Month: October 2026

မသိလို့ ဖြစ်တဲ့ ပြဿနာများ

အောင်နိုင်သူ(ဇွဲကပင်) မြန်မာနိုင်ငံတွင် နိုင်ငံရေးပဋိပက္ခနှင့် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားခဲ့သည်မှာ ကာလရှည်ကြာခဲ့ပြီ ဖြစ်ပါသည်။ လွတ်လပ်ရေးနှင့်အတူ တစ်ပါတည်း ပေါ်ပေါက်လာသည့် အဆိုပါပဋိပက္ခဖြစ်မှုများသည် နှစ်ပေါင်း ၈၀ နီးပါးကြာမြင့်ခဲ့ပြီလည်း ဖြစ်ပါသည်။ နှစ်ပေါင်း ၈၀ မှသည် ရာစုနှစ်တစ်ခုဆီသို့ ကူးပြောင်းမသွားစေရန် ဝိုင်းဝန်းကြိုးစား ဖြေရှင်းသွားကြရန် လိုအပ်ပါသည်။ နှစ် ၈၀ ဆိုသည်မှာ လူ့သက်တမ်းနှင့်တွက်ကြည့်လျှင် ပျမ်းမျှလူ့သက်တမ်း တစ်ခုစာမက ကြာမြင့်နေပြီဖြစ်၍…