အစိုးရက လူအားငွေအင်အား အလုံးအရင်းသုံးပြီး Facebook ပေါ်မှာ ဝါဒဖြန့်လာကြောင်း ဆောင်းပါးခေါင်းစဉ်ကိုတွေ့တော့ ပြုံးမိပါသေးတယ်။ သူတို့စိတ်ထဲမှာ ဒီလောက်တစ်နိုင်ငံလုံးစစ်ဖြစ်နေတာတောင် စစ်သားတွေသံမောက်ဆောင်းပြီး Desktop တွေရှေ့ထိုင် ပို့စ်တင်နေကြမယ်များ ထင်နေကြလားမသိပါဘူး။ အစိုးရက ဆိုရှယ်မီဒီယာကို လွှမ်းမိုးဖို့နေ နေသာသာ ဘယ်လိုထိန်းချုပ်ရမလဲတောင် သိပုံမရပါဘူး။ ဒါကြောင့်လည်း Facebook ပေါ်က မဟုတ်တမ်းတရားတွေ သက်ဆိုးရှည်နေတာပါ။ သမ္မတရဲ့အရေးပေါ်ရံပုံငွေကနေ သန်းခြောက်ထောင်ကျော်သုံးပြီး Facebook ကို ထိန်းချုပ်တာ NLD ပါ။ ဒီမိုကရေစီရဲ့ Freedom of Speech ကို ပုဒ်မပေါင်းစုံနဲ့ ကန့်သတ်ခဲ့ကာ ဘုရားစူး ဒီမိုကရက်တစ် NLD အစိုးရပါ။ ကိုယ်အသုံးမကျတာကိုယ်သိလို့ မဲခိုးတာပါ။ တကယ်က အတိုက် အခံတွေရော မီဒီယာတွေပါ သူတို့လက်ထက်မှာ မလှုပ်နိုင်ကြပါဘူး။ အဲဒါကိုပဲ သူတို့ကို အုံနဲ့ကျင်းနဲ့ ထောက်ခံကြပါတယ်လို့ အထင်မှားနေရင်တော့ဖြင့် ပြောစရာမရှိပါဘူး။
တကယ် Public Relations ကို ကျွမ်းကျင်ရင် အနီတွေပြောသလို ငွေသုံးပြီး လူအားနဲ့ ဝါဒဖြန့်စရာမလိုပါဘူး။ လူနည်းနည်းနဲ့လည်း ထိရောက်ပါတယ်။ PR Models တွေကို လိုသလိုသုံးတတ်ဖို့ပဲလိုတာပါ။ အဲဒီမှာမှ လူသိများတဲ့ PR Model လေးမျိုးရှိပါတယ်။ အဲဒါတွေကတော့-
1. Publicity Model
ပထမဆုံးပုံစံက Publicity Model ဖြစ်ပါတယ်။ အဲဒါကတော့ အကြမ်းဖက်တွေဘက်က တစ်သမတ်တည်း သုံးလာတဲ့ model ဖြစ်ပါတယ်။ Publicity Model က အခု သူတို့သုံးနေသလိုမျိုး မီဒီယာတွေအပေါ်မှာ အကောင်းမြင်ခံရတဲ့ ပုံရိပ်တွေ၊ သနားစရာ အပြစ်မဲ့နှစ်နာသူတွေ စတဲ့ပုံစံတွေနဲ့ လူတွေရဲ့အာရုံစိုက်မှုကို ရယူတာဖြစ်ပါတယ်။ ဒီက အကြမ်းဖက်တွေကတော့ လူထုအာရုံမစိုက်စိုက်အောင် ပါဖောမန့်စ်ပါ လုပ်ပြနေတယ်လို့ သိရပါတယ်။ Publicity Model ရဲ့ သဘာဝကိုက တိကျမှုတွေ၊ သတင်းအချက်အလက်တွေကို ထည့်မတွက်ပါဘူး။ သူတို့ရဲ့ လိုချင်တာကိုက ပုံရိပ်ကောင်းရဖို့ဖြစ်တယ်။ Storytelling ဆိုတဲ့ ဇာတ်ကြောင်းပြောနည်းတွေနဲ့ တဖွဲ့တနွဲ့ ငိုချင်းချပြတတ်ကြပါတယ်။ အခုတော့ ဖိုက်တာဂျက်တွေက သီချင်းအကျယ်ကြီးဖွင့်ပြီးလာပါတယ်လို့ ပြောတဲ့အဆင့်ရောက်နေရှာလို့ လူသားတစ်ဦးရဲ့စိတ်ကျန်းမာရေးကို ငဲ့ကွက်ပြီး မဝေဖန်တော့ပါဘူး။ ဒီလို Publicity Model ဟာ တစ်ဖက်က Public Information Model နဲ့တွေ့ရင် ခံရပါတယ်။
2. Public Information Model
ဒုတိယ mode ကတော့ အစိုးရကို သုံးစေချင်တဲ့ mode ဖြစ်တယ်။ ဒီပုံစံမှာတော့ တိကျတဲ့ သတင်းအချက်အလက်တွေ ပါလာပါပြီ။ လူထုကို ပွင့်လင်းမြင်သာမှုရှိရှိ ပေးသိလိုက်တာမျိုးပါ။ လက်ရှိအခြေအနေမှာ အစိုးရနဲ့တပ်မတော်ဘက်က ငွေအားလူအားသုံးပြီး ဝါဒဖြန့်တယ်ဆိုတာ မှားပါတယ်။ လူအများစုဆီမှာ သတင်းအချက်အလက် အစစ်ရောက်နေတာဖြစ်ပါတယ်။ အဲဒီအနေအထားကို Publicity Model က လုံးဝယှဉ်နိုင်ပါဘူး။
ဥပမာဆိုပါစို့ အကြမ်းဖက်တွေဘက်က အစိုးရကို ပုံဖျက်ဖို့ နိုင်ငံတကာမီဒီယာတွေပေါ် သတင်းလိမ်တင်ပါတယ်။ အဲဒီနိုင်ငံတကာမီဒီယာဟာ သူတို့ရဲ့စွပ်စွဲမှုအတွက် တိကျတဲ့ သက်သေမပြနိုင်ပင်မှာ အကြမ်းဖက်တွေရဲ့ International Humanitarian law ကို ထိုးဖောက်ကြောင်း သိသာထင်ရှားတဲ့ ဗီဒီယိုတွေဘုံနဲ့ကျင်းနဲ့ Comment ရေးခံလိုက်ရတဲ့ အနေအထားကို စဉ်းစားကြည့်ပါ။ လူရာဂဏန်းလောက်ရဲ့ သက်သေ အထိအကျနဲ့တင်တဲ့ တုံ့ပြန်ချက်က ထောင်နဲ့ချီတဲ့ မျက်ရည်ချူကော်မန့်တွေကို ရိုက်ချိုးနိုင်တယ်။ နိုင်ငံတကာမီဒီယာပို့ ကာလာမပါတဲ့ သတင်းဖတ်သူတွေကြား ပိုမိုတာသွားပါတယ်။ အရှုံးရော အမြတ်ပါကြီးတဲ့ Model တစ်ခုဖြစ်ပါတယ်။ မြင်တတ်ဖို့လိုတာပါ။ ဒီလိုဖြစ်ဖို့ဆိုရင် အစိုးရက သတင်းအချက်အလက် အစစ်တွေ ပိုမိုဖြန့်ဝေနိုင်ဖို့လိုကြောင်း လေးစားစွာဖြင့် ထောက်ပြလိုပါတယ်။
3. Two Way Asymmetrical Model
ဒါကတော့ ကျွန်တော် များသောအားဖြင့် သုံးလေ့ရှိတဲ့ Model ဖြစ်ပါတယ်။ Scientifically Persuasive (သိပ္ပံနည်းကျ သိမ်းသွင်းသော) နည်းလမ်းလို့လည်း ခေါ်ပါတယ်။ သုတေသနတွေ၊ အချက်အလက်တွေသုံးပြီး လူထုအမြင်ကို ပြောင်းပစ်တာမျိုးပါ။
ဥပမာ – အကြမ်းဖက်တွေရဲ့လုပ်ရပ်ကို ဝေဖန်ပြစ်တင်ဖို့ နိုင်ငံတကာဥပဒေတွေကို ကိုးကားတာမျိုး နိုင်ငံရေးအရွေ့တစ်ခုကိုဝေဖန်ဖို့ Favouritism/ Nepotism တွေသုံးပြီး သုံးသပ်တာမျိုး စတဲ့ပညာရပ်တွေသုံးပြီး ကျွန်တော်ပြချင်တဲ့ အပြင်တွေကို ချပြတာမျိုးကျ Two Way Asymmetrical Model ဖြစ်ပါတယ်။
ဒီနေရာမှာ ကျွန်တော့်အနေနဲ့ အစိုးရရဲ့မူဝါဒတွေကို လူထုကိုလက်ခံစေချင်တာလား၊ ဆန့်ကျင်စေချင်တာလားဆိုတဲ့ ရည်ရွယ်ချက်ပေါ် မူတည်ပြီး ပညာရပ်တွေကို လိုသလိုသုံးတာပါ။ NLD အစိုးရသက်တမ်းတစ်လျှောက် လည်းကျွန်တော်က ဒီ Model ကိုပဲ အသုံးများပါတယ်။ ရက်ရက်စက်စက် ဝေဒန်သော်လည်း ပညာရပ်ပိုင်းဆိုင်ရာအရ သိပ်ဝိုင်မာတဲ့အခါ ပုဒ်မတွေကနေ လက်မတင်လေးလွတ်ပါတယ်။ (အဘ ဦးသောင်းအေးအပါအဝင် လူကြီးတွေက မကြာခဏ လာဖြောင်းဖျရတာတော့ များပါတယ်)
အခု လေကြောင်းတိုက်ခိုက်မှုမဟုတ်ကြောင်း ဖြေရှင်းကြသူများကလည်း လက်နက်တွေရဲ့ သဘောသဘာဝကို သိပ္ပံနည်းကျ တိတိကျကျရှင်းလင်းပြပေးကြတာမို့ Two Way Asymmetrical Model ထဲမှာ မရည်ရွယ်ဘဲ အကျုံးဝင်သွားပါတယ်။ သိပ်ထိရောက် သလောက်ပြင်းထန်တဲ့ သက်ရောက်မှုရှိတဲ့ ဒီ Model ကို ခင်ဗျားတို့ အကြမ်းဖက်တွေဘက်မှာ ရှာလို့တွေ့ မှာမဟုတ်ပါဘူး။
4. Two Way Symmetrical Model
နောက်ဆုံးတစ်ခုကတော့ မျှခြေတစ်ခုရအောင် နှစ်ဦးနှစ်ဖက် ဆွေးနွေးညှိနှိုင်းကြတဲ့ Moda ဖြစ်ပါတယ်။ ဆက်ဆံရေးတစ်ခုမှာ ဘက်နှစ်ဘက်ပါပါတယ်။ မတူညီတဲ့ အကျိုးစီးပွားတွေ ပါပါတယ်။
အဲဒီ အကျိုးစီးပွားတွေအတွက် အပြုသဘောဆောင်တဲ့ ရလပ်တွေရအောင် ဆွေးနွေးကြတာ ညှိနှိုင်းကြတာမျိုးကတော့ (ဘယ်သူ့ ဘယ်သူမှ အသာစီးရ လွှမ်းမိုးဖို့မကြိုးစားတော့) Two Way Symmetrical Model ယူဆကြပါတယ်။
နိုင်ငံရေး ယဉ်ကျေးမှုမြင့်မားလာတဲ့အခါ နိုင်ငံတော်နဲ့ အမျိုးသားအကျိုးစီးပွားအတွက် စားပွဲဝိုင်းမှာ ဆွေးနွေးညှိနှိုင်းကြတဲ့ ယဉ်ကျေးမှုတစ်ရပ် ထွန်းကားလာတဲ့အခါ ကျွန်တော့်အနေနဲ့လည်း သက်သေပြစ်ရာ Case Study တစ်ခု ထုတ်ပြလို့ရမှာဖြစ်ပေမဲ့ လောလောဆယ်တော့ မျှော်လင့်ရုံသာ ရှိပါသေးတယ်။
ဒီတော့ ဆိုခဲ့ပြီးသော အယူအဆတွေကို ပြန်ကောက်ရသည်ရှိသော် အကြမ်းဖက်တွေဘက်က မီဒီယာအားလုံး၊ ပုံပြင်ပြော၊ မျက်ရည်ထိုးဇာတ်နဲ့ Publicity Model တစ်မျိုးကိုသာ အပြောင်းအလဲမရှိ သုံးနေပေမဲ့ အစိုးရဘက်ကလူတွေကတော့ Public Information Model နဲ့ Two Way Asymmetrical Model ကို ရေလဲနဲ့သုံးနေတာတွေ့ရပါလိမ့်မယ်။ သေချာတာကတော့ ကိုယ့်ထမင်းကိုယ်စားပြီး ရင်ဘတ်ထဲမှာ သုံးရောင်ခြယ်ကြယ်ဖြူအလံလွှင့်နေတဲ့ Account တွေအတွက် လူကြီးမင်းတို့ တစ်ပြားမှဘတ်ဂျက်မသုံးထားကြတာ လူကြီးမင်းတို့အသိဆုံးဖြစ်ပါတယ်။ ဒါကလည်း ဘုန်းတော်ပဲလို့ ဆိုရမလားတောင်မသိတော့ပါဘူး။ လက်ထက်တော်ကြီးမှာဖြင့် ကိုယ့်ထမင်းကိုယ်စားပြီး ကြီးတော်နွား ကျောင်းကြသူတွေများလွန်းတယ်။
ကျွန်တော်ပြောတဲ့ Model တွေဟာ နိုင်ငံရေးဆိုင်ရာ လူထုဆက်ဆံရေးမှာပါ လက်တွေ့အသုံးချလို့ရတာပို့ နိုင်ငံရေးပါတီတွေလည်း လိုအပ်သလို အသုံးပြုလို့ရပါတယ်။ ကိုယ်ရွေးလိုက်တဲ့နည်းက ကိုယ့်ပါတီရဲ့ပုံရိပ်ကိုပါ တည်ဆောက်ပေးပြီးသား ဖြစ်ပါလိမ့်မယ်။ PR သဘောတရား ဘာတစ်ခုမှနားမလည်ဘဲ စစ်တပ်ကသံခမောက်ထောင်းပြီး ကွန်ပျူတာကြီးတွေနဲ့ ပါဒဖြန့်နေကြတယ် ထင်သူများအတွက်တော့ ဝမ်းနည်းပါတယ်။
သန့်နေစိုး
(16. May. 2025)
#BulletNewsJournal
