လာမယ့် အောက်တိုဘာလမှာ ကျွန်တော်တို့နိုင်ငံနဲ့ ဂမ်ဘီယာကြား တရားစွဲဆိုထားတဲ့ လူမျိုးလိပ်များအရေး အမိန့်ချမှတ်မယ်ဆိုတဲ့ သတင်းထွက်လာပါတယ်။ အခုတလော လူမျိုးလိမ်အရေးဟာ လူထုအာရုံကို ဖမ်းစားစရာကိစ္စတစ်ခုလို တဖြည်းဖြည်း အရှေ့ရောက်လာသလို မြင်နေရတယ်။
တစ်ချိန်တည်းမှာပဲ ဆော်ဒီ၊ တူရကီနဲ့ ပါကစ္စတန်တို့ပါဝင်တဲ့ Makkah Pact လက်မှတ် ရေးထိုးလိုက်ပြီး လုံခြုံရေးကိစ္စတွေအတွက် အစ္စလာမ္မစ်နေတိုးဆန်ဆန် ဖွဲ့စည်းလာတာမို့ အာရုံစိုက်စရာကိစ္စဖြစ်ခဲ့ပါတယ်။ Makkah Pact ရဲ့ အဓိကအချက်ကတော့ နေတိုးအုပ်စုလိုပဲ အဖွဲ့ ဝင်တစ်နိုင်ငံကို တိုက်ခိုက်ခံရခြင်းကို အဖွဲ့ဝင်အားလုံးကို တိုက်ခိုက်သလို မှတ်ယူရမည်ဆိုတဲ့အချက်ပါပဲ။ အသေးစိတ်ကိုတော့ နိုင်ငံတကာမီဒီယာတွေမှာဖော်ပြတာ ကျွန်တော် မတွေ့ရသေးဘူး။ ပြဿနာက တိုက်ခိုက်မှု (Attack) ဆိုတဲ့ စကားလုံးပဲ။ အဲဒီ ထိလွယ်ရှလွယ် စကားလုံးဟာ ကိုယ့်ဘက်ကအုပ်စုတွေက ရန်သွားစလို့ သူများက တုံ့ပြန်တာတွေရော အကျုံးဝင်လား ဆိုတာကို ရှင်းရှင်းလင်းလင်း မဖော်ပြထားဘူး။ ဥပမာ – ပါကစ်စစ်သွေးကြွတွေက အိန္ဒိယဘက်ခြမ်းက အပန်းဖြေစခန်းကိုတိုက်ပြီး ပါကစ်ထဲ ဝင်ပြေးတယ်။ အိန္ဒိယက ´ – Operation Sindoor နဲ့ ပြန်လိုက်ကြိတ်တယ်။ ဒါကို အိန္ဒိယက ပါကစ်ကို ကျူးကျော်ရန်စတယ်လို့ ယူဆလို့ရလား။ သတ်မှတ်ချက်ဟာ သားရေကွင်းလို ဖြစ်နေတယ်။ ဘင်္ဂလားဒေ့ရှ်ကလည်း ထုံးစံမပျက် Makkah Pact ကို ပူးပေါင်းဖို့ စိတ်ဝင်စားမှု ပြနေတယ်။ မတော်… မြန်မာ ဘက်ကို ရန်စပြီး Makkah Pact နဲ့ ဆွဲသွင်းနိုင်ခြေမရှိဘူး လို့ ပြောလို့မရဘူး။ လောလောဆယ် ရခိုင်ဒေသဟာ လုံးဝ အထိန်းအကွပ်မဲ့နေတယ်။
The Times of Israel မှာ ဖော်ပြထား တဲ့ ဆောင်းပါးအရံတော့ ဘင်္ဂလားဒေ့ရှ်သာ´ Makah Pactထဲ ပါသွားရင် ပြဿနာပိုတက်လာမှာက အိန္ဒိယပဲ။ ဘင်္ဂလားအခြေစိုက် ဂျီဟတ်ဒစ်.တွေ အကြမ်းဖက်အဖွဲ့တွေဟာ အိန္ဒိယကို ကာလကြာ ခြိမ်းခြောက်မှုဖြစ်နေတယ်။ Makkah Pact မှာ ပါကစ္စတန်လည်း ပါဝင်ပြီး အိန္ဒိယနဲ့ ပါကစ္စတန်ရဲ့ ကျောင်းတော်က ရန်စကတော့ အထူးပြောစရာလိုမယ်မထင်ဘူး။ Makkah Pact သာ အသက်ဝင်ရင် အိန္ဒိယဟာ ဘင်္ဂလားဒေ့ရှ်နဲ့ ပါကစ္စတန်ကြား နှစ်ဖက်ညှပ် အတိုက်ခံရတော့ မယ့် အနေအထားဖြစ်လာမယ်။ ဒီလိုပဲ… အရှေ့ အလယ်ပိုင်းမှာလည်း ဆော်ဒီက ဟူသီသူပုန်တွေနဲ့ ဆိုင်နေပြီး တူရကီက အစ္စရေးနဲ့ တည်ထားတယ်။ မေးစရာက ဒီလောက် ရန်သူပတ်လည်ဝိုင်းပြီး စစ်မျက်နှာများနေတာကို Makkah Pact က ဘယ်ဘက်စစ်မျက်နှာကို အင်အားပို့ပြီး ကွက်ပြည့်နင်းမလဲ ဆိုတာပဲ။ ဒီကြားထဲ အိုအိုင်စီမှာ ဆော်ဒီနဲ့တူရကီက ဩဇာပြိုင်နေသေးတော့… ပိုဆိုးတယ်။ ကျွန်တော့်အမြင်ကတော့ ဘင်္ဂလားဒေ့ရှ်အနေနဲ့ Makkah Pact ထဲရောက်သွားရင်တောင်မှ အမေရိကန်မပါသေးသရွေ့ မြန်မာကို ခြိမ်းခြောက်ဖို့ခက်တယ်လို့ ယူဆပါတယ်။
လူမျိုးလိမ်အရေးနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်အကြောင်း မပြောခင် ကျွန်တော်တို့က — “ သူ့နောက်က အိုအိုင်စီရဲ့ အနေအထားကို တစ်ချက်ကြည့်ဖို့လိုမယ်။ တရုတ်နဲ့အိန္ဒိယရဲ့ ဆုံမှတ် ဖြစ်တဲ့နေရာမှာ Fourth Generation Warfare ဍ တစ်ခု ဖန်တီးထားရင်တောင်မှ အိုအိုင်စီဟာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကို တိုက်ရိုက တေ့မပေးဘဲ ဂမ်ဘီယာကနေ တရားလှမ်းစွဲခိုင်းထားတယ်။´ ဘင်္ဂလားဒေ့ရှ်ဟာ မြန်မာနဲ့ ထိပ်တိုက်ဖြစ်လို့ မရဘူးလို့ အစကတည်းက မြင်ထားပြီးသား
ဖြစ်နိုင်တယ်။ အစိုးရသစ်တက်လာပြီး နောက်ပိုင်း Diplomatic Ties တွေအတွက် ကြိုးစားတဲ့နေရာမှာ အိန္ဒိယကလည်း သူ့သဘာထားကို အထင်အရှားပြသပြီးဖြစ်တယ်။ ဒါတောင် ဘင်္ဂလားဒေ့ရှ်က ပညာရှင်ဆိုသူတစ်ဦးက အိန္ဒိယဟာ လူမြင်သူမြင်မှာ မြန်မာအစိုးရကို´ လေးစားပြနေပေမယ့် နောက်ကွယ်မှာတော့ သူပုန်တေ။ ဆက်ဆံနေဆဲဖြစ်ကြောင်း ဆောင်း ပါး ထရေးတယ်။ ဘင်္ဂလားဒေ့ရှ်ဟာ အနည်းငယ် “Desperate” ဖြစ်နေသလို မြင်နေရတယ်။´ လူမျိုးလိမ်အရေးနဲ့ ပတ်သက်လို့လည်း ယခင်ကတော့ တရားခံဟာ မြန်မာစစ်တပ်လို့ ပုံဖော်ထား ရာကနေ အခုတော့ ရခိုင်သူပုန်ပါ ပါလာပြီဖြစ်လို့ ပိုမိုရှုပ်ထွေးလာသလိုမြင်နေရပါတယ်။
တကယ်တော့ အနောက်တံခါးက လူမျိုး လိမ်အရေးဆိုတာ (အမှန်တကယ်ရိုးသားရင်) မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား စေ့စပ်ဆွေးနွေးရုံနဲ့တင် ပြေလည်ရမယ့်ကိစ္စဖြစ်ပါတယ်။ အခုတော့ သူတစ်ပါးအကျိုးစီးပွားတွေအတွက် ပွဲစားလုပ်ပေးရင်း ပြဿနာပိုကြီးလာပြီး ရှေ့မတိုးသာ နောက်မဆုတ်သာ ပိုဖြစ်လာတယ်။ အခုတော့ လူမျိုးလိမ်အရေးမှာ မြန်မာကိုပေးစရာ ဖိအားဆိုလို့ ICJ က စီရင်ချက်တစ်ခုပဲ မျှော်လင့်စရာရှိပါတော့တယ်။ ဒါတောင် လက်တွေ့ ပြည်တော်ပြန်ရေးမှာ ရခိုင်သူပုန်ကြောင့် ဆက်လက် ရှုပ်ထွေးနေဦးမှာဖြစ်တယ်။ ဒီ Deadlock မှာ မြန်မာအစိုးရဘက်က လုပ်စရာ ဘာမှမရှိပါဘူး။
ဒီတော့ ကျွန်တော်တို့လုပ်ရမှာက
— Diplomacy ကို အခုထက်ပို အားထည့်ဖို့ လိုပါတယ်။ အခုက မကောင်းဘူးလို့ပြောတာ မဟုတ်ပါဘူး။ အခုက ကောင်းတယ်။ အခုတက်ပို ကောင်းဖို့လိုတယ်။
– Diplomacy ဆိုတဲ့နေရာမှာ ဒေသတွင်းက ဩဇာရှိတဲ့ ပါဝါနိုင်ငံတွေနဲ့သာမက စစ်ရေး အင်အား တောင့်တင်းတဲ့နိုင်ငံတွေနဲ့ပါ ခိုင်မာတဲ့ ဆက်ဆံရေး တည်ဆောက်ထားဖို့လိုပါတယ်။
ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း ဟာအာဆီယံကို ဘယ်လိုသက်ရောက်နေတယ် ဆိုတာ မြင်နေရတာမို့ ကျွန်တော်တို့လည်း ဖြစ်နိုင်သမျှ (ဆိုးရွားတဲ့ ဖြစ်တန်စွမ်းတွေကို) ကြိုတွေးထားဖို့လိုတယ်။
-“ကျွန်တော့်အနေနဲ့ တရုတ်၊ အိန္ဒိယ၊ ရုရှာ လို ပါဝါနိုင်ငံကြီးတွေကို လေးစားပါတယ်။ သို့သော် လက်တွေ့ပေးထားချက် အခြေအနေနဲ့ အချိန်အခါအရတော့ အာဆီယံနိုင်ငံတွေနဲ့ ဆက်ဆံရေးတိုးမြှင့်တာက ပိုလှပတဲ့ နိုင်ငံရေးကစားကွက် ဖြစ်ပါတယ်။ အာဆီယံကို အာရုံစိုက်စေချင်တယ်။
– ထိုင်းတောင်ပိုင်းက ကိစ္စလိုမျိုး ကျောက်ဖြူရေနက်ဆိပ်ကမ်းဘက်မှာ ဖြစ်လာနိုင်လား ဆိုတော့… ကျွန်တော်တို့က ထိုင်းတောင်ပိုင်း ထက်တောင် ပိုဆိုးပြီးသွားပြီး Deadlock နဲ့ နှစ်ဘက်စလုံး ပိတ်မိသွားတာပါလို့တောင် ပြောရပါလိမ့်မယ်။ သန်းခေါင်ထက် ညဉ့်မနက် တော့ပါဘူး။
အားပြိုင်မှုတွေကတော့ ပြင်းထန်လာမှာပါ။ အစိုးရတွေက ဘယ်လောက် တည်တည်ငြိမ်ငြိမ်နဲ့ သွေးအေးအေး ကိုင်တွယ်နိုင်တယ်ဆိုတာကတော့ အရည်အချင်းပေါ်ပဲ မူတည်ပါတော့တယ်။
နိုင်ငံတော်ကြီး ကံကောင်းပါစေ။
သန်းနေစိုး
Bullet New Journal, Vol (8), No (27), 3-9-2026
