တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယအစည်းအဝေး ၃၀ ရက်မြောက်နေ့ဟာ ၃၀-၇-၂၀၂၆ ရက်နေ့မှာ ပြီးခဲ့ပြီး နောက်တစ်ရက်ဖြစ်တဲ့ ၃၁-၇-၂၀၂၆ ရက်နေ့မှာပဲ ပြည်ထောင်စုလွှတ်တော် ကျင်းပခဲ့ပြီး နိုင်ငံတော်သမ္မတက ရက် ၁၀၀ စီမံချက်ကာလအတွင်းမှာ ၀န်ကြီးဌာနတွေရဲ့ ဆောင်ရွက်ခဲ့မှုအားလုံးကို ပါဝါပွိုင့် နဲ့တကွ နှစ်နာရီကျော်ကြာ မတ်တတ်ရပ်ပြီး အသေးစိတ်ပြော ကြားခဲ့ပါတယ်။ နောက်လုပ်ငန်းစဉ်တွေကိုလည်း တွန်းအားပေးခဲ့ပါတယ်။

တတိယအကြိမ် ပြည်သူ့လွှတ်တော်နဲ့ ပြည်ထောင်စုလွှတ်တော် ပထမပုံမှန်အစည်းအဝေးတွေမှာ နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတတွေ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌ၊ ၀န်ကြီးဌာနတွေမှ ၀န်ကြီးတွေ၊ ကော်မရှင်တွေ ဖွဲ့စည်းနိုင်ခဲ့ပြီး ကတိသစ္စာပြုခြင်းနဲ့ပဲ အောင်မြင်စွာ ပြီးမြောက်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

လွှတ်တော်အသီးဦးရဲ့ ကိုယ်စားလှယ်တွေအနေနဲ့ မည်သည့်မေးခွန်းမှ မေးခြင်းမရှိခဲ့ပါဘူး။

ဆောင်းပါးရေးရတဲ့ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့နိုင်ငံမှာ သူများလုပ်တာတွေကို ဘ၀င်မကျနိုင်ဘဲ ဟိုလိုလုပ် လိုက်ပါလား၊ ဒီလိုလုပ်လိုက်ပါလား၊ မလုပ်ရဲကြဘူးလား၊ ငါတော့ မလုပ်ဘူး၊ မလုပ်ချင်သေးဘူး၊ မလုပ်ချင်ဘူး၊ အိမ်ကဇနီးနဲ့ တိုင်ပင်ရဦးမယ်၊ မယားငယ်က ခွင့်ပြုမှာမဟုတ်ဘူးဆိုတဲ့ ပြောကျင့်ဆိုကျင့်ပါနေတဲ့ ပုဂ္ဂိုလ်တွေ တော်တော်များများ ရှိနေတတ်ပါတယ်။ ရှိလည်းရှိနေပြီဖြစ်ပါတယ်။ အကောင်းကိုရွေးပြီး မကြည့်တတ်တဲ့ သဘောတွေပါ။

သိပ်ပေးပေးလှမ်းကြည့်စရာ မလိုပါဘူး။ ဘောလုံးဝါသနာ အိုးတွေကိုကြည့်တတ်ရင်ပဲ သိရမှာပါ။ ဘောလုံးလည်း မကစား တတ်ဘူး။ ဘောလုံးကွင်းတစ်ကွင်းရဲ့ အလျားအနံ၊ ဂိုးတိုင်တစ်ခုရဲ့ အမြင့်နဲ့ အကျယ်အကွာအဝေးတွေကိုတောင် တိတိကျကျမသိဘဲ ဘောလုံးကို ခြေထောက်နဲ့တောင် မထိဘူးပဲနဲ့ ပရီးမီးယားလိဂ်အပါအ၀င် အနောက်ကမ္ဘာက ဘောလုံးပွဲတွေကို၊ ဘောလုံးကစားသမားတွေကို ပျစ်ပျစ်နှစ်နှစ် နှစ်ပြားမတန်အောင် ၀ဖန်နိုင်စွမ်းရှိတဲ့ ပုဂ္ဂိုလ်တွေ ကျွန်တော်တို့မြန်မာပြည်မှာ တော် တော်များများရှိနေပါတယ်။ အဲဒီဘောလုံးပွဲနဲ့ ကစားသမားတွေ ကို ဝေဖန်နေသူတွေဟာ ဘယ်လောက်ကျွမ်းကျင်သလဲဆိုရင် ဆာအဲလက်ဖာဂူဆန်တို့၊ အာဆင်၀င်းဂါးတို့၊ ဂျာဂင်ကလော့တို့၊ ပက်ဂွာဒီယိုလာတို့၊ မော်ရင်ညိုတို့၊ မိုက်ကယ်ကားရစ်တို့ထက် ကို ပိုတော်သလိုပါပဲ။ ဝေဖန်တဲ့နေရာမှာ ပြောတာပါ။

အိမ်မှာသာ စားစရာဆန်မရှိရင်နေပါစေ လက်ဖက်ရည်ဆိုင်မှာ ထိုင်ခုံတစ်လုံးရဖို့၊ လက်ဖက်ရည်တစ်ခွက် ၂၅၀ဝိ/၊ ၃၀၀ဝိ/ ကျပ်ပေးမှာသောက်ပြီး ဘောလုံးပွဲကြည့်ကာ ဝေဖန်တတ်တဲ့၊ ဆဲရေးတိုင်းထွာတတ်တဲ့၊ မိမိကြိုက်တဲ့အသင်း ဂိုးမ၀င်ရင် ‘ဒီလောက်ညံ့ရသလား’ဆိုပြီး မအေနှမနဲ့ ကိုင်တုတ်တတ်တဲ့ ၀ဖန်ရေးသမားတွေ အလွန်များတဲ့နိုင်ငံပါ။ ဘောလုံးပွဲထက် အဆင့်မြင့်တဲ့ ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေဖြစ်တဲ့ ဒေါ်နယ်ထရန့်တို့၊ ဗလာဒီမာပူတင်တို့၊ ရှီကျင်းပင်တို့၊ မိုဒီတို့ကိုတောင် နှစ်ပြားတန်အောင် ဆဲရေးတိုင်းထွာ အပုပ်ချတတ်တဲ့နိုင်ငံပါ။ အမှန်တရားအတိုင်းမဟုတ်ဘဲ မိမိလိုရာဆွဲတွေးပြီး ပြစ်တင်ဝေဖန် တတ်တဲ့အကျင့်ဟာ မီဒီယာလောကမျိုးစုံကနေ ကူးစက်ရောဂါတစ်ခုကို ကူးစက်လာပြီး နောက်ဆုံးဒလန်သစ္စာဖောက်စွပ်စွဲ လူသတ်တဲ့ဆီမှာ အဆုံးသတ်နေပါတော့တယ်။

ဝေဖန်စရာရှိမှ တိုးတက်တယ်၊ အပြန်အလှန်ထိန်းညှိပေးရမယ်၊ အတိုက်အခံဆိုတာ လိုအပ်တယ်ဆိုတာ လက်ခံရမယ့် အချက်တွေပါ။ လူဆိုတာ ၀ဖန်ပိုင်းခြားတတ်တဲ့ သတ္တဝါပါ။ မိမိကိုယ်မိမိ ဝေဖန်ရေးနဲ့ သူတစ်ပါး (အဖွဲ့ အစည်းတစ်ခု၊ အစိုးရတစ်ရပ်၊ ပါတီတစ်ခု) ကို ၀ဖန်ရေးဆိုတာ ရှိနိုင်ပါတယ်။ ကိုယ့်အိမ်က တစ်ဦးတည်းသောသား မူးယစ်ဆေးစွဲနေတာ၊ သက်ကြီးမိဘတွေကို မကူညီဘဲ အမေဆီက ပိုက်ဆံကို လက်ဝါးဖြန့်တောင်းခံပြီး ညည နိုက်ကလပ်တက်နေတဲ့သားကိုတောင် နိုင်နင်းအောင် မဆုံးမနိုင်ဘဲ၊ တိုင်းပြည်ခေါင်းဆောင် တွေကို ဟိုဟာမလုပ်တတ် ဘူလား၊ ဒီလိုလုပ်လိုက်ပါလားဆိုတဲ့ စစ်ဘက်၊ နယ်ဘက်(အရပ်ဘက်) အရာရှိကြီး (အငြိမ်းစား)တွေကိုလည်း လက်တွေ့မျက်မြင်တွေ့ဖူးပါတယ်။

လွှတ်တော်တွေရဲ့ အခြေအနေကို ပြောရမယ်ဆိုရင်ကျ တတိယအကြိမ် လွှတ်တော်တွေရဲ့ လုပ်ငန်းဟာ စာစီစာကုံးတစ်ပုဒ်နဲ့ နှိုင်းရင် နိဒါန်းပဲရှိပါသေးတယ်။ ၂၀၁၅ ခုနှစ်ကတည်းက ‘ဒေါ်လာကို ပြည်တွင်းမှာပဲ ရိုက်နှိပ်ထုတ်ဝေပါတယ်။ ပင်လယ်ကို ရေငန်ပိုင်ဦးရှင်ကြီး ပိုင်ပါတယ်’ဆိုတဲ့ ခေတ်ကတည်းက အကျင့်စာရိတ္တပိုင်းဆိုင်ရာ၊ နိုင်ငံရေးအတွေးအခေါ်ပိုင်း ဆိုင်ရာ၊ ဘာသာရေးအမြင်ပိုင်းဆိုင်ရာ၊ လူ့ကျင့်၀တ်သိက္ခာပိုင်းဆိုင်ရာတွေမှာ တစ်စတစ်စ ယိုယွင်းလာတဲ့ အခြေအနေတွေကို နိဒါန်းပိုင်းလောက်နဲ့ ပြင်လို့ရနိုင်ပါ့မလား။ နိဒါန်းပိုင်းကို ကျော်ပြီး လက်ရှိလွှတ်တော်ငါးနှစ်သက်တမ်းကာလ စာကိုယ်နဲ့ နိဂုံးပိုင်းပြီးသည်အထိ ပြင်လို့ မပြည့်စုံနိုင်သေးပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့သလို သူများတစ်လှမ်းလှမ်းရင် လေး၊ ငါး လှမ်းလှမ်းမှ ဆိုတာတောင် မမီနိုင်တော့အခြေအနေပါ။ အပြေးတက်ရပါလိမ့်မယ်။

ကျွန်တော်တို့ဆိုတဲ့ အမျိုးတွေက ကိုယ်ကြိုက်နှစ်သက်ချစ်မြတ်နိုးလို့ မိဘဆွေမျိုးမိတ်ဆွေ အစုံအလင်ရှေ့ ဟိုတယ်ခန်းမကြီးမှာ ခမ်းနားကြီးကျယ်စွာ တရား၀င်လက်ထပ်ယူခဲ့တဲ့ ဇနီး မယားကိုတောင်မှ ကြာလာရင် နှာခေါင်းက ပြားသလေး၊ ဖင်က ပြားသလေး၊ ဓါးက တုတ်သလေး၊ နဖူးက မောက်သလေး

မိမိကြိုက်နှစ်သက်လို့ မဲပေးရွေးချယ်ခဲ့ကြတဲ့ လွှတ်တော်ကိုယ်စားလှယ် (အမတ်)တွေကိုလည်း ဗဟုသုတမပြည့်၀ကြဘူး။ မတင်ပြတတ်ကြဘူး။ ပြည်သူထဲမဆင်းကြဘူး။ ပြည်သူ့ အခက်အခဲကို မသိကြဘူး။ ကုန်ဈေးနှုန်းတွေ ကြီးနေတာကို မသိကြဘူးလား။ ခိုးဆိုးနှိုက်တွေ များနေတာ မသိကြဘူးလား။ “စစ်မှုထမ်းဖို့ အတင်းအဓမ္မ လူသစ်စုဆောင်းနေတာတွေ မသိကြဘူးလား။  ယာဉ်ထိန်းရဲတွေ ပေါ်ပေါ်တင်တင်ရော၊ လူငှားပြီးရော ငွေဝေငွေတောင်းနေတာတွေ မသိကြဘူးလား။ ဌာနဆိုင်ရာ ၀န်ထမ်းတွေ အကြောင်းအမျိုးမျိုးပြပြီး လာဘ်စားနေတာတွေ  မသိကြဘူးလား။ လျှပ်စစ်မီး မမှန်တာ၊ မီးအားမပြည့်တာ၊ လျှပ်စစ်၀န်ထမ်းတွေ အကြံအဖန် လုပ်နေတာတွေ မသိကြဘူးလား။ ကျောင်းဆရာ၊ ဆရာမတွေ ဆရာမတွေ နေစရာအိမ် အဆင်မပြေတာတွေ သွားရလာရလာရ အခက်အခဲတွေ မသိကြဘူးလား ပိုက်ဆံတွေ တောင်းနေတာတွေ မသိကြဘူးလား စတဲ့ ‘ဘူးလား’ မျိုးစုံနဲ့ တွန်းအားပေးနေကြောင်းလည်း မီဒီယာအမျိုးမျိုးမှာ မြင်တွေ့နေရပါတယ်။

သိကြပါတယ်လို့ ဆိုချင်ပါတယ်။ သိကြပါလိမ့်မယ်။ အမတ်တစ်ယောက်မသိလည်း အခြားအမတ်တစ်ယောက် ယောက်က သို့မဟုတ် အခြားအခြားသော အမတ်များစွာတို့က သိကြပါလိမ့်မယ်။ အချို့အချို့သော ကိစ္စတွေကို တင်ပြနေတာ တွေလည်း ကြည့်ကြ၊ သိကြစေချင်ပါတယ်။ မီးပွိုင့်ပြဿနာတွေ၊ အသံချဲ့စက်ဥပဒေတွေကို နားထောင်ရင် သိနိုင်ပါတယ်။

ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်ထဲမှာ ပါမောက္ခချုပ် အငြိမ်းစားတွေ၊ ၀န်ကြီးနဲ့ ဒုတိယ၀န်ကြီး အငြိမ်းစားတွေ၊ တိုင်းဒေသကြီး၊ ပြည်နယ်၀န်ကြီးချုပ်အငြိမ်းစားတွေ၊ ကစထမှူး (ဒုတိယဗိုလ်ချုပ်ကြီး) အငြိမ်းစားတွေ၊ ဆရာ၀န်ဒေါက်တာဘွဲ့၊ ပညာရပ်ဆိုင်ရာ Phd ဘွဲ့၊ ဥပဒေဆိုင်ရာ Phd ဘွဲ့ မှသည် ရှေ့နေကြီးတွေအထိ ပါ၀င်ကြပါတယ်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေထဲမှာလည်း နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် အဆင့်အထိ တက်ရောက်အောင်မြင်ပြီးသား ဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ်တွေ၊ ဗိုလ်မှူးကြီး အတွ၊ စစ်ဦးစီးတက္ကသိုလ်တက်ရောက်အောင်မြင်ပြီး ဒုတိယဗိုလ်မှူးကြီးတွေ၊ DSMA၊ DSTA ကျောင်းဆင်း ဆရာ၀န်၊ အင်ဂျင် ဒီယာတွေ၊ Phd ဘွဲ့ ရ အရာရှိတွေမှသည် အမျိုးသမီးဘွဲ့ရအရာရှိ တွေအထိ ပါပါတယ်။

ဝေဖန်နေသူတွေကို တင်ပြ၊ ရေးပြလိုတာက ချောတိုင်တစ်ခု ထိပ်ဖျားက အောင်လံကို ဆွတ်ခူးယူနိုင်ဖို့ အောက်ဆုံးက တစ်ယောက်တည်းနဲ့ တောင့်ခံလို့မရပါဘူး။ တိုင်ကို ဖက်ထားမယ့် အတောင့်တင်းဆုံး ခံနိုင်ရည်ရှိသူ လေး၊ ငါးယောက်လောက် တောင့်ခံထားရပါတယ်။ မြတ်ဗုဒ္ဓဟောကြားခဲ့တဲ့၊ မြတ်ဗုဒ္ဓတရားကျင့်ရာမှာ ရောင်ခြည်တော်ခြောက်သွယ် ဖြာထွက်ခဲ့တဲ့ ပဋ္ဌာန်းဒေသနာတော်ကြီး၊ ဆင်ခြင်သုံးသပ်ရာမှာ ပဋ္ဌာန်းတရားရဲ့အစဟာ ဟေတုပစ္စယော ဖြစ်ပါတယ်။ ဟေတုပစ္စယောတိဆိုတာ အခြေအမြစ်အကြောင်းတရားပါ။

ဟေတုပစ္စယောတိ = ဟေတုပစ္စည်းဟူသည်ကား

ဟေတူ = အခြေအမြစ်တရားတို့၏

ဟေတုသမ္ပယုတ္တကာနံ ဓမ္မာနံ = မိမိတို့နှင့်ယှဉ်ကုန်သော `တရားတို့အားလည်းကောင်း၊ ‘

တံသမုဋ္ဌာနာနဉ္စရူပါနံ = မိမိတို့ကြောင့်ဖြစ်ကုန်သော ရုပ် များတို့အားလည်းကောင်း၊

ဟေတုပစ္စယော = ‘အခြေအမြစ်သတ္တိဖြင့် ကျေးဇူးပြုရာ၏’ လို့ ဟောထားပါတယ်။ ဒါက ဘာသာရေးနဲ့ပတ်သက်လို့ပါ။ နိုင်ငံရေးအရဆိုပါက အစိုးရ၊ လွှတ်တော်၊ ပြည်သူနဲ့ တပ်မတော်သားတွေ ညီညီညွတ်ညွတ်ရှိရပါလိမ့်မယ်။ တိုင်းပြည်တိုးတက်ဖို့၊ ´အမြစ်တွေအားကောင်းဖို့ လိုပါမယ်။

ဇာတ်သဘင်လောကနဲ့ပတ်သက်လို့ နှိုင်းရရင် လွှတ်တော်တွေရဲ့ ယခုဆောင်ရွက်ဆဲကာလဟာ ဇာတ်စင်ရဲ့ ကတ္တီပါကန့်လန့်ကာကြီးရှေ့မှာ ၀န်နှစ်ပါး မြို့တည်၊ နန်းတည်ရုံလောက်ပဲ ရှိပါသေးတယ်။ လက်ရှိ နိုင်ငံတော်သမ္မတအနေနဲ့လည်း သူ့ကို ခန့်အပ်ပေးတဲ့ လွှတ်တော်ရဲ့အားကို ရယူပြီး အိန္ဒိယ၊ တရုတ်၊ လာအို၊ ထိုင်း၊ ရုရှား၊ ဘီလာရုစ်နိုင်ငံတွေ သွားရောက်ကာ ချစ်ကြည်ရင်းနှီးရေး၊ နည်းပညာကူညီပေးရေး၊ စီးပွားရေးကိစ္စရပ်တွေ ပူးပေါင်းဆောင်ရွက်ရေး၊ ယဉ်ကျေးမှုတွေဖလှယ်ရေး စတဲ့သံတမန်ရေးရာကိစ္စရပ်တွေ ဆောင်ရွက်နေပါတယ်။ ဆက်လက်ပြီးလည်း ဆောင်ရွက်ဖို့ အစီအမံတွေ၊ ခရီးစဉ်တွေလည်း ရှိတယ်လို့ ကြားမိနေပါတယ်။

ဆက်ပြောပြလိုတာက ရွေးတုလွှတ်တော်ဆိုပြီး ပြည်ဖျက် မီဒီယာပေါင်းစုံက မိုးဦးကျကာလ ဖားပေါင်းစုံအော်သလို အော်နေကြတာလည်း ကြားကြမယ်ထင်ပါတယ်။ ရွေးချယ်ပွဲမှာ ပြည် သူတွေကိုယ်တိုင် သဘောကျကျေနပ်လို့ မဲပေးစက်နဲ့ မဲပေးရွေးချယ်ခဲ့ကြတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေဖြစ်လို့ မဲခိုးထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ မဟုတ်သလို၊ အရွေးချယ်ခံပုဂ္ဂိုလ်တွေနဲ့ ရွေးဖွဲ့ထားတဲ့အတွက် လွှတ်တော်အတုလည်း မဟုတ်ပါဘူး။ လွှတ်တော်ထဲမှာ အရွေးချယ်ခံ တိုင်းရင်းသား၊ တိုင်းရင်းသူတွေ တိုင်းရင်းသား၀တ်စုံတွေ၀တ်ပြီး ဣန္ဒြေရရ မိန့်မိန့်ကြီးထိုင်နေကြပါပြီ။

NLD PDF တွေနဲ့ ပြည်ဖျက်မီဒီယာတွေကလွဲရင် တိုင်း ပြည်ကောင်းစားတာ၊ ပြည်သူစိတ်ချမ်းမြေ့ စေချင်တာ မြင်ချင်သူ ၈၅၊ ၉၀ ရာခိုင်နှုန်းနဲ့ အထက်မှာ ရှိပါလိမ့်မယ်။ မနိုင်နိုင်တဲ့ တိုက်ပွဲ ကို လက်နက်ကိုင်ရတဲ့ အရသာတွေ့ပြီး ခွက်ခေါက်၊ ဆက်ကြေးကောက်၊ လူသတ်၊ မုဒိမ်းကျင့်ကာ ဘ၀င်မြင့်နေဆဲ NUG, PDF တွေနဲ့ ဘုရင်ရူး၊ ၀မ်ပေါင်နိုင်ငံရူးတွေကိုတော့ မဆိုလိုချင်ပါဘူး။

ဂေဖန်တာတွေကို လက်မခံနိုင်လို့ ရေးနေတာမဟုတ်ပါ ဘူး။ ကျွန်တော်ကိုယ်တိုင်လည်း HOT NEWS မှာ ဝေဖန်ရေး ဆောင်းပါးတွေ ရေးခဲ့ဖူးပါတယ်။ ခုဟာက ဘောလုံးကစားဖို့ ကွင်းထဲ၀င်လာစဉ် ဒိုင်ကကန်မယ့်ဘောလုံးကို ကောက်ကိုင်ရုံပဲရှိသေးတယ်။ လူထုတ်ပုံ မှားတယ်တို့၊ ကန်တတ်မှာလည်းမဟုတ်ပါဘူးတို့ဆိုလာတော့ ‘တော်တော်များသွားပြီ’လို့ ပြောရ မှာပါပဲ။

လွှတ်တော်ကိုယ်စားလှယ်တွေထဲမှာ ဒီကနေ့ နိုင်ငံရေးအခြေအနေအရနဲ့ လုံခြုံရေးအရ လမ်းခရီးအခြေအနေအရပ်ရပ်တွေကြောင့် အသက်စွန့်ပြီး အရွေးခံခဲ့ရတဲ့ ပုဂ္ဂိုလ်တွေရှိသလို လွှတ်တော်ခေတ္တရပ်နားချိန်မှာ မိမိမြို့ ရွာပြန်လို့မရတဲ့ ကိုယ်စားလှယ်တွေရှိပါတယ်။ မိမိမြို့ နယ်၊ မိမိမြို့ ပြန်ရောက်ဖို့ လေယာဉ်တစ်တန်၊ ကားတစ်တန်၊ ဆိုင်ကယ်တစ်တန် စီးပြီးမှ ခြေလျင်ခရီး ဆက်နှင်ရတဲ့ ကိုယ်စားလှယ်တွေလည်း ရှိပါတယ်။

စကားလုံးရို ရိုင်းနှိုင်းရရင် ကလေးလေးတစ်ယောက် အောင်မြင်စွာ မွေးဖွားဖို့တောင်မှ မိခင်က ကိုးလလွယ်ဆယ်လမှ ဖွားမြင်ရပါတယ်။ မဲမသမာမှုကြောင့် ဒီမိုကရေစီအခိုးခံခဲ့ရတဲ့ တိုင်းပြည် ပြန်လည်တည့်မတ်၊ ဖွံ့ဖြိုးဖို့အချိန်လိုပါတယ်။ ကားတစ်စီးအလုပ်ရုံသွင်းရင်တောင်မှ ၀ပ်ရှော့ ဆရာက အချိန်ခုနစ်ရက် (၁၀) ရက် တောင်းပါတယ်။

တွေကိုလာရောက်ဖြေဆိုကြတဲ့ ၀န်ကြီးဌာနက တာ၀န်ရှိပုဂ္ဂိုလ် တွေကိုပါ။ တချို့ဝေဖန်တာလည်း မမှားပါဘူး။ မေးတာကတခြား၊ အဖြေကတခြားပါ။ ဖြေသင့်တဲ့ ၀န်ကြီးဌာနက လာမဖြေဘဲ အခြား၀န်ကြီးဌာနက လာဖြေတာမျိုးလည်း ရှိတတ်ပါတယ်။ အချို့ ၀န်ကြီး၊ ဒု၀န်ကြီးတွေဆိုရင် လက်အောက်က ရေးပေးတာကို လာဖတ်ပြတဲ့ အခြေအနေလို့တောင်ထင်စရာပါ။ လွှတ်တော်ကိုယ်စားလှယ်က ကွင်းဆင်းပြီးမှ အချက်အလက်ရယူမေးတာပါ။ ဖြေတဲ့ဘုရားအလောင်းက သူတို့၀န်ကြီးဌာနကရတဲ့ ကိန်းဂဏန်းနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်ကပေးတဲ့ စာရင်းတွေရယူ ဖြေကြတာတွေ ရှိပါတယ်။

အဖြေတွေနားထောင်ပြီး ကျွန်တော်တစ်ယောက်တည်း တွေးနေမိတာက အချို့ ၀န်ကြီးဌာနတွေက မေးခွန်းကို လာဖြေတာမဟုတ်ဘဲ ဆင်ခြေပေးနေတာလား၊ ဘော်လီဘောပုတ်နေတာလားလို့တောင် ထင်မိပါတယ်။

အဖြေအားလုံးနဲ့ နိဂုံးဟာ အောက်ပါအချက် ငါးချက်မှာ ဆုံးနေပါတယ်။

၁။ ဘတ်ဂျက်ဆိုတဲ့ ဘဏ္ဍာငွေရရှိနိုင်မှု

၂။ လုံခြုံရေးအခြေအနေ

၃။ နည်းပညာအားနည်းမှု

၄။ လူ့စွမ်းအားအရင်းအမြစ်မပြည့်စုံမှု

၅။ ရာသီဥတုကန့်သတ်ချက် စတဲ့ အခြေအနေတွေမှာပဲ အဖြေတွေက ထွေးလုံးရစ်ပတ်နေဆဲပါ။ ၂၀၂၇၊ ၂၀၂၈ ခုနှစ်တွေ အတွက် ဘတ်ဂျက်ခွဲပြီးရင်တော့ အချို့သော အထုံးတွေပြေမယ်လို့ ထင်ပါတယ်။

ဒီသီချင်းလေးကိုတော့ လွှတ်တော်အစည်းအဝေးတက်ဖို့ စုရပ်ကားပေါ်ထိုင်နေရင်း ဆိုညည်းညည်း ဖြစ်ခဲ့ပါတယ်။ ယခင် ကာလတပ်မတော်သားဘ၀ ရှေ့တန်းမှာတုန်းက ချစ်ဇနီးကို လွမ်းလို့ဆိုခဲ့တာက ‘မောင်တို့စစ်မြေအပေးမှာ xxx မောင်တို့စစ်မြေအပေးမှာ အတူလာ၍ ထမ်းဖို့မှာ’

ခုလွှတ်တော်တက်ဖို့ဆိုတော့ ‘မောင်တို့လွှတ်တော်ထဲမှာ xx မောင်တို့ လွှတ်တော်ထဲမှာ အတူလာ၍ xxx ထမ်းလှည့်ပါ’ (အပြုသဘောဆောင်တဲ့ ၀ဖန်မှုတွေ တိုးမြင့်ဝေဖန်နိုင်ကြပါစေ။)

ရဲဘော်မောင်တင့်

Bullet New Journal, Vol (8), No (27), 3-9-2026