Category: ပြည်တွင်းသတင်း

နိုင်ငံရေးနှင့် Public Relations

အစိုးရက လူအားငွေအင်အား အလုံးအရင်းသုံးပြီး Facebook ပေါ်မှာ ဝါဒဖြန့်လာကြောင်း ဆောင်းပါးခေါင်းစဉ်ကိုတွေ့တော့ ပြုံးမိပါသေးတယ်။ သူတို့စိတ်ထဲမှာ ဒီလောက်တစ်နိုင်ငံလုံးစစ်ဖြစ်နေတာတောင် စစ်သားတွေသံမောက်ဆောင်းပြီး Desktop တွေရှေ့ထိုင် ပို့စ်တင်နေကြမယ်များ ထင်နေကြလားမသိပါဘူး။ အစိုးရက ဆိုရှယ်မီဒီယာကို လွှမ်းမိုးဖို့နေ နေသာသာ ဘယ်လိုထိန်းချုပ်ရမလဲတောင် သိပုံမရပါဘူး။ ဒါကြောင့်လည်း Facebook ပေါ်က မဟုတ်တမ်းတရားတွေ သက်ဆိုးရှည်နေတာပါ။ သမ္မတရဲ့အရေးပေါ်ရံပုံငွေကနေ သန်းခြောက်ထောင်ကျော်သုံးပြီး Facebook ကို…