ပြည်ထောင်စု မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတကို မလေးရှားဝန်ကြီးချုပ်က တရားဝင်ခရီးစဉ် အတွက် ဖိတ်ပါတယ်။ “လူမျိုးလိမ်အရေး ဆွေးနွေးကြစို့” လို့ အကြောင်းပြထားတယ်။ လူမျိုး လိမ်တွေဟာလက်စ်နိုင်ငံတွေအပေါ် ဝန်ထုပ်ဝန်ပိုးဖြစ်လာစေလို့ အကြောင်းပြပါတယ်။ ကလေး မွေးဖွားနှုန်း မတန်တဆမြန်တဲ့အခါ ဒီဖိအားက မလွဲမသွေကြုံရမယ့် အရာဖြစ်တယ်။ မေးစရာက –
ဘင်္ဂါလီတွေကို အများဆုံးလက်ခံ၊ ဒုက္ခသည်စခန်းကြီးတွေ အကြီးအကျယ်ဆောက်ပြီး နိုင်ငံတကာအကူအညီတွေ ဖောဖောသီသီရထားတဲ့ ဘင်္ဂလားဒေ့ရှ်က ဒီကိစ္စကို မဆွေးနွေးဘဲ ဘာလို့ မလေးရှားက ဆွေးနွေးချင်ရသလဲ။
-အိုအိုင်စီကျောထောက်နောက်ခံနဲ့ ဂမ်ဘီယာက ကျွန်တော်တို့နိုင်ငံတော်ကို အိုင်စီဂျေမှာ တရားစွဲထားပြီး ကျွန်တော်တို့ကလည်း ကိုယ်စားလှယ်စေလွှတ်ဖြေရှင်းထားတယ်။ အမှုနဲ့ ပတ်သက်တဲ့အဖြေကိုစောင့်မယ့်အစား မြန်မာအစိုးရနဲ့ တိုက်ရိုက်ဆွေးနွေးဖို့ကြိုးစားတာက ထူးခြားတယ်လို့မြင်တယ်။ ပထမဆုံး ဘင်္ဂလားဒေ့ရှ်ပေါ့။ တာလီဘန်ကို စီအိုင်အေက မွေးထုတ်လိုက်သလိုပဲ တရုတ်ကို ဝိုင်းပတ်ပိတ်ဆို့မယ့် China Containment Policy အရ တရုတ်ရဲ့ ပင်လယ်ထွက်ပေါက်၊ ပူပါပါဝါဝတွေ ရဲ့ ဆုံချက်နေရာမှာ ပဋိပက္ခတစ်ခု ပေါ်လာတယ်။ အချိန်ကိုက် ကစားသွားတယ်။ ဒီမိုကရက်တစ်အပြောင်းအလဲဖော်ဆောင်နေတဲ့ မြန်မာနိုင်ငံမှာ “လူမျိုးရေးပဋိပက္ခတစ်ခု” အစပျိုးလိုက်တယ်။ ဒီမိုကရေစီဖော်ဆောင်နေတဲ့ ဦးသိန်းစိန်အစိုးရ က ဒေါ်စုကြည်ကို “National Reconciliation အကြောင်းပြပြီး လွှတ်တော်ထဲ သွင်းတယ်။ ဒေါ်စုကြည်ရဲ့ လူထုခေါင်းဆောင်” လို ပုံရိပ်ကို အပြိုင်သဘောမျိုးဖော်ဆောင်ဖို့ ဦးသိန်းစိန် အစိုးရဟာ သဘောထားကြီးမှု၊ လိုက်လျောမှု အစွမ်းကုန်လုပ်ခဲ့တယ်။ တိုင်းပြည်ကို အရွေ့ ကောင်းတစ်ခုပေါ်တင်သလို လိုင်ဇာရှေ့ကနေ လှည့်ပြန်လာသလိုကိစ္စတွေလည်း လုပ်တယ်။ တကယ်တော့ ဦးသိန်းစိန်အစိုးရ အဖွဲ့ဟာ တည်ငြိမ်တဲ့အပြောင်းအလဲတစ်ခုကို သက်တောင့် သက်သာဖော်ဆောင်လို့ရပါလျက် ဒေါ်စုကြည်ကို နိုင်ငံရေးထဲ ထည့်ပြီး ကိုယ့်ဒုက္ခကိုယ်ရှာ လိုက်ကြတယ်ပဲ မြင်တယ်။ ဒီလိုနဲ့.. အဲဒီလိုတွေ ဖြစ်ကုန်တယ်။ ဒေါ်စုကြည် တက်လာတယ်။ နိုင်ငံရေးဝါသာကြီးတဲ့ ရှိတ်ဟာဆီနာအစိုးရဟာ ဒေါ်စုကြည်အစိုးရကို ကုလသမဂ္ဂကနေရော နိုင်ငံတကာမျက်နှာစာကနေပါ တရစပ်ဖိထားပါတော့တယ်။ အစက ဘင်္ဂါလီ Safe Zone နဲ့ ခရိုင်းမီးယားဒီဇိုင်း ခွဲထွက်ခွင့်လောက် ရည်မှန်းထားတဲ့ ဘင်္ဂါလီက (NLD ရဲ့ ကယ်ဆယ်ရေး Shelter တွေကို မြားလိုက်မလိုလားမသိ) တိုင်းရင်းသားဖြစ်ခွင့်သို့ တောင်းဆိုပါတော့တယ်။ ဒေါ်စုကြည်အစိုးရကလည်း အစွမ်းကုန်လိုက်လျောဖို့ ပြင်ဆင်ခဲ့တယ်။ နိုင်ငံသားဥပဒေတွေ ပြင်ဖို့ ကြိုးစားတယ်။ နိုင်ငံခြားသားကလေး မွေးစားခွင့် ဥပဒေတွေ ပြင်ဖို့ကြိုးစားတယ်။ Global Migration Pact ကို လက်မှတ်ထိုးတယ်။ နည်းပေါင်းစုံနဲ့ ဘင်္ဂါလီတွေ အခြေချလို့ရဖို့ ကြိုးပမ်းပေးခဲ့ကြတာပါ။
တကယ်တမ်းပြောရရင် ထိုစဉ်က ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရေးမျက်နှာစာက လုံးဝပြိုဆင်းသွားတယ်လို့ကို ပြောရမှာပါ။ နိုင်ငံခြားရေးဝန်ကြီးတစ်ဦးအနေနဲ့ ဒေါ်စုကြည်ဟာ (ဘင်္ဂါလီတွေကိုပြန်လက်ခံဖို့ ဥပဒေပါပြစ်ပေးရမယ့်) အာနန်ကော်မရှင် အစီရင်ခံစာကိုကို Road Map လို သုံးပါမယ်လို့ ကုလသမဂ္ဂထိတက်ပြောခဲ့တယ်။ ကုလသမဂ္ဂမှာ ဟာဆီနာနဲ့ တစ်ကြိမ်မှ စကားစစ်မထိုးခဲ့ပေမယ့် ပြည်တွင်းကနေတော့ အင်္ဂလိပ်စကားနဲ့ မိန့်ခွန်းပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်ဟာ မြန်မာအပေါ် တစ်ဖက်သတ်အသာစီးရခဲ့ဖူးတယ်။ ဒီတော့ သူ့ရဲ့ လောဘက လည်း မသေးပါဘူး။ အခုချိန်အထိလည်း သူဟာ တစ်ချိန်လုံးငြိမ်နေပြီး မြန်မာအပေါ် အရင်လို အသာစီးရဖို့ ကြံစည်နေတုန်းလို့ ယူဆရတယ်။ ဘင်္ဂါလီတွေ လူဦးရေပေါက်ကွဲလို့ မြန်မာနဲ့ တကယ်ဆွေးနွေးချင်ရင် ဘင်္ဂလားဒေ့ရှ်က ပြောရမှာပါ။ ဒါပေမဲ့.. သူက ငြိမ်နေတယ်။ အတိအကျပြောရရင် အမေရိကန်ကို အကာအကွယ်ယူပြီး ငြိမ်နေတယ်။
မြင်ရသလောက် လက်ရှိမှာ အိန္ဒိယနဲ့ မြန်မာနှစ်နိုင်ငံစလုံးက ဥပဒေချိုးဖောက်တဲ့ အမေရိကန်နိုင်ငံသားတွေကို Bargaining Chip လို သုံးပြီး အမေရိကန်ကို အပေးအယူလုပ်လိုက် ကြတယ်။ စက်တင်ဘာ (၁၆) ရက်စွဲနဲ့ သတင်း တစ်ပုဒ်မှာ ပါကစ္စတန်၊ အိန္ဒိယနဲ့ တရုတ်နိုင်ငံ တို့ကိုပါ အမေရိကန်က “23 Country Drug List ထဲသွင်းပါတယ်လို့ ထ ကြေညာပါတယ်။ တစ်နည်း အပေးအယူလုပ်လိုက်ရလို့ စိတ်ကောက်တာပေါ့။ (မြန်မာပြည်က ပြည်ဖျက်တွေကတော့ မြန်မာနိုင်ငံကို အမေရိကန်အစိုးရ ကမူးယစ်ဆေးဝါးထုတ်လုပ်တဲ့ နိုင်ငံတွေစာရင်းထဲ သွင်းလိုက်ပြီဆိုပြီး အလွန်အကြူး အောင်ပွဲခံနေကြပါသေးတယ်။ အံ့ဩစရာပါပဲ)
ဘင်္ဂလားဒေ့ရှိသာ ဘင်္ဂါလီတွေကို အကြောင်းပြပြီး မြန်မာကို အကြပ်ကိုင်ခဲ့သော် မြန်မာဘက်ကလည်း နယ်စပ်ဖြတ်ကျော် တိုက်ခိုက်ရေးသမားတွေ၊ ဘင်္ဂလားဒေ့ရှ်အခြေစိုက် လှုပ်ရှားမှုတွေကိုကိုင်ပြီး သံတမန်ရေးအရ အပေးအယူလုပ်ပါလိမ့်မယ်။ ရခိုင်စစ်ထဲမှာ ပတ်သက်တာတွေ အစမဝတ်ရရှိ ဘင်္ဂလားဒေ့ရှ်ကိုယ်စား မလေးရှားက ဝင်ကစားလာတယ်လို့ သုံးသပ်တယ်။ Reciprocal ကို ရှောင်နေတာပါပဲ။
မလေးရှားကရော ဘာသဘောလဲ။ ကျွန်တော့်အမြင်ကတော့ ဘင်္ဂါလီများဇနရပ်ပြန်ပို့ရေး အကြောင်းပြချက်” ဖြစ်လိမ့်မယ်။ မြန်မာနိုင်ငံဟာ ဘင်္ဂါလီတွေကို ပြန်လက်ခံဖို့ဆိုရင် ယခင်က ထုတ်ပြန်ပြီးသား မှတ်ချက်အတိုင်းပဲဖြစ်လိမ့်ဆိုတာကအစ မလေးရှားရဲ့ “လူမြင်ကောင်းရုံ မယ်။ ဒီကိစ္စက မလွယ်ဘူး။ မထူးဘူး။ အထူးသဖြင့်အာဆီယံကနေမြန်မာကိုပယ်ထားပါတယ်. လို့ တရစပ်ပြနေကြချိန်မှာ မလေးရှားအနေနဲ့ ကျွန်တော်တို့သမ္မတကြီးကို မဖြစ်မနေဖိတ်ကြား ခုခုကြီးမားတဲ့ကိစ္စပဲဖြစ်လိမ့်မယ်။ ဒီလိုဖိတ်ပြီဆိုကတည်းက ကျွန်တော့်အမြင်ကတော့ (ထားဝယ်ရေနက်ဆိပ်ကမ်း + ထိုင်းတောင်ပိုင်းအရေး + ခွဲထွက်ရေးသမား) ကိစ္စတွေနဲ့ ပတ်သက်မယ်လို့ အကြမ်းဖျဉ်းခန့်မှန်းမိပါတယ်။ မလေးရှားခွဲထွက်ရေးသမားတွေက အရှိန်မြှင့်လာတော့မယ့်သဘောမှာရှိတယ်။ မြန်မာသာ ပါးနပ်ရင် ပထဝီနိုင်ငံရေးမှာ ကျွန်တော်တို့တန်ဖိုးတက်လာ နိုင်တယ်။ ကျွန်တော်ကတော့ လက်ရှိအစိုးရကို ယခင် သမ္မတကြီး ဦးသိန်းစိန်လက်ထက်က တောင်တရုတ်ပင်လယ်အရေး ဖြေရှင်းပေးခဲ့သလိုအနေအထားမျိုးအထိ တန်ဖိုးတက်လာ စေ ချင်ပါတယ်။ ဦးသိန်းစိန်ကတော့ ဒေါ်စုကြည်ကို ထုတ်ကစားမိလို့ ပုံရိပ်ကောင်းဖို့၊ လူချစ်ဖို့ အတင်းကြီးကြိုးစားခဲ့ရပေမယ့် လက်ရှိအစိုးရက တော့မက်ဗီယာဝယ်လီထုံးကိုပဲ နှလုံးမှုသင့်တယ်လို့မြင်တယ်။
ဒီတော့ အနှစ်ချုပ်သုံးသပ်ရသော်..
– အခုလပိုင်းအတွင်းမှာပဲ မြန်မာရာ အိန္ဒိယရောဟာ ဒေသတွင်းမှာမွှေနေတဲ့ အမ ရိကန်စစ်ပြန်တွေကို ဖမ်းဆွဲပြီး အပေးအယူလုပ်လိုက်ကြပါတယ်။ ထိပ်တန်းလျှို့ဝှက်ချက်တွေကို ကျွန်တော်တို့ မသိကြရသော်ငြား အမေရိကန် သမ္မတကြီးကတော့ ကျေနပ်တော်မူပုံမရပါဘူး။
– အမေရိကန်အကာအကွယ်ခံ Proxy ဘင်္ဂလားဒေ့ရှ်ဟာ လူမျိုးလိမ်အရေးမှာ ငြိမ်နေပါတယ်။ မြန်မာကို တရားစွဲဖို့တောင် ဂမ်ဘီယာကို ငှားတယ်ဆိုတော့ကာ မြန်မာနဲ့ ထိပ်တိုက်ရင် ဆိုင်ဖို့ကိုတော့ ရှောင်နေဆဲပါပဲ။ သို့သော် ညံ့ဖျင်း တဲ့အစိုးရတစ်ရပ် လက်ထက်မှာတော့ ကျွန် တော်တို့ကို သူတို့ တစ်ဖက်သတ် အသာစီးရခဲ့ ဖူးပါတယ်။ ဉာဏ်နည်းတဲ့လိုက်လျောမှုတွေကြား “တိုင်းရင်းသားအသစ်တစ်မျိုး” ရဖို့အထိ စော်ကားမော်ကား ရည်မှန်းချက်ကြီးခဲ့ကြဖူးတယ်။ သူတို့တွေသာ အထောက်အထားပြည့်စုံရင် နိုင်ငံသားဖြစ်နိုင်ပါတယ်။ သို့သော် တိုင်းရင်း သားတော့မဖြစ်နိုင်ပါဘူး။ ပထမမြန်မာနိုင်ငံ စတင်တည်ထောင်ပြီးချိန် ပဒေသရာဇ်ခေတ်ကနေ အခုထိ သမိုင်းစဉ်တစ်လျှောက် မြန်မာဘုရင်တွေဟာ တိုင်းရင်းသားဘုရင်၊ နယ်စားပယ် စားတွေနဲ့ စစ်ပွဲတဂျိန်းဂျိန်းတိုက်ခဲ့ကြတာပါ။ မြန်မာ့သမိုင်းထဲက ဘယ်စစ်ပွဲမှာမှ မြန်မာ့မြေ ပေါ်မှာ လူမျိုးလိမ်တို့ရဲ့ ပါလီဖိတ်ကြီးနဲ့ တိုက်ဖူးတဲ့ရာဇဝင်မရှိဘူး။ အတင်းကြီးတောင်းဆိုနေ တာ ရှက်စရာကောင်းပါတယ်။
– အခု အဲဒီကိစ္စကိုရှေ့ထုတ်ပြီးပဲ မလေးရှားဝန်ကြီးချုပ်က သမ္မတကြီးကို ဖိတ်ပါတယ်။ အခြားရည်ရွယ်ချက်တွေရှိမယ်လို့ပဲ မြင်ပါတယ်။
ဒီနေရာမှာ တစ်ခုသတိပေးလိုတာက ထိုင်းတောင်ပိုင်းလှုပ်ရှားမှုတွေနဲ့ တစ်ပြိုင်နက် ကျွန်တော်တို့ မြန်မာနိုင်ငံက အချို့သော သွေးထိုးလှုပ်ရှားမှုတွေကိုလည်း အသိတရား သတိထားလို့ ဂရုတစိုက်ကာကွယ်ကြရမှာဖြစ်ကြောင်း မေတ္တာဖြင့်သတိပေးလိုပါတယ်။ အခု ချိန်မှာ ပိုသတိထားရမှာပါ။
မည်သို့ပင်ဆိုစေကာမူ သံတမန်ရေးဆိုတာကလည်း ဉာဏ်ချင်းယှဉ်ရတဲ့ စစ်ပွဲမို့ အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းများ တောင်းအပ်ပါတယ်။
သန့်နေစိုး
(19. Sept. 2026)
