By AUGUSTIN

In this interconnected world, choosing unity over division defines true success. Your stance determines whether you thrive by working together or fail by straddling two separate, uncertain, and risky paths. Here are two insightful Myanmar proverbs that perfectly reflect this concept, offering timeless wisdom for navigating the complexities of our shared modern life and fostering stronger connections in everything we do.

I wrote this article for foreign readers who are studying the Myanmar language, so I have presented it in a bilingual format using both Myanmar and English.

“တစ်လှေတည်းစီး တစ်ခရီးတည်းသွား”

“တစ်လှေတည်းစီး တစ်ခရီးတည်းသွား” ဆိုတဲ့ စကားပုံက “ငါတို့အားလုံးဟာ ကံကြမ္မာချင်း ဆက်နွယ်နေကြတယ်” ဆိုတာကို သတိပေးနေတာပါ။ လှေတစ်စင်းတည်းပေါ်မှာ အတူပါလာတဲ့သူတွေဟာ လှေမြုပ်ရင် အားလုံးမြုပ်မယ်၊ လှေပန်းတိုင်ရောက်ရင် အားလုံးအတူရောက်မယ်ဆိုတဲ့ သဘောပေါ့။ ဒီနေ့ခေတ် ကမ္ဘာကြီးမှာဆိုရင် ဒီစကားပုံက ပိုတောင် အရေးပါလာပါသေးတယ်။

ဥပမာအနေနဲ့ Climate Change (ရာသီဥတုပြောင်းလဲမှု) ပြဿနာကို ကြည့်ပါ။ ဒါဟာ နိုင်ငံကြီးပဲဖြစ်ဖြစ်၊ နိုင်ငံငယ်ပဲဖြစ်ဖြစ် ရှောင်လွှဲလို့မရတဲ့ ကိစ္စပါ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဖြစ်ပွားခဲ့တဲ့ COVID-19 ကပ်ရောဂါ တုန်းက ကမ္ဘာ့တစ်ဖက်ခြမ်းမှာ ဖြစ်နေတာပဲဆိုပြီး လျစ်လျူရှုထားလို့ မရဘဲ လူသားအားလုံး အတူတကွ ရင်ဆိုင်ခဲ့ရတာ မဟုတ်လား။ ဒါဟာ တစ်ကမ္ဘာလုံးက လူသားတွေဟာ လှေတစ်စင်းတည်းစီးနေကြတဲ့ ခရီးသည်တွေဖြစ်ကြောင်း သက်သေပြနေတာပါ။

သမိုင်းဝင် ဖြစ်ရပ်တစ်ခုကို ပြောပြရရင် International Space Station (ISS) ကို ကြည့်နိုင်ပါတယ်။ အာကာသထဲမှာ အမေရိကန်နဲ့ ရုရှား အပါအဝင် နိုင်ငံပေါင်းစုံက သိပ္ပံပညာရှင်တွေဟာ ကမ္ဘာမြေပေါ်မှာ နိုင်ငံရေးအရ အဆင်မပြေမှုတွေ ရှိနေရင်တောင် အာကာသစခန်းထဲမှာတော့ “တစ်လှေတည်းစီး” စိတ်ဓာတ်နဲ့ အတူတူ အသက်ရှင်၊ အတူတူ အလုပ်လုပ်ကြရတာပါ။

ဒီစကားပုံရဲ့ တန်ဖိုးက “ညီညွတ်ခြင်း” ပါပဲ။ မိသားစုတစ်ခုမှာပဲဖြစ်ဖြစ်၊ လုပ်ငန်းခွင်တစ်ခုမှာပဲဖြစ်ဖြစ် ငါတို့အားလုံးဟာ ပန်းတိုင်တစ်ခုတည်းကို သွားနေကြတာပဲဆိုတဲ့ အသိစိတ်ရှိဖို့ လိုပါတယ်။ လှေစီးနေတုန်းမှာ တစ်ယောက်က လှေကို ဝိုင်းလှော်နေချိန် နောက်တစ်ယောက်က လှေဝမ်းကို ဖောက်နေမယ်ဆိုရင် ဘယ်သူမှ ခရီးဆုံးရောက်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဒီစကားပုံက အချင်းချင်း ဖေးမကူညီဖို့နဲ့ တူညီတဲ့ ရည်မှန်းချက်အတွက် စုပေါင်းအင်အားနဲ့ ရှေ့ဆက်ဖို့ ခွန်အားပေးနေတာ ဖြစ်ပါတယ်။

ဒီနေ့ခေတ် စီးပွားရေးလောကကို ပြန်ကြည့်ရင်လည်း “တစ်လှေတည်းစီး တစ်ခရီးတည်းသွား” ဆိုတဲ့ စကားက ပိုမှန်နေတာကို တွေ့ရပါလိမ့်မယ်။ ကမ္ဘာကြီးဟာ Global Supply Chain ဆိုတဲ့ ကြိုးတန်းကြီးနဲ့ အချင်းချင်း ချိတ်ဆက်ထားတာမို့ တစ်နေရာမှာ ပြဿနာတက်ရင် ကျန်တဲ့နေရာတွေပါ ရိုက်ခတ်မှုရှိလာတာ အဆန်းမဟုတ်တော့ပါဘူး။

အထင်ရှားဆုံး သာဓကတစ်ခုကတော့ ၂၀၀၈ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ Global Financial Crisis (ကမ္ဘာ့စီးပွားပျက်ကပ်) ပါပဲ။ အစပြုခဲ့တာက အမေရိကန်ရဲ့ အိမ်ခြံမြေဈေးကွက် ပြိုလဲခဲ့ရာကပါ။ ဒါပေမဲ့ အဲဒီဂယက်ဟာ အမေရိကန်မှာပဲ ရပ်မနေဘဲ ဥရောပ၊ အာရှနဲ့ တစ်ကမ္ဘာလုံးက စတော့ဈေးကွက်တွေကို ရိုက်ချလိုက်သလို ဖြစ်သွားပါတယ်။

နောက်ထပ် ဥပမာတစ်ခုအနေနဲ့ Ever Given ဆိုတဲ့ သင်္ဘောကြီး Suez Canal (ဆူးအက်တူးမြောင်း) မှာ ပိတ်မိခဲ့တုန်းက ဖြစ်ရပ်ကို ကြည့်ပါ။ ၂၀၂၁ ခုနှစ်၊ မတ်လအတွင်းက ဖြစ်ပွားခဲ့တဲ့ Ever Given သင်္ဘောကြီးရဲ့ သမိုင်းဝင်ဖြစ်ရပ်ဟာ “တစ်လှေတည်းစီး တစ်ခရီးတည်းသွား” ဆိုတဲ့ အဓိပ္ပာယ်ကို တစ်ကမ္ဘာလုံး သိသွားအောင် သင်ခန်းစာပေးခဲ့ပါတယ်။ အလျား ပေ ၁,၃၀၀ ကျော်ရှိတဲ့ ဒီဧရာမ ကုန်တင်သင်္ဘောကြီးဟာ ဆူးအက်တူးမြောင်းထဲမှာ ကန့်လန့်ဖြတ် သောင်တင်သွားတဲ့အတွက် ကမ္ဘာ့ကုန်သွယ်ရေး လမ်းကြောင်းကြီး တစ်ခုလုံး ရက်ပေါင်းများစွာ ရပ်တန့်သွားခဲ့ရပါတယ်။

သင်္ဘောတစ်စင်းတည်း လမ်းပိတ်သွားတာဟာ ကမ္ဘာ့ကုန်သွယ်ရေးရဲ့ ၁၂ ရာခိုင်နှုန်းလောက်ကို ထိခိုက်စေခဲ့ပြီး နိုင်ငံပေါင်းစုံမှာ ကုန်ပစ္စည်းပြတ်လပ်တာ၊ ဈေးနှုန်းတက်တာတွေ ဖြစ်ကုန်ပါတယ်။

တစ်လှေတည်းစီး တစ်ခရီးတည်းသွား” ဆိုတဲ့ စကားပုံရဲ့ အရေးပါပုံကို လက်ရှိ ၂၀၂၆ ခုနှစ် အီရန်စစ်ပွဲ ဖြစ်ရပ်နဲ့ ကြည့်ရင် ပိုပြီးထင်ရှားပါတယ်။ ဒီစစ်ပွဲဟာ ဒေသတွင်း ပဋိပက္ခသက်သက်မဟုတ်ဘဲ ကမ္ဘာကြီးတစ်ခုလုံးကို ဘယ်လိုမျိုး အတူတူ ရိုက်ခတ်စေသလဲဆိုတာ ပြသနေပါတယ်။

“We ride in the same boat, we go on the same journey”

The proverb, “We ride in the same boat, we go on the same journey,” is simple but carries a deep meaning. It serves as a reminder that our fates are all linked. If the boat sinks, we all sink; if it reaches its destination, we all arrive together. This message is even more important in our world today.

Real-World Examples

Climate Change and Pandemics: Look at the issue of Climate Change. Whether a nation is big or small, it is something no one can avoid. Similarly, think back to the COVID-19 pandemic. We couldn’t just ignore it because it was happening on the other side of the world; all of humanity had to face it together. This proved that we are all passengers on the same boat.

The Space Station. A great example from history is the International Space Station (ISS). In space, scientists from many different countries, including the United States and Russia, must live and work together to survive, even if their countries have political problems on Earth. Why? Because if one person makes a mistake in space, everyone’s life is at risk.

The true value of this proverb is “unity”. Whether in a family or at a workplace, instead of coldly saying, “That’s not my problem,” we need to realize we are all moving towards the same goal. If one person is rowing the boat while another is drilling a hole in the bottom, nobody will reach the destination. This proverb encourages us to help one another and use our collective strength to move forward.

If you look at the modern economy, this proverb is more accurate than ever. The world is connected by the “Global Supply Chain,” so it is no surprise that a problem in one place affects everyone else.

The 2008 Financial Crisis: This started with the collapse of the US housing market. However, the impact didn’t stop there; it crashed stock markets across Europe, Asia, and the entire world. When one country’s boat gets a hole, water enters the hulls of other countries as well. It showed that we cannot truly separate our economies; we share the same fate.

The Suez Canal Incident: Consider when the massive ship Ever Given got stuck in the Suez Canal. That one ship blocked about 12 per cent of global trade, leading to product shortages and price hikes in many countries. It was a practical lesson that we are all in the same economic boat.

In business and international relations, we should move beyond the mindset of “rowing only my own boat.” We must help each other so that we can weather the storms together. We are living in an era where one person’s success benefits everyone, and one person’s failure becomes a risk for us all.

The significance of the proverb, “We ride in the same boat, we go on the same journey,” becomes even clearer when we look at the current 2026 Iran War. This conflict is not just a regional issue; it demonstrates how the entire world is connected, showing us that when one part of the world struggles, we all feel the impact – just like passengers sharing the same boat.

“လှေနံနှစ်ဖက်နင်း “

တစ်လှေတည်းစီး တစ်ခရီးတည်းသွား” ဆိုတဲ့ စည်းလုံးညီညွတ်မှုအကြောင်း ပြောပြီးရင်၊ လှေနဲ့ပတ်သက်ပြီး လူမှုရေးလောကမှာ “လှေနံနှစ်ဖက်နင်း” ဆိုတဲ့ သင်ခန်းစာကိုလည်း မေ့ထားလို့ မရပါဘူး။ ဒီစကားပုံက တစ်ဖက်ဖက်မှာ ပြတ်ပြတ်သားသား မရပ်တည်ဘဲ အကျိုးအမြတ်အတွက် ဟိုဘက်ဒီဘက် ခွထားတဲ့သူတွေကို ရည်ညွှန်းတာပါ။ တစ်ယောက်က လှေနှစ်စင်းကို ခွနင်းထားမယ်ဆိုရင် အဲဒီလူဟာ လှေနှစ်စင်းစလုံးရဲ့ ခရီးစဉ်ကို နှောင့်နှေးစေရုံတင်မကဘဲ နောက်ဆုံးမှာ သူကိုယ်တိုင်လည်း ရေထဲကျပြီး ဒုက္ခရောက်တတ်ပါတယ်။

သမိုင်းဝင်ဖြစ်ရပ်တွေထဲက ဥပမာပေးရရင် ဒုတိယကမ္ဘာစစ်တုန်းက အီတလီနိုင်ငံ ရဲ့ ရပ်တည်ချက်ကို ကြည့်နိုင်ပါတယ်။ အစပိုင်းမှာ ဝင်ရိုးတန်းနိုင်ငံတွေ (ဂျာမနီ၊ ဂျပန်) နဲ့ ပေါင်းခဲ့ပေမဲ့ စစ်အခြေအနေ မကောင်းတော့တဲ့အခါ မဟာမိတ်ဘက်ကို ပြောင်းဖို့ ကြိုးစားခဲ့ပါတယ်။ ဒီလို မပြတ်သားတဲ့ ရပ်တည်ချက်ကြောင့် အီတလီနိုင်ငံဟာ နှစ်ဖက်စလုံးရဲ့ ယုံကြည်မှုကို ဆုံးရှုံးခဲ့ရပြီး တိုင်းပြည်အတွက် အရမ်းကို အထိနာခဲ့ရပါတယ်။

စီးပွားရေးလောကမှာလည်း ဒီအတိုင်းပါပဲ။ Kodak (ကိုဒတ်) ကုမ္ပဏီဟာ ဒစ်ဂျစ်တယ်ကင်မရာ နည်းပညာကို အစောကြီးကတည်းက ပိုင်ဆိုင်ထားပေမဲ့ ဖလင်ရောင်းရတဲ့ အကျိုးအမြတ်ကိုလည်း မစွန့်နိုင်၊ ဒစ်ဂျစ်တယ်ဘက်ကိုလည်း အားစိုက်ရမလိုလိုနဲ့ “လှေနံနှစ်ဖက်နင်း” နေခဲ့ပါတယ်။ ပြတ်သားတဲ့ ဆုံးဖြတ်ချက် မချနိုင်ခဲ့တဲ့အတွက် နောက်ဆုံးမှာတော့ တဟုန်ထိုး တိုးတက်လာတဲ့ နည်းပညာလှိုင်းအောက်မှာ နစ်မြုပ်သွားခဲ့ရပါတယ်။

တကယ်တော့ “လှေနံနှစ်ဖက်နင်း” တဲ့ အလေ့အကျင့်ဟာ လူသားချင်း ယုံကြည်မှုကို ပျက်ပြားစေပါတယ်။ လှေတစ်စင်းထဲမှာ အတူစီးနေသူတွေအချင်းချင်း “ဒီလူ ငါတို့နဲ့ တကယ်ရော ပါရဲ့လား” ဆိုတဲ့ သံသယဝင်လာပြီဆိုရင် အဲဒီအဖွဲ့အစည်းဟာ ပြိုကွဲဖို့ လမ်းစပါပဲ။

“Straddling two boats”

An important lesson: “straddling two boats.” This proverb refers to those who do not take a firm stand on one side but instead try to play both sides for their own benefit. If someone tries to stand on two different boats, they not only slow down the journey for both, but they will eventually fall into the water and face trouble themselves.

For a historical example, look at Italy’s position during World War II. At first, they aligned with the Axis powers (Germany and Japan), but when the war situation turned sour, they tried to switch to the Allied side. Because of this indecisive stance, Italy lost the trust of both sides and suffered greatly. This is a clear example of the negative consequences of “straddling two boats” in politics.

The business world tells a similar story. You likely remember the giant company, Kodak. Although they possessed digital camera technology very early on, they were unwilling to give up their profits from film sales, yet they tried to invest in digital technology as well, effectively “straddling two boats”. Because they could not make a firm decision, they eventually sank under the rapidly advancing wave of new technology.

In reality, the habit of “straddling two boats” destroys trust between people. When people riding in the same boat start to wonder, “Is this person really with us?”, the organization is on the path to collapse. In modern workplaces, those who are disloyal and try to play both sides often fail to earn anyone’s long-term trust, and their careers often suffer as a result.

In conclusion, while the “riding in the same boat” mindset brings progress, the “straddling two boats” mindset only leads to destruction. #TheGlobalNewLghtOfMyanmar