Category: Local News

လာမည့်(၈)နှစ်ခွဲအကြာတွင် မြစ်ဆုံစီမံကိန်းမှ မီးလင်းမည်ဟု ကချင်ဝန်ကြီးချုပ်ပြော

သန့်ဇင် (NP News) – ဇွန် ၂၇ မြစ်ဆုံ-မြစ်ညာ မြစ်ဝှမ်းရေအားလျှပ်စစ် စီမံကိန်းပြန်လည်စတင်တော့မည်ဖြစ်ကြောင်းနှင့် (၈) နှစ်ခွဲအကြာတွင် မီးလင်းမည်ဖြစ်ကြောင်း ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြောကြားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့်ကာလကလည်း ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဧရာဝတီမြစ် ဆုံ-မြစ်ညာ မြစ်ဝှမ်းရေအား လျှပ်စစ်စီမံကိန်းဆိုင်ရာ အထောက်အကူပြုရေးနှင့် ပူးပေါင်းဆောင်ရွက်‌ရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲ များကို အဆက်မပျက်ဆောင်ရွက်ခဲ့ပြီးနောက်…