အောင်နိုင်သူ(ဇွဲကပင်)
ခေတ်သစ်မြန်မာ့နိုင်ငံရေးတွင် မြန်မာနိုင်ငံကို ဗဟိုပြု၍ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို အဓိကထား ဆက်ဆံလာကြသည့် နိုင်ငံကြီး သုံးနိုင်ငံရှိပါသည်။အဆိုပါ နိုင်ငံကြီး သုံးနိုင်ငံ မှာ ရုရှား၊ တရုတ် ၊ အိန္ဒိယ တို့ ဖြစ်ကြပါသည်။ ပညာရှင်အချို့က မြန်မာနိုင်ငံကို ဗဟိုပြု၍ နိုင်ငံကြီး သုံးနိုင်ငံက မဟာဗျူဟာမြောက် ဆက်ဆံလာသည့်မြန်မာ့ ပထဝီနိုင်ငံရေးမော်ဒယ်ကို G3 + 1 GREAT RUSSIA GREAT CHINA GREAT INDIA +MYANMAR STRATEGIC PARTNERSHIP STATUS ဟုလည်းကောင်း ASIA CIVILIZATION MYANMARCIVILIZATIONG3+1 ဟုလည်းကောင်း တင်စားညွှန်းဆိုလာကြသည်။ ထိုသို့ ညွှန်းဆိုမှုကို ကြည့်လျှင် မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေး ဗဟိုချက် GEOPOLITICS CENTER ကို မည်သို့မျှပစ်ပယ်လွန်ဆန်၍ မရကြောင်းတွေ့ရမည် ဖြစ်သည်။ သို့ဖြစ်ရာ ပထဝီနိုင်ငံရေး အချက်ချာကျရာ မြန်မာနှင့် မဟာဗျူဟာမြောက်ပူးပေါင်း ဆက်ဆံရေးကို တရုတ်နှင့်အိန္ဒိယ နိုင်ငံကြီးများနည်းတူ ရုရှားနိုင်ငံသည်လည်း စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
ရုရှားနိုင်ငံသည် မြန်မာနှင့် ဆက်ဆံရေး တိုးမြှင့်ထူထောင်ခဲ့သည်မှာ ယခုမှ မဟုတ်ချေ။ သမိုင်းကြောင်းနှင့် ယှဉ်၍ ပြောရလျှင် ကာလကြာမြင့်ခဲ့ပြီဟု ဆိုနိုင်ပါသည်။ သို့သော် ယခုနှစ်အနည်းငယ် အတွင်းတွင်မူ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဆီကို တိုးမြှင့်ထူထောင်လာခဲ့သည်ကို တွေ့ရသည်။ အထူးသဖြင့် လက်ရှိသမ္မတကြီး ဦးမင်းအောင်လှိုင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ နိုင်ငံတော်တာဝန်ယူချိန်ကစပြီး ခပ်စိပ်စိပ်ထိတွေ့ ဆက်ဆံမှုနှင့်အတူ နှစ်နိုင်ငံအကျိုးစီးပွားအတွက် အားသွန်ခွန်စိုက် ဆောင်ရွက်လာကြသည်ကို သတိပြုမိကြမည်ဖြစ်ပါသည်။ နှစ်စဉ်လိုလို ရုရှားသမ္မတဗလာဒီမာပူတင်က နိုင်ငံတော် သမ္မတကြီး ဦးမင်းအောင်လှိုင် ခေါင်းဆောင်သော အစိုးအဖွဲ့ဝင်များကို ဖိတ်ခေါ်လေ့ရှိပြီး နွေးထွေးပျူငှာစွာဆက်ဆံခြင်း၊ အကျိုးတူပူးပေါင်းဆောင်ရွက်ရေးကိစ္စများကို ဆွေးနွေး ညှိနှိုင်းခြင်း၊ နားလည်မှုစာချွန်လွှာများကို ရေးထိုးခြင်းဖြင့် နှစ်နိုင်ငံဆက်ဆံရေးကို မဟာဗျူဟာမြောက် ဆက်ဆံရေး အဆင့်ဆီသို့အရှိန်အဟုန်ဖြင့် တိုးမြှင့်လာခဲ့ပါသည်။
သို့ဖြစ်ရာ ယခုသတင်းပတ်တွင်လည်း ရုရှားသမ္မတဗလာဒီမာ ပူတင်က ဖိတ်ကြားခဲ့သဖြင့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ခေါင်းဆောင်သော အစိုးရအဖွဲ့ဝင်များက ရုရှားနိုင်ငံသို့ သွားရောက်လျက်ရှိပါသည်။ ယခုခရီးစဉ်တွင် မြန်မာ့အနာဂတ်အတွက် ပိုမိုလေးနက်ခိုင်မာသော အကျိုးစီးပွား ဘုံရည်မှန်းချက်များကို သဘောတူညီမှု ရယူနိုင်ခဲ့သည်။ အထူးသဖြင့် ဩဂုတ်လ ၁၈ ရက်က ပြုလုပ်ခဲ့သည့် ပူးတွဲသတင်းစာရှင်းလင် နျူကလီးယား၊ ရေနံနဲ့သဘာဝဓာတ်ငွေ့၊ ကုန်သွယ်ရေးနှင့် ငွေပေးချေမှုပုံစံ၊ အာကာသ၊ ဒစ်ဂျစ်တယ်နည်းပညာ၊ ပညာရေးနှင့် ယဉ်ကျေးမှု အထိ ကဏ္ဍစုံချဲ့ထွင်ရန် ရည်မှန်းဆောင်ရွက်လာနိုင်ခဲ့သည်။
ရှင်းလင်းပွဲတွင် စွမ်းအင်၊အရေးအကြီးဆုံးဖြစ်သည့် စွမ်းအင်ကဏ္ဍနှင့် နျူကလီးယားလျှပ်စစ်စီမံကိန်းက နှစ်နိုင်ငံကြားက ဆက်ဆံရေး၏ အဓိကဗဟို ချက် အဖြစ် ရှုမြင်လာကြသည်။ နိုင်ငံ့ခေါင်းဆောင်နှစ်ယောက်၏ နွေးထွေးပျူငှာသော တွေ့ဆုံမှုကို ကြည့်လျှင် ရုရှား- မြန်မာ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး “RUSSIA-MYANMAR STRATEGIC PARTNERSHIP ” 3G ပြန့်နက်ရှိုင်းစွာပြောင်းလဲလာခဲ့သည်ကို တွေ့မြင်ရမည် ဖြစ်ပါ သည်။
ဤခရီးစဉ်၏ အထူးအခြားဆုံး ပုံရိပ်မှာ ရုရှားနိုင်ငံ၏ ထိပ် တန်းအဆင့်ရှိ စီးပွားရေးတက္ကသိုလ်မှ သမ္မတကြီး ဦးမင်း အောင်လှိုင်အား “ဂုဏ်ထူးဆောင် ပါမောက္ခဘွဲ့” ပေးအပ်ချီးမြှင့်ခဲ့ခြင်း ဖြစ်ပါသည်။ ၁၈ ရာစုကတည်းက စတည် တည်ထောင်ခဲ့ သည့် PLEKHANOV ရုရှားစီးပွားရေး တက္ကသိုလ်တွင် လက်ရှိအဆင့်မြင့်ပညာရေးတွင် ကျောင်းသား/ ကျောင်းသူပေါင်း ငါးသောင်းကျော်၊ ပါရဂူဘွဲ့အတွက် တက်ရောက်နေသည့် ကျောင်းသား/သူပေါင်း ၇၈၀ ကျော်၊ အဆင့်မြင့် ဆရာ/မပေါင်း ၂၅၀၀၊ နှစ်စဉ် ဘွဲ့ရသူပေါင်း ၆ ထောင်နီးပါးရှိပါသည်။ထို့အပြင် စက်မှုလုပ်ငန်းများ အတွက် လက်တွေ့နယ်ပယ် ၅၀၀ ကျော်နှင့် ချိတ်ဆက်ထားသလို ရုရှားနိုင်ငံ၏ စီးပွားရေး၊ စီမံခန့်ခွဲမှု၊ နည်းပညာ၊ ဥပဒေနှင့် PUBLIC ADMINISTRATION များကို သင်ကြား ပေးနေသည့် ရုရှားနိုင်ငံ၏ အကောင်းဆုံးနှင့် ပထမဆုံး အဆင့်မြင့် စီးပွားရေးဆိုင်ရာ အထူးပြုတက္ကသိုလ်တစ်ခုလည်း ဖြစ်ပါသည်။
ဤတက္ကသိုလ်တွင် ရုရှားနိုင်ငံ၏ ပြည်တွင်း စီးပွားရေး ပညာရှင်များ သာမကဘဲ နိုင်ငံတကာရှိ အစိုးရခေါင်းဆောင်များ၊ စီးပွားရေးသမားများ၊ ဘဏ်လုပ်ငန်းရှင်များနှင့် ပညာရှင်များပါ တက္ကသိုလ်ပညာ ဆည်းပူးခဲ့ကြသည်ကို တွေ့ရသည်။ ဥပမာ နိုင်ငံရေးခေါင်းဆောင်များတွင် အဇာဘိုင်ဂျန် ဝန်ကြီးချုပ်ဖြစ်သည့် အလီအဆာဒေါ့ က ၁၉၇၈ ခုနှစ်မှာ ဤတက္ကသိုလ်မှ ဘွဲ့ရခဲ့ ဖူးသည်။ ၁၉၆၀-၁၉၆၅ ခုနှစ်မှာလည်း ဗီယမ်နမ်ဝန်ကြီးချုပ်ဟောင်း ဖန်ဗင်ခိုင် (PHAN VAN KHAI) က စီးပွားရေးဆိုင်ရာ ပညာရပ်ကို သင်ယူခဲ့ဖူးသလို ကာဇန်စတန်ဝန်ကြီးချုပ်ဟောင်း ဖြစ်သည့် အာစကာမာမင်း (ASKAR MAMIN)၊ အာရှစီးပွား ရေးလောကမှာလည်း MASON GROUP ကိုတည်ထောင်သူNGUYEN DANG QUANG နှင့် ဘင်္ဂလားဒေ့ရှ်၏ နာမည်ကြီး စီးပွားရေးပညာရှင် ABUL BARKAT တို့ကလည်း ဤတက္ကသိုလ်မှ စီးပွားရေးဆိုင်ရာ ဘွဲ့များရရှိခဲ့ပါသည်။ ထို့ကြောင့် ရုရှားနိုင်ငံ၏ ထိပ်တန်း စီးပွားရေးတက္ကသိုလ်ကြီးက မြန်မာနိုင်ငံ သမ္မတကြီးဦးမင်းအောင်လှိုင်အား ဂုဏ်ထူးဆောင် ပါမောက္ခ ပေးအပ်ခြင်းကို ကြည့်လျှင် ရုရှားက မြန်မာအပေါ်ထားရှိသည့် အလေးထားမှုကို နှိုင်းပြစရာ မရှိလောက်အောင်ပင်ကြီးမားလှပါသည်။
ထိုသို့ဩဇာကြီးမားလှသောတက္ကသိုလ်ကြီးမှ ဂုဏ်ထူးဆောင် ပါမောက္ခဘွဲ့ ချီးမြှင့်ခြင်းသည် နိုင်ငံခေါင်းဆောင်တစ်ဦးအပေါ် ပုဂ္ဂိုလ်ရေးအရ ဂုဏ်ပြုခြင်းသက်သက်မျှသာ မဟုတ်ဘဲ မြန်မာ နိုင်ငံ၏ စီးပွားရေးပြုပြင်ပြောင်းလဲမှုများ၊ နိုင်ငံတော်တည်ဆောက်ရေး လုပ်ငန်းစဉ်များနှင့် အနာဂတ်အလားအလာများအပေါ် ရုရှားနိုင်ငံဘက်မှ အပြည့်အဝ ယုံကြည်ထောက်ခံကြောင်းကို နိုင်ငံတကာစာမျက်နှာတွင် ရှင်းလင်းစွာ ပြသလိုက်ခြင်းပင် ဖြစ်ပါသည်။ ထို့အပြင် နှစ်နိုင်ငံကြား ပညာရေး၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် အဖွဲ့အစည်းဆိုင်ရာ (INSTITUTIONAL) ယန္တရားများ ပူးပေါင်းတည်ဆောက်ရေးအတွက် ပိုမိုခိုင်မာသော တံတားတစ်စင်းကို ထိုးလိုက်ခြင်းလည်း ဖြစ်ပါသည်။
အနာဂတ် မြန်မာ့နိုင်ငံရေးနှင့်စီးပွားရေးအခင်းအကျင်းအတွက် ရုရှားနှင့် မဟာဗျူဟာမြောက် မိတ်ဖက်ဖြစ်တည်မှုသည် အလွန်အရေးပါလှပါသည်။ အထူးသဖြင့် အနောက်အုပ်စု၏ နိုင်ငံရေးအရ ဖိအားပေးမှုများနှင့် ပိတ်ဆို့မှုများကြားမှ မြန်မာနိုင်ငံအနေဖြင့် စွမ်းအင်ဖူလုံရေး၊ လျှပ်စစ်ကဏ္ဍတိုးတက်ရေးနှင့် စိုက်ပျိုးရေးကဏ္ဍအတွက် မရှိမဖြစ်လိုအပ်သော ဓာတ်မြေဩဇာနှင့် စက်သုံးဆီများကို ရုရှားထံမှ တိုက်ရိုက်ရရှိနိုင်မည့် အခွင့်အလမ်းများ ပိုမိုပွင့်လန်းလာခဲ့ပြီဖြစ်ပါသည်။ ဘဏ္ဍာရေးနှင့် ငွေပေးချေမှုစနစ်များ တွင်လည်း ဒေါ်လာကို မှီခိုမှုလျှော့ချကာ (DE-DOLLARIZATION) နှစ်နိုင်ငံ တိုက်ရိုက်ငွေပေးချေမှုပုံစံများကို အကောင်အထည် ဖော်လာနိုင်ပါက မြန်မာ့စီးပွားရေးအတွက် ခိုင်မာသော ထွက်ပေါက်တစ်ခု ဖြစ်လာစေမည်ဖြစ်ပါသည်။
ထို့ပြင် နှစ်နိုင်ငံ မဟာဗျူဟာမြောက် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများတွင် အရေးအပါဆုံး ဘုံအကျိုးစီးပွားဆုံချက်အဖြစ် ထင်ရှားလာသည့် စီမံကိန်းမှာ “ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်း” ဖြစ်ပါသည်။ ကမ္ဘာ့ကုန်သွယ်ရေးတွင် လွန်စွာအချက်အချာကျလှသော မလက္ကာရေလက်ကြား (STRAIT OF MALACCA) ကို ရှောင် ကွင်း၍ အိန္ဒိယသမုဒ္ဒရာနှင့် တောင်တရုတ်ပင်လယ် (ပစိဖိတ်ဒေသ) တို့ကို ရေလမ်း-ကုန်းလမ်းနှစ်သွယ် တိုက်ရိုက်ဆက်သွယ်ပေးနိုင်မည့် ထားဝယ်ရေနက်ဆိပ်ကမ်းသည် အရှေ့တောင် အာရှ၏ အဓိက စက်မှုနှင့် စီးပွားရေးဗဟိုချက် ဖြစ်လာမည့် မဟာဗျူဟာမြောတ် စီမံကိန်းတစ်ခုဖြစ်ပါသည်။ ရုရှားနိုင်ငံ့အနေဖြင့်လည်း မိမိ၏အာရှ-ပစိဖိတ် ရေကြောင်းစင်္ကြံနှင့် ကုန်သွယ်ရေးကွန်ရက်ကို တိုးချဲ့ချိတ်ဆက်လိုသည့် မဟာဗျူဟာ ရည်မှန်းချက်ရှိရာ၊ မြန်မာနိုင်ငံ၏ ပထဝီဝင် အသာစီးရရှိမှုနှင့် ရုရှား၏ ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာနှင့် စွမ်းအင်ကဏ္ဍပံ့ပိုးမှုတို့ ပေါင်းစပ်လိုက်ခြင်းသည် ဤစီမံကိန်းကို ပိုမိုအရှိန်ဟုန်ဖြင့် အကောင်အထည်ဖော်လာနိုင်မည် ဖြစ်ပါသည်။
ထိုသို့ ပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံကြား ကုန်သွယ်မှုကို တိုးမြှင့်ပေးရုံတင်မကဘဲ၊ မြန်မာနိုင်ငံအား ဒေသတွင်း စင်္ကြံအဖြစ် ပထဝီစီးပွားရေးဆိုင်ရာ မရှိမဖြစ် အချက်အချာစင်္ကြံအ ကမ္ဘာ့စင်မြင့်တွင် ပိုမိုခိုင်မာစွာ ဧနရာယူလာစေမည့် ဘုံအကျိုးစီးပွား မဏ္ဍိုင်တစ်ခုလည်း ဖြစ်လာမည် ဖြစ်ပါသည်။
အခြားတစ်ဘက်တွင်လည်း ည်း ကမ္ဘာ့ပထဝီနိုင်ငံရေး အခင်း က်သတ်လွှမ်းမိုးမှု (UNIPOLAR)´ အကျင်းသည် ဝင်ရိုးစွန်းတစ်ဖက်သတ်လွှမှ ဗဟုဝင်ရိုးစွန်း (MULTIPOLAR) ကမ္ဘာဆီသို့ အရှိန်အဟုန်ဖြင့် ကူးပြောင်းနေချိန်ဖြစ်ပါသည်။ ဤသို့သော အခြေအနေမျိုးတွင် G3 + 1 မော်ဒယ်အရ မြန်မာနိုင်ငံသည် ရုရှား၊ တရုတ်၊ အိန္ဒိယ ဟူသော ကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့် ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မိမိနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို အကောင်းဆုံး ကာကွယ်မြှင့်တင်နိုင်မည်ဖြစ်ပါသည်။ ရုရှားနိုင်ငံထံမှ နည်းပညာလွှဲပြောင်းရယူခြင်း၊ ငြိမ်းချမ်းသော ရည်ရွယ်ချက်ဖြင့် နျူကလီးယားစွမ်းအင်ကို အသုံးချခြင်းနှင့် အာကာသ၊ ကာကွယ်ရေး၊ ဒစ်ဂျစ်တယ်နည်းပညာများဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများသည် နိုင်ငံတော်ကို ပိုမိုဧခတ်မီတောင့်တင်း လာစေမည်ဖြစ်ပါသည်။
အချုပ်အားဖြင့်ဆိုရလျှင် ရုရှား-မြန်မာ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးသည် ရိုးရှင်းသော သံတမန်ရေးရာ ဆက်သွယ်မှုအဆင့်မှ ကျော်လွန်၍ နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေးနှင့် နည်းပညာရပ်ဝန်း အသီးသီးတွင် အပြန်အလှန် မှီခိုအား ထားနိုင်သော အဆင့်အထိ-နက်ရှိုင်းလာပြီဖြစ်ပါသည်။ ဤကဲ့သို့ ခိုင်မာသောမဟာမိတ်ဖွဲ့မှုသည် လာမည့်အနာဂတ်ကာလများတွင် မြန်မာနိုင်ငံတော်ကြီး တည်ငြိမ်အေးချမ်းရေး၊ ခေတ်မီဖွံ့ဖြိုး – တိုးတက်ရေးနှင့် နိုင်ငံတကာစင်မြင့်တွင် တည်ငြိမ်ခိုင်မာစွာ ရပ်တည်နိုင်ရေးတို့အတွက် အခိုင်မာဆုံးသော မဏ္ဍိုင်ကြီးတစ်ခုအဖြစ် ဆက်လက်တည်ရှိနေမည်လည်းဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံတော်သမ္မတကြီး၏ ရုရှားခရီးစဉ်မှသည် ရုရှား-မြန်မာ ဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးက ပိုမိုနက်ရှိုင်းခိုင်မာလာမည်ဖြစ်သလို မြန်မာ့အနာဂတ်လည်း ရွှေရောင်တောက်ပလာတော့မည်မှာ မလွဲဧကန် ဖြစ်ပါသည်။
Bulle Media, အတွဲ (၈) ၊ အမှတ် (၂၆)၊ ၂၇-၈-၂၀၂၆ (ကြာသပတေးနေ့)
