နိုင်ငံတော်နှင့်တစ်ကိုယ်စာနိုင်ငံရေး
ကမ္ဘာ့နိုင်ငံရေးအရွေ့တွေ အချိန်နဲ့အမျှ ပြောင်းလဲနေတာနဲ့အမျှ နိုင်ငံရေး စီးပွားရေး စစ်ရေး ချိန်ခွင်လျှာတွေလည်း ပြောင်းလဲလာပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်အတွင်းမှာတော့ ဒေသ တွင်းက ရုရှားရင်းနှီးမြှုပ်နှံမှုအဖြစ် အာရုံစိုက် ခံရတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းက Hot Topic ဖြစ်ခဲ့တယ်။ တစ်ချိန်တည်းမှာပဲ ဗန်းမော်တိုက်ပွဲနဲ့ပတ်သက်တဲ့ သတင်းတွေကလည်း အတော် ပွဲဆူသွားပါတယ်။ နှစ်ခုစလုံးက သတင်းအချက်အလက်ကို ကစားကြတာမို့ ပြောစရာရှိလာ ပါတယ်။ ပထမဆုံးပြောချင်တာကတော့ ထားဝယ်ရေနက်ဆိပ်ကမ်းပေါ့။…
