Category: Local News

နိုင်ငံတော်သမ္မတ၏ အိန္ဒိယခရီးစဉ်နှင့် မြန်မာ့အနာဂတ် အလားအလာ

အောင်နိုင်သူ(ဇွဲကပင်) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတဦးမင်းအောင်လှိုင်ကို အိန္ဒိယဝန်ကြီးချုပ် ရှရီနာရန်ဒရာမိုဒီက ဖိတ်ကြားခဲ့သဖြင့် အိန္ဒိယသမ္မတနိုင်ငံသို့ မကြာမီသွားရောက် တော့မည်ဖြစ်ကြောင်း မေလ ၂၉ ရက်က နိုင်ငံပိုင်သတင်းစာများက ထုတ်ပြန်ကြေညာခဲ့ပါသည်။ အစိုးရသစ်လက်ထက် ပထမဆုံးပြည်ပနိုင်ငံရေးခရီးစဉ်ဖြစ်၍ လွန်စွာမင်္ဂလာရှိသောသတင်းဟု ဆိုရမည် ဖြစ်ပါသည်။ မြန်မာအစိုးရသစ်လက်ထက်တွင် သမ္မတဦးမင်းအောင်လှိုင် ပထမဆုံးနိုင်ငံခြားခရီးစဉ်က တရုတ်နိုင်ငံဖြစ်လိမ့်မည်ဟု နိုင်ငံရေးပညာရှင်အများစု ခန့်မှန်းတွက်ချက်ထားကြသော်လည်း လက်တွေ့တွင်မူ အိန္ဒိယနိုင်ငံဖြစ်လာခြင်းကြောင့် တစ်ကမ္ဘာလုံးအံ့အားသင့်ခဲ့ကြရသည်။ တရုတ်နိုင်ငံထက် အိန္ဒိယက…