အမေရိကန်မှာဖြစ်နေတဲ့ ဆန္ဒပြပွဲတွေကတော့ ဆန္ဒပြပွဲမှသည် ဆူပူအုံကြွမှုအသွင်ပြောင်းသွားပြီး တစ်မြို့ပြီးတစ်မြို့ ကူးစက်တော့မလို အလားအလာတွေ တွေ့နေရပါတယ်။ ဈေးဆိုင်တွေ ကုန်တိုက်တွေကို ဖောက်ဝင်လုယက်ကြတဲ့ဗီဒီယိုတွေလည်း မမြင်ချင်မှအဆုံးပဲ။ အမေရိကန်သံရုံးက ဒီမိုကရက်တစ်သူရဲကောင်းတွေလို အရောင်တင်လေ့ရှိကြတဲ့ ဆူပူအုံကြွရေး သမားတွေဟာ အမေရိကန်ရဲ့ပုံရိပ်ကို ဆွဲချနေကြပြီဖြစ်ပါတယ်။

တစ်ပတ်လုပ်ခ ဒေါ်လာထောင်ချီရနေတဲ့ ဖျက်ဆီးရေးသမားတွေ၊ အမေရိကန်မှာ ခိုလှုံခွင့် မရလို့ ဆူပူဆန္ဒပြနေကြတဲ့ နိုင်ငံပေါင်းစုံအလံတစ်လူလူနဲ့ လူတွေ၊ မီးရှို့ခံထားရတဲ့ ရဲကားတွေနဲ့ အမေရိကန်ရဲ့မြင်ကွင်းတွေကတော့ စိတ်ပျက်စရာပါပဲ။ “Free Free Palestine ” ဆိုတဲ့ ကြွေးကြော်သံတွေ ပြည့်နေတယ်။ အခုလို အီရန်နဲ့ အစ္စရေးတင်းမာကြတော့ အီရန်ဘက် ကနေ စစ်ဝင်တိုက်ကြသင့်ပါတယ်။ ကျွန်တော်တို့နိုင်ငံကတော့ အမေရိကန်ထက် ဆိုးခဲ့တာပါ။ အမေရိကန်သံရုံးရဲ့ သူကောင်းပြုမှုနဲ့ ဆူပူအုံကြွမှုကာလအတွင်း လူသတ်မှုနဲ့ ဖမ်းခံရသူတွေပါ ဒီမိုကရက်တစ် သူရဲကောင်းတွေဖြစ်ခဲ့ကြတယ်။ ရာဇဝတ်သားတွေအတွက် ပရိုဖိုင်မည်းပေးမယ့် သံရုံးတွေရှိခဲ့ကြတယ်။

သာမန် ငြိမ်းချမ်းစွာ စီတန်းဆန္ဒပြတဲ့ Public Demonstration ကနေ ဆူပူအုံကြွမှု အသွင်ပြောင်းသွားရင် ထိန်းချုပ်ရခက်ပါတယ်။ ထရန့်အနေနဲ့လည်း ဒီအဓိကရုဏ်းဖြိုခွဲရေးကို အကြောင်းပြုပြီး နောက်ဆက်တွဲတွေ ရင်ဆိုင်ရနိုင်တယ်။ လူသုံးရာခန့် အသတ်ခံခဲ့ရပါတယ် ဝယ် ဆိုတဲ့ (၂၀၂၄ ဇူလိုင်) ဆူပူအုံကြွမှုကြောင့် ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ ဖြုတ် ချခံခဲ့ရတယ်။ နောက်ဆက်တွဲ တရားစွဲဆိုမှုတွေ ရှိနေသေးတယ်လို့ သိရတယ်။ ထိုင်းဝန်ကြီးချုပ် ဘင်း Abhisit Vejjajiva လည်း ဆန္ဒပြလူအုပ်ဟောင်းကို ဖြိုခွဲရာမှာ လူသတ်မှု ကျူးလွန်ပါတယ်ဆိုတဲ့စွဲချက်နဲ့ (၂၀၁၃) ခုနှစ်မှာ စွဲချက်တင်ခံခဲ့ရပြီး . (၂၀၁၄) မှာတော့ အမှုကနေ လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။ ဆူပူအုံကြွမှုကြမ်းရင် ကြမ်းသလို ကြမ်းကြမ်းတမ်းတမ်း ဖြိုခွဲရတတ်ပြီး အမှုတွေက နောက်ကပါလာတတ်တယ်။ ထရန့်လည်း ရင်ဆိုင်ရတာတွေရှိနိုင်ပါတယ်။

ဒီနေရာမှာ တိုင်းပြည်အတွက် စေတနာထားသတိပေးလိုတာက အမှုတစ်ခုကို အကြောင်းပြုပြီး လိုသလိုချဲ့ ကားသွားနိုင်တာမို့ ဒီခေတ်ကြီးမှာ Public Demonstration လုပ်ဖို့ စိတ်ကူးမယဉ်ပါနဲ့။ လူ့အ လူ့အုပ်ကြီးတစ်အုပ် လမ်းပေါ်တက်တာကစပြီး ဘာမဆိုဖြစ်သွားနိုင်ပါတယ် ဒီမိုကရက်ဝေ ရက်တွေ မဟုတ်တဲ့အတွက် ငွေကုန်ကြေးကျခံပြီး ပွဲစီစဉ်မယ့်လူတွေ မရှိဘူးဆိုသော်ငြား မီဒီယာလွှမ်းမိုးမှု (Media Coverage) ရသွားပါမယ်။ တပ်မတော်ကို တပ်မတော်ထောက်ခံသူတွေ ကိုယ်တိုင်က ပြန်ဆန့်ကျင်နေကြပါပြီဆိုပြီး မီဒီယာပေါင်းစုံမှာ ပျံ့သွားလိမ့်မယ်။ ပြည်သူ့စစ်နဲ့ ဗိုလ်မှူး အငြင်းပွားကြတဲ့ ဗီဒီယိုတောင် ဒီလောက်ပွရင် အကြောင်းတစ်ခုကြောင့် (ဥပမာ Speaker ဘယ်သူဘယ်ဝါကြောင့်) လမ်းပေါ်တက်ကြမယ်ဆိုရင် ဘယ်လောက်ဆိုးတဲ့ပုံရိပ်ဖြစ်မလဲ။ တွေးကြည့်လို့ရပါတယ်။

နောက်တစ်ခုက ဒီနေ့ခေတ်လို လက်နက်တွေ နေရာတကာပျံ့နေတဲ့ အနေအထားမှာ “အမျိုးသားရေးသမား/တပ်မတော်ထောက်ခံသူ” တွေကို လူစုပြီး လမ်းပေါ်တင်ရဲတဲ့ လူရဲ့ဉာဏ် ရည်ကလည်း တကယ့်ကို အံ့ဩစရာပါ။ လူစုမိရင် ဘာမဆို ဖြစ်သွားနိုင်ပါတယ်။ အစိုးရက ငြိမ်းစုစီနဲ့အညီ ခွင့်ပြုချက်ပေးရင်တောင် ဘာအာမခံချက်မှမရှိတဲ့ အပြင်အသက်နဲ့ ရင်းထား ကြရမယ့်လူတွေဟာ အမျိုးသားရေးသမားတွေ ဖြစ်ပါတယ်။

ကျွန်တော်ကတော့ ကိုယ့်အင်အားစုတွေကို လေးစားတန်ဖိုးထားသောအားဖြင့် ထောက် ပြခြင်းသာဖြစ်ပါတယ်။ Speaker တစ်ဦးဟာ တပ်မတော်ကို ထိုးနှက်ခွင့်တစ်ခုအဖြစ် ခံနိုင် တယ်ဆိုရင်၊ လူထုရဲ့ အသက်တွေရင်းပြီး လူစု အင်အားပြရတဲ့ထိ ထိုက်တန်တယ် ထင်ရင်တော့ ဖြင့်လုပ်ကြပေါ့။ မတားပါဘူး။ ဒီနေရာမှာ အစ္စရေးအစိုးရရဲ့ ခပ်ရွတ်ရွတ် ဖြေရှင်းနည်း တစ်ခုရှိပါတယ်။ နာမည်ကျော်တက်ကြွလှုပ်ရှားသူဖြစ်တဲ့ Greta Thunberg တစ်ယောက် ပါလက်စတိုင်းကိုအလာ အစ္စရေးရဲ့ ကြားဖြတ်ဖမ်းဆီးခြင်းကို ခံရပါတယ်။ အစ္စရေးက သူမကို တားဆီးနှင်ထုတ်တဲ့အပြင် ဟားမာ့စ်တွေရဲ့ အောက်တိုဘာ တိုက်ခိုက်မှု မှတ်တမ်း ဗီဒီယိုပါ သူမကို ပြသလိုက်သေးတယ် ဆိုတယ်။ ကဲကဲဆတ်တွေအတွက် ပြစ်မှုပုဒ်မတွေ ချပြနေမှ ကျော်မကောင်း၊ ကြားမကောင်းတွေ ဖြစ်ကြရပါဦးမယ်။

လူတိုင်းမှာ ကိုယ်ယုံကြည်ရာရှိတယ်။ ကိုယ်ဆုပ်ကိုင်ထားတဲ့ အမှန်တရားရှိတယ်။ ဖြစ်စေချင်တာတွေရှိတယ်။ လူစုဆန္ဒပြတဲ့ Public Demonstration ကတော့ အလျော်အစားကြီး ပါတယ်။ နိုင်ငံရေး ထောင်ချောက်လည်း ဖြစ်နိုင်တယ်။ မီဒီယာတိုက်ခိုက်မှုလည်း ခံရနိုင်တယ်။ `အခန့်မသင့်ရင် အသက်တွေနဲ့ရင်းရတဲ့ကိစ္စလည်း ဖြစ်နိုင်ပါတယ်။ လူမှန်ရင် ကိုယ့်ကိုကိုယ်ချစ်ပါ။ ကိုယ့်မိသားစုကို ချစ်ပါ။ ကိုယ့်တိုင်းပြည် ကိုယ့်နိုင်ငံကို စေတနာမှန်စွာ ချစ်တတ်ကြပါစေလို့ စေတနာဖြင့် အသိပေးအပ်ပါတယ်။

သန့်နေစိုး

(13. Jun. 2025)