လမ်းမတော် မောင်ရိုး

လမ်းမတော်မောင်ရိုးက နိုင်ငံရေးပညာရှင်မဟုတ်တာ သေချာပေမယ့် စေတနာရှင်ဖြစ်တာကတော့အမှန်၊ အသေ အချာစစ်ကာဝေဖန်ကြည့်တော့ မျက်စိသူငယ် နားသူငယ် လည်လည်ဝယ်ဝယ် မဟုတ်ပေမယ့် ကိုယ့်ပြည်အတွက်ကွဲ့ဆိုပြီး စိတ်ဝင်စားရုံ အမှန်အကန်။ အကြံအဖန်လားလားမှ မဟုတ်ပါဘူး။

ဒီလို ဒီလို ခုအဖြစ်အပျက် အာဆီယံနဲ့ မြန်မာအတွက်လေ၊ အကွက်တွေက ဆန်း အကြံအဖန် လမ်းခင်းတဲ့အဖွဲ့နဲ့ အမှန်အကန်လမ်းလျောက် ကိုယ့်ပြည်အကျိုးရောက်အောင်လုပ်နေတဲ့ နိုင်ငံလို့ပဲ မြင်ပါရစေ။ ဝါးလုံးခေါင်းထဲ လသာတယ်လို့ပြောရင်တော့ လငပုပ် ဖမ်းခံနေရတယ်လို့ ပြန်ပြောရင် စိတ်မဆိုးကြေး။

ဘာတဲ့ ဘာ တဲ့။ TRACK 1 တဲ့၊ TRACK 2 တဲ့၊ TRACK 3 တဲ့၊ ဒါပဲတင်ထင်တာ ဘာမဟုတ်၊ ဟဲ့ပလုတ်တုပ် TRACK 2.5 ဆိုတာက ပါသေး။ လျှာအရိုးမရှိ လျှောက်ပြောပြောနေကြတာ မဟုတ်လောက်ပေမယ့် မြန်မာ အာဆီယံအရေး ခရီးမပေါက် သေးတာကတော့လည်း အမှန်အကန်။ ဘာမှဝေဖန်မနေကြနဲ့။ ခရီးမပေါက်တာမပြောနဲ့ 5 POINTS CONSENSUS ဆိုတာကြီးက CON သန္ဓေမမှန် အကြံအဖန်ကြီးကိုး။ နားလှည့် ပါးရိုက်ဖို့လာလုပ်တော့ နားကိုက်ပြီး ပါးပြန်ကိုက်ခံရတာ ခံပေရော့ပေါ့။ အာဆီယံရယ်၊ အာဆီယံ အသင်းဆိုတာကြီးကို ပြောတာနော်။ တစ်နိုင်ငံချင်းကို ဆိုလိုတာမဟုတ်ဘူး။ ဖားနဲ့ငါးက ကွဲပြီးသား။ အမြီးပါတာနဲ့ မပါတာ။ ဘယ့်နှယ်ဗျာ အရပ်ရပ်ကကြားလို့မတော် နောက်ကွယ်မှ ထအော်ရတဲ့ အကြံအဖန် CONSENSUS ကြီး မြန်မာက အထင်ကြီးစရာလားလို့။ ရယ်လိုက်ရတာ ဖတ်ဖတ်မော ရင်ဘတ် နောက်က ကျော။

မသိတာမှတ်လို့ သိတာကို အမှတ်တို့ ခံရမှာစိုးလို့ လှုပ်လှုပ်ရှားရှားတွေလေ စေ့စေ့တွေးစရာမလိုဘူး ဘွားဘွားကြီးကို ပေါ်လာတာ BILATERAL အရေးတွေလေ။ ဟောတစ်ခု၊ ဟောတစ်ခု၊ ဟောတစ်ခု။ ပြောစရာ စကားစုတောင် မရှိတော့ဘူး။ အလျိုအလျို ပေါ်လာတာ နားကိုက် ပါးရိုက်ခံရတဲ့ ဝေဒနာနောက် ဆက်တွဲတွေပေါ့။ မှတ်ပြီလား။ အကြံအဖန်အဖွဲ့ကြီးရေ့။ အဖွဲ့ကြီးကို ပြောတာနော်။ ဒါတောင် နောင်တမရ ကျောချမှ ဓားပြမှန်းသိတဲ့အချိန် အဖွဲ့ကြီးလည်း ပိန်လိမ်နေလောက်မှာနော် ကြို သတိပေးထားတာ ရွှေမြန်မာက ရွှေမြန်မာက။

အနောက်က အရိပ်သဏ္ဌာန် အခြေအနေမဟန်လို့ အကြံအဖန် CONSENSUS အဟုတ်ဟန်ဆောင် သံယောင်လိုက် ဟောင်ရပေမယ့် ကိုယ့်ဝမ်းနာ ကိုယ်သာ သိကြတယ်လေ။ လည်း ာ အကြံအဖန် CONSENSUS ကတစ်ပိုင်း BILATERAL ဆိုတာက တစ်ပိုင်းဆိုတာကို။ နိဂုံးအဆုံးသတ် NATIONAL INTEREST ဆိုတဲ့ အမျိုးသားအကျိုးစီးပွားက သတ်မှတ်ပြီးသားကလား။ CONSENSUS ဆိုတာကြီးက စားမရ NATIONAL INTEREST ဆိုတာကမှ ဝါးရမှာလေ။ သဘောပေါက် သဘောပေါက်။ ဒီတော့လာပြီပေါ့ BILATERAL ဆိုတာတွေ။ ရွှေတွေ BILATERALမှ လာမပြောနဲ့နော် ASEAN PLUS IDEA တွေ ကိုလည်း 3 PLUS ONE, PLUS TWO, PLUS THREE WIN  ပြီးကို မပြီးတော့ ဘူးနော်၊ ဒီ ချိန်က ရွှေတွေက ဘာမှပြောခဲ့တာမဟုတ်ဘူး။ ရွှေတွေရဲ့ BILATERAL ကျမှ လာမဟကြနဲ့၊ နားကိုက် ပါးရိုက်တာထက်ဆိုးသွားမယ် သိတယ်ဟုတ်၊ ဟရင် ဘာရ မယ်ဆိုတာကို။

ပုဒ်စာတစ်ပုဒ် အဖြေထုတ်ဖို့ဆိုတာက သီအိုရီအလုပ်လို့ချည်းထင်နေရင် မှားမှာပေါ့ အသင်းကြီးရယ်၊ သီအိုရီမဟုတ်တော့ရင် အရှုပ်ထုတ်အဖြစ်ခံမလား အမြတ်လုပ်ပြီး သီအိုရီဖြုတ်မလား စဉ်းစားစမ်းပါ။ ပြောတော့ WIN -WIN လုပ်တော့ WIN – LOSE တဖက်သတ်ပဟေဠိ အဖြေညှိလို့ ရရိုးလားလို့၊ နားကိုက်ပါးရိုက်ခံရမှ အဖြေမဟန် ပြန်ပြင်ရန်ဆိုရင်တော့ နောက်ကျမယ်နော်၊ သတိပေးတာရယ်ပါ။ ရွှေမှာတော့ ကိုယ့်ဟန်၊ ကိုယ့်ပန် နန်းဆန်ဆန်ရှိပြီးသား TRACK 1,2,3, 2.5 မဟုတ်တာတော့ သေချာတယ်။ မျှော်မနေနဲ့ ဆုတောင်း ဆုတောင်း။ နန်းဆန်တဲ့

မြန်မာ့နည်း အမြည်းလေးဖြစ်ဖြစ် မြည်းလိုက်စမ်းပါ၊ နောင်တမရစေရပါဘူး အသင်းကြီးရယ်။ BILATERAL အမြည်း အသင်းကြီးလည်း ရစေချင်လွန်းလို့။ PLUS ရသတွေထက် သာကို သာစေရ ပါ့မယ်။ ဒေသတွင်းအချင်းချင်း မတော်လည်းမရတဲ့ ရေမြေချင်းဆက် ဒေသကြီးအတွက် အမြတ်ထွက်စေရပါမယ်။ မြေမဆက် ရေခြား အနောက်အားတွေ သိပ်အလေးထားမနေပါနဲ့။ ပြောတော့ REGIONAL COOPERATION & REGIONAL DEVELOPMENT ဆို လက်တွေ့ ဆန်ဆန် ရွှေတွေကို ရံပေးလိုက်စမ်းပါ၊ မရံလည်း မြန်မာ့နည်း မြန်မာ့ဟန် နန်းဆန်ဆန်တွေကို သိတယ်နော်။ အသင်းကြီးက WIN -LOSE မြင်ခြင်ပေမယ့် ရွှေကတော့ WIN-WINကို ဆင်ခြင်နေဆဲပါ။

ရွှေမြန်မာဆိုတာက 5 POINTS CONSENSUS ကို အကြံအဖန်လုပ် ဟန်ထုတ်တဲ့ နောက်ပေါက်နေကြာ FOUNDER တွေမပေါ်ခင်မှာ ကတည်းက “THE 5 PRINCIPLES OF PANCHSHEEL” လို့ခေါ်တဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်းရေး မူကြီး ငါးချက် FOUNDER ဆိုတာ မမေ့စေချင်ပါဘူး၊ 5 POINTS FOUNDER တွေထက် ဆယ်စုနှစ်များစွာ စောထူထောင်ခဲ့တာ ဖြစ်ပြီး ခုထိလည်း လက်ကိုင်ထားနေတဲ့ FOUNDER နိုင်ငံဆိုတာ ရွှေမြန်မာဆိုနားလည်ရင်တော့ နောက်တစ်ခါ နားကိုက် ပါးရိုက်မခံရခင် အချိုးပြောင်းကြပါလို့ တိုက်တွန်းလိုက်ပါတယ်။ မြန်မာ TRACK ဘယ်လောက်ဖြစ်မလဲတော့ မပြောတတ်သေးပါဘူး။

Bullet News Journal အတွဲ (၈) ၊ အမှတ် (၂၄), 13-8-2026