Month: July 2025

သုံးကွက်ထက်မပိုတဲ့တော်လှန်ရေး

သံခင်းတမန်ခင်းမှာ လက်သွက်လာတဲ့ နစကဟာ ရွေးကောက်ပွဲနီးလာတာနဲ့အမျှ တဖြည်းဖြည်းချင်း လက်ရည်တက်လာတာကို တွေ့နေရပါတယ်။ ပြည်ပြေးတို့ရဲ့ နိုင်ငံခြားရေးဝန်ကြီးဆို သူပြောနေတဲ့ Federalism နဲ့ Game Theory ဗီဒီယိုလေးကို ကျွန်တော် အမှတ်မထင်ကြည့်လိုက်မိတယ်။ အတော်ဝမ်းနည်းသွားပါတယ်။ ဒီလိုလူတွေအတွက်နဲ့များ လူငယ်တွေ ထောင်ပေါင်းများစွာ အသက်ပေးခဲ့ရသလား။ တကယ်ကို နိုင်ငံသားချင်းစာနာစွာဖြင့် အကြံပေးပါရစေ… အာဏာယူဖို့မပြောနဲ့ ပါးစပ်နဲ့ရွတ်ပြရတဲ့သီအိုရီ တောင် မကျေညက်တဲ့လူတွေအတွက် အသေမခံကြပါနဲ့တော့။…

သင်ခန်းစာယူစရာ ဖက်ဒရယ်ဒေဝေါကြီးပြဿနာ

အောင်နိုင်သူ(ဇွဲကပင်) ကျွန်တော်တို့ငယ်ငယ်က ဖက်ဒရယ်ကို ခွဲထွက်ခွင့်ဆိုတဲ့အသိနဲ့ ကြီးပြင်းလာခဲ့ရတယ်။ ကျွန်တော် တို့လို အသက် ၄၀ ဝန်းကျင်းလောက်တော့ မဆိုနဲ့ဦး။ ဒီအချိန် အသက် ၆၀ ဝန်းကျင် အရွယ်တွေလည်း သူတို့ငယ်ငယ်က ဖက်ဒရယ်ဟာ ခွဲထွက်ခွင့်ဆိုတဲ့အသိနဲ့ ဖြတ်သန်းရတဲ့အကြောင်း ရေးကြတာ ဖတ်ဖူးသလို ပြောတဲ့သူတွေကိုလည်း တွေ့ဖူးပါတယ်။ အဝေးသင်တက္ကသိုလ်တတ်တဲ့အထိ ဖက်ဒရယ်ဟာ ခွဲထွက်ခွင့်ပဲ ထင်ခဲ့သေးတယ်။ နောက်မှ စာအုပ်တွေ…