ဒီတစ်ပတ်အတွင်း မြန်မာ့နိုင်ငံရေးသတင်းနဲ့ ပတ်သက်လို့ကတော့ Belarus သမ္မတ လူကာရှန်ကိုရဲ့ မြန်မာနိုင်ငံခရီးစဉ်က ကျွန်တော် အတွက် စိတ်ဝင်စားစရာအကောင်းဆုံးဖြစ်ခဲ့ပါတယ်။ ဘာတစ်ခုမှ ရေရေရာရာမသိရတဲ့တိုင် အလောတကြီး လှုပ်ရှားသွားသလို မြင်နေရတယ်။ အမေရိကန် ပြည်ထောင်စုကလည်း ကျားဖြန့်နှိမ်နင်းရေးကိစ္စတွေမှာ မြန်မာအစိုးရနဲ့ G to G ပူးပေါင်း ဆောင်ရွက်မယ်ဆိုတယ်။ ဒီ တော့… တွေးကြည့်ရအောင်ပါ။

ရိုးရှင်းတဲ့ အယူအဆတစ်ခုပါ။ အမေရိကန်ဟာ အရှေ့တောင်အာရှဒေသတွင်းက တရုတ် ရဲ့ဩဇာကို ထိန်းညှိဖို့အတွက် ကျားဖြန့်ကို ရှေ့ထုတ်လာတယ်လို့ ယူဆရတယ်။ ဒီမတိုင်ခင်မှာလည်း တရုတ် သူလျှိုလို့ သံသယရှိသူတွေကို အမေရိကန်ဘက်က တရကြမ်းဖမ်းဆီးတာ တွေရှိထားပါတယ်။ ဒီတော့ “ကျားဖြန့်” ဟာ ခေါင်းစဉ်တစ်ခုမျှသာဖြစ်ပြီး တကယ်က CIA နဲ့ MSS ရဲ့ အားပြိုင်မှုပဲဖြစ်လိမ့်မယ်။ ကျွန်တော် တို့တွေလည်း သတိထားပြီး ချဉ်းကပ်တာမမှားဘူးလို့ မြင်တယ်။

လောလောဆယ်တော့ Online Scaming တွေကို တားဆီးမှုမတိုင်ခင် Starlink အင်တာနက် ပိတ်ခံရတာက မြန်မာနိုင်ငံက သူပုန်တွေအပေါ် သက်ရောက်မှုရှိနေတာမြင်ရတယ်။ အမေရိကန်ဘက်က တကယ်တမ်းကျားဖြစ်ပြီးရင်တောင် သူပစ်မှတ်က MSS လား၊ သို့မဟုတ် ကျားဖြန့်ကို မြေနေရာငှားစားနေတဲ့ သူပုန်အဖွဲ့အစည်းတွေနဲ့ရော နွယ်လာဦးပလားဆိုတာ စောင့်ကြည့်ရဦးမှာပါ။ အမေရိကန်ပြည်ထောင်စုလို ထောက်လှမ်းရေးအားကောင်းပြီးသား စူပါ ပါဝါကြီးက ကျားဖြန့်ကိစ္စအတွက် အရှေ့တောင် အာရှအထိဆင်းပြီး G to G ပူးပေါင်းဆောင် ရွက်တယ်ဆိုတာဟာ (ကျွန်တော်တို့ဘက်က ပါးနပ်ရင်တော့) အကျိုးရှိမယ့်ကိစ္စဖြစ်ပါတယ်။

အမေရိကန်ရဲ့ G to G ပူးပေါင်းဆောင် ရွက်မှုကို ပြည်ပြေး NUG က ကန့်ကွက်တယ်လို့ လည်း သိရတယ်။ NUG ကိုယ်တိုင်ကိုက သူ့ထောက်ခံသူ ပြည်သူတွေကို မျှော်လင့်ချက်မှား တွေပေးပြီး မကောင်နိုင်တဲ့ တော်လှန်ရေးမှာ အသက်တွေ၊ ဘဝတွေ၊ လုပ်အားတွေ အကြီးအကျယ် ရင်းနှီးမြှုပ်နှံခိုင်းခဲ့တယ်။ ပရောဂျက် ပေါင်းစုံ၊ ငွေတိုက်စာချုပ်မျိုးစုံ၊ ရရာအကုန်ရောင်းပြီး နိုင်ငံရေးလုပ်စားသွားပုံက အတိုးကြီးကြီး ပေးမယ်လို့ မက်လုံးပေးထားတဲ့ Ponzi scheme တစ်ခုလိုပါပဲ။ သူတို့ကိုယ်တိုင်က “ကျားဖြန့်” လုပ်စားနေကြမှတော့ ကျားဖြန့်တိုက်ဖျက်ဖို့ ဘယ်သူကယုံမလဲ။ Ponzi scheme က ငွေရှိပေမဲ့ စီးပွားရေးမလုပ်တတ်တဲ့၊ စီးပွားရေးအသိမရှိတဲ့လူတွေရဲ့ လောဘစိတ်ကို တည်ပြီး မသမာမှုလုပ်စားသလို  NUGရဲ့ နိုင်ငံရေးကလည်း နိုင်ငံရေးနားမလည်ဘဲ ‘စစ်တပ်မုန်းတီးရေးသက်သက်ရှိသူတွေကို “စစ်တပ်က မတရားအာဏာသိမ်းထားတာ” ဆိုတဲ့ခေါင်းစဉ်နဲ့ စစ်တပ်ကို ဖြုတ်ချမယ်လို့ မက်လုံးပေးပြီး ငွေယူသွားတာမျိုးပါ။ EAO တွေလိုခိုင်မာတဲ့ ဖွဲ့စည်းပုံ၊ ကျောထောက်နောက်ခံ စပွန်ဆာနိုင်ငံ သာမက အချိန်တန်ရင် ငြိမ်းချမ်းရေးစားပွဲဝိုင်းပေါ်တောင် ရောက်လာမှာမဟုတ်တဲ့ အကြမ်းဖက် PDF တွေဟာ Starlink ပါပိတ်ခံရတဲ့အနေအထားမှာ အတော်ရုန်းကန်ရပါလိမ့်မယ်။ တစ်ချိန်တည်းမှာပဲ နိုင်ငံကြီးတွေဆိုတာ သူတို့ရဲ့ လျှို့ဝှက်အကျိုးစီးပွားတွေအတွက်ပါ လှုပ်ရှားသွားတတ်တော့ သတိကြီးကြီးထားတာ မမှားပါဘူး။ ဒါထက် ကျွန်တော်ပိက်ပူတာတစ် ရှိပါတယ်။ အမေရိကန်အနေနဲ့ ကုန်သွယ်ရေး လမ်းကြောင်းတွေကို ထိန်းချုပ်ပြီး တရုတ်ရဲ့စူပါ ပါဝါကို ရိုက်ချိုးဖို့ စစ်ပွဲကြီးတွေဖော်တဲ့ နေရာမှာ အီရန်စစ်ရဲ့ အကျိုးဆက်ကလည်း တစ်ခု အရေးပါ ပါသေးတယ်။ အီရန်စစ်မှာ အမေရိကန်ဟာ သူလိုလားတဲ့ ရလဒ်၊ အခင်းအကျင်းမရလိုက်ဘူး။ ဒီတော့ ဘယ်နေရာမှာမဆို စစ်ပွဲသစ်တစ်ခု ထပ်ဖော်ဖို့ အဆင်သင့်ဖြစ်နေ လိမ့်မယ်။ ငှက်သိက္ခာအရလည်း ဒီတစ်ချီမှာ အမြဲမခံဘဲ အသေအချာစီစဉ်မှာမျိုးဖြစ်နိုင်တယ်။ လက်ရှိမှာလည်း အမေရိကန်ရဲ့ အာရုံက ဗင်နီဇွဲလား၊ အီရန်အပြီး ကျူးဘားကို ဦးတည်နေပြန်ပါတယ်။ အချုပ်အခြာအာဏာပိုင်နိုင်ငံတွေကို ထပ်သလိုလုပ်နေတာများပြီဆိုရမယ်။ ချဉ်းကပ်ပုံ မတူသည့်တိုင်အောင် မပေါ့တာကောင်းပါတယ်။

ဒီတော့

– တရုတ်နဲ့ အမေရိကန်ရဲ့ အားပြိုင်မှု ဆို မှတ်ဟာ မြန်မာဘက်ကို ရွေ့လာပါပြီ။ MSS နဲ့ CIA, CIA ရဲ့ အားပြိုင်ပါ။

– ကျားဖြန့်တိုက်ဖျက်ဖို့ဆိုတဲ့ ခေါင်းစဉ်နဲ့ ၁၀၂၇ ဖြစ်လာခဲ့တာပါ။ ၁၀၂၇ လည်း ကျားဖြန့်တိုက်ဖျက်ဖို့လို့ အကြောင်းပြခဲ့ပါ။ သို့သော် နောက်ကွယ်မှာ perchar ရှိတယ်။

– (၁၀၂၇) မှာ ကျားဖြန့်ကို အကြောင်းပြီး EAO တွေက တပ်မတော်ရဲ့ တိုင်းစစ်ဌာနချုပ်ကြီးတွေ ကျသည်အထိ တိုက်ခိုက်ခဲ့ကြပါတယ်။ နယ်မြေစိုးမိုးမှုအပိုင်းမှာ အခုထိ မပြီးပြတ်သေး တာတွေရှိတယ်။

အခုလည်း အဆိုပါ ကျားဖြန့်ကို အကြောင်းပြုပြီး G to G ပူးပေါင်းဆောင်ရွက်ကို အမေရိကန်က ကြိုးပမ်းလာပြန်ပါတယ်။ ကျွန်တော်တို့တွေ သတိကြီးကြီးထားပြီး ရွေးချယ်နိုင်မှဖြစ်ပါမယ်။ – တစ်ချိန်တည်းမှာပဲ အညာက တော်လှန်ရေးအဖွဲ့တွေဟာ ငွေကြေး၊ အကျိုးစီးပွား အရှုပ်အရှင်းတွေကြား ဇာတ်တူသားတွေ စားကြရင်း၊ ပြည်သူတွေရဲ့ အသက်ဟာ ကြက် ကလေးငှက်ကလေးလောက်သော်မျှ တန်ဖိုးမရှိတဲ့ဘဝကို ရောက်နေပါတယ်။

အစုအချိန်က အရေးအကြီးတုံးအချိန်ကို ရောက်နေတာပါ။ ကျွန်တော်တို့ဟာ အစိုးရတွေရဲ့ “လုပ်ရပ်” ကိုသာမြင်ရပြီး သူတို့ရဲ့ Hidden Agenda ကတော့ အချိန်တပ်စုရမှ ရုပ်လုံးကြွလာတတ်တာမို့ မပေါဆတာ ကောင်းပါတယ်။

ရောင်နီလာခါနီးအချိန်က ပိုမှောင်တတ်ပါတယ်။

သန့်နေစိုး

(5. Jul. 2026)