်ခြင်းအားဖြင့် ကျောင်းသား၊ ကျောင်းသူများအနေနဲ့ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ ပြည့်စုံသည်ဖြစ်စေ၊ မပြည့်စုံသည်ဖြစ်စေ ကြိုးစားရမှာက မိမိတို့တာဝန်ဖြစ်ပြီး ရိုးသား၊ ကြိုးစားပြီး ထူးချွန်သူကို ဝိုင်းဝန်းပံ့ပိုးပေးမယ့် စေတနာရှင်တွေ မိမိတို့မြန်မာ့လူ့အဖွဲ့ အစည်းမှာ အဆင်သင့်ရှိနေတယ်ဆိုတာကို အထင်အရှား မြင်တွေ့နိုင်ပါတယ်။ ဒီကျောင်းသား၊ ကျောင်းသူ တွေကို စံထားပြီးတော့ အခြေခံပညာမူလတန်းကနေ အဆင့်ဆင့် တက်လှမ်းလာကြမယ့် တက် ကျောင်းသား၊ ကျောင်းသူများအနေနဲ့လည်း ပညာကို လိုလားပြီး အစွမ်းကုန်ကြိုးစားကြဖို့ကို တိုက်တွန်းလိုက်ရပါတယ်။
