Category: Local News

ချစ်ကြည်မှုကို ဗဟိုပြု၍…

လတ်တလောမှာ ကျွန်တော်တို့ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရဲ့ အိန္ဒိယနိုင်ငံ ခရီးစဉ်ရှိနေပါတယ်။ ဒီခရီးစဉ်မတိုင်ခင်မှာပဲ အကြမ်းဖက် ပြည်ပြေးတွေက နိုင်ငံတော်သမ္မတရဲ့ တရားဝင်ခရီးစဉ်ကို ကန့်ကွက်ခဲ့ကြသလို အိန္ဒိယဘက်ကလည်း ဆန္ဒပြသူတွေကို ဖမ်းဆီး အရေးယူပေးခဲ့တာတွေရှိတယ်။ Conspiracy Theory လို့ပဲ ဆိုဆိုပါ။ အမေရိကန်အနေနဲ့ အိန္ဒိယကို ခွဲထုတ်ပြီး “ခရစ်ယာန်နိုင်ငံသစ်” တစ်ခုပေါ်ထွန်းလာရေး ကြိုးပမ်းနိုင်တယ်၊ အဲဒီလို ဖန်တီးဖို့ ဘင်္ဂလားဒေ့ရှ်မှာ ခြေကုပ်ယူဖို့ကြိုးစားရင်း…