မူးယစ်ဆေးဝါးတင်ပို့တဲ့ နိုင်ငံတွေ စာရင်းမှာ မြန်မာနိုင်ငံကို အမေရိကန်က ထည့်သွင်းလိုက်ကြောင်း သတင်းတက်လာတော့ ပြုံးရပါသေးတယ်။ လိုတာမရတော့ ထရန့် စိတ်ကောက်တယ်ပေါ့။ အမေရိကန်သမ္မတ ထရန့်လက်ထက်မှာ ကျွန်တော်တို့ မြန်မာနိုင်ငံက အပြုသဘော ဆောင်တဲ့ ဆက်ဆံရေးတွေ ဖြစ်ပေါ်ခဲ့တာလည်း ငြင်းမရဘူး။ မြေရှားထုတ်လုပ်မှု ထိပ်တန်းသုံး နိုင်ငံစာရင်းမှာ “မြန်မာ” ပါဝင်လာပြီး ကတည်းက သမ္မတထရန့်ရဲ့ မြန်မာ့မြေရှားအပေါ် အာရုံစူးစိုက်မှုက ပိုသိသာလာခဲ့တယ်။ အဲဒီတုန်းကတောင် မြေရှားနဲ့ပတ်သက်ရင် အမေရိကန်ထက် တရုတ်နဲ့ အရင် ဆွေးနွေးသင့်တယ်လို့ ရေးလိုက်ပါသေးတယ်။

အကြောင်းက အမေရိကန်လို့ ပြောလိုက်ရင် ကျွန်တော်အမြဲစွဲနေတဲ့ မှတ်ချက်တစ်ခုကြောင့်ပဲ။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်းလည်းဖြစ် ဩဇာတိက္ကမကြီးမားတဲ့ သံတမန်ကြီးလည်းဖြစ်တဲ့ Henry Kissinger ရဲ့ အမေရိကန် ပြည်ထောင်စုနဲ့ ပတ်သက်တဲ့ မှတ်ချက်ကြောင့်ပါ။

To be an enemy of America can be dangerous, but to be a friend is fatal.” (အမေရိကနဲ့ ရန်သူဖြစ်မယ်ဆိုရင် အန္တရာယ်ရှိနိုင်တယ်။ ဒါပေမဲ့ မိတ်ဆွေဖြစ်မယ်ဆိုရင်တော့ သေလောက်တယ်)

အမေရိကန်ပြည်ထောင်စုလို့ ပြောလိုက်တိုင်း ကျွန်တော် အဲဒီမှတ်ချက်ကို အရင်တွေးတယ်။ စောဒက တက်လို့ရပါတယ်။ အမေရိကန်က အစ္စရေးကို ကာကွယ်တာပဲပေါ့။ မတူပါဘူး။ ဂျူးလူမျိုးတွေက အမေရိကန်နိုင်ငံရေးမှာ ထိပ်တန်းအဆင့် ဩဇာကြီးကြတယ်။ အမေရိကန်လိုချင်တဲ့ နိုင်ငံရေး အခင်းအကျင်းကို သူတို့က လိုက်ပါဖော်ဆောင်ပေးနိုင်တယ်။ ကျွန်တော်တို့က သူတို့လိုမဟုတ်ဘူး။

အခု အစ္စရေးက ကာတာကို ဗုံးဝင်ကြဲတာရဲ့ နောက်ဆက်တွဲတွေကလည်း Kissinger ရဲ့ မှတ်ချက်ကို မှန်ကန်ကြောင်း သက်သေထူနေသလို ဖြစ်လာနေတယ်။ အမေရိကန်ဟာ အာရပ်တွေရဲ့ အမျိုးသားလုံခြုံရေးကို အာမခံချက် မပေးနိုင်တော့တဲ့အခါ နျူပိုင်ထားတဲ့ ပါကစ္စတန်က အခု အစ္စရေးက ကာတာကို ဗုံးဝင်ကြဲတာရဲ့ နောက်ဆက်တွဲတွေကလည်း Kissinger ရဲ့ မှတ်ချက်ကို မှန်ကန်ကြောင်း သက်သေထူနေသလို ဖြစ်လာနေတယ်။ အမေရိကန်ဟာ အာရပ်တွေရဲ့ အမျိုးသားလုံခြုံရေးကို အာမခံချက် မပေးနိုင်တော့တဲ့အခါ နျူပိုင်ထားတဲ့ ပါကစ္စတန်က အာရပ်နိုင်ငံတွေကြားထဲ ဝင်ဆံ့လာတယ်။ Multipolar အခင်းအကျင်းမှာ ကျွန်တော်တို့ရဲ့ အစိုးရဟာ မိမိတို့နိုင်ငံရဲ့ အမျိုးသား အကျိုးစီးပွားနဲ့ အမျိုးသား လုံခြုံရေးအတွက် ရွေးချယ်မှုတစ်ခုချင်းစီကို သတိထား ပြုလုပ်နေကြရပါတယ်။ ဒါကြောင့်လည်း စံချိန်မီ ပညာရည်ပြည့်တဲ့ အစိုးရတစ်ရပ်ကို စဉ်ဆက်မပြတ် ရရှိဖို့ ကျွန်တော်တို့ သေရေးရှင်ရေးတမျှ လိုအပ်နေတာဖြစ်တယ်။ ရွေးချယ်မှုတစ်ခု မှားတာနဲ့ အကုနိပျက်စီးမှာပါ။ ဆက်ပြောရရင် အိန္ဒိယကလည်း မြေရှားနမူနာရဖို့ ကချင်သူပုန်နဲ့ ဆက်သွယ်တယ်ဆိုတဲ့ သတင်းတွေ သိုးသိုးသန့်သန့် ထွက်လာတယ်။ လက်ရှိအစိုးရဟာ Diplomacy အထိန်းအကျောင်း ကောင်းတာမို့ စိုးရိမ်စရာမရှိဘူး။ ကျွန်တော်တို့ အာရုံစိုက်ရမှာက ကချင်သူပုန်တွေ လက်ထဲမှာ ပေးစရာ မြေရှားနမူနာ မရှိတော့ဖို့ပဲ။ လုပ်စရာက များများစားစား မရှိပါဘူး။

နောက်တစ်ခုက အိုင်စီဂျေ အသံထွက်လာတဲ့ ရခိုင်သူပုန်က အခုတလော ဘင်္ဂလီတွေနဲ့ ချစ်ကြည်ရေး ကမူးရှူးထိုး တည်ဆောက်နေပတယ်။ ဒီနေရာမှာ တပ်မတော်က ကြားဝင်ပါစရာ မလိုသေးပါဘူ။ ဘင်္ဂါလီဘောမ‘ရခိုင်သူပုန်နဲ့ ရခိုင်အမျိုးသားရေး စိတ်ဓာတ် စစ်စစ်ကို ထိပ်တိုက် တွေ့ပေးလိုက်တာက အကောင်းဆုံးပါ။ လိုအပ်ရင် ပြည်မထဲရောက်နေတဲ့ ရခိုင်တွေကိုပါ ပြန်ပို့လိုက်ပေါ့။ ကမ္ဘာမှာ Clash of Civilizations ဖြစ်လာပြီ။ ပညာရှိတဲ့ အမြင်ကျယ်တဲ့ ရခိုင်လူမျိုးကို အမှန်တကယ် ချစ်မြတ်နိုးတဲ့. ဗုဒ္ဓဘာသာ ရခိုင်လူမျိုးတွေရှိရင် သူတို့ပြည်နယ်ကို သူတို့ ကယ်ကြပါစေပေါ့။ စစ်ရေးနဲ့ ပတ်သက်လို့ကတော့ တပ်မတော်ဘက်က “ကျောက်တော်မြို့” မှာ စစ်ရေးဖော်ဆောင်မှုတိုင်းအတွက် ကျွန်တော်တို့ကလည်း (၉၁၂) ထဲကနေ ဖြည်းဖြည်းချင်း နုတ်ပေးသွားနိုင်ပါတယ်။

ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ကျွန်တော်တို့နိုင်ငံက ဒီမိုကရေစီထက် “ယဉ်ကျေးဖို့ ပိုလိုအပ်တဲ့ တိုင်းပြည်” ဖြစ်နေတုန်းပါပဲ။ စကားစပ်မိလို့ပြောတာပါ။ အာဏာထိန်းစ ကာလမှာ ရုပ်ရှင်မင်းသမီး သက်မွန်မြင့်က “ဒလံဆို ဇွပ်” လို့ တင်လိုက်တုန်းက “ထင်ရှားကျော်ကြားသူ တစ်ဦးအနေနဲ့ ဒီလိုမရေးသင့်ဘူး။ ဖြစ်လာသမျှ .. အမှုတွေတိုင်းအတွက် လူတစ်ယောက်သေတိုင်း ခင်ဗျား သံသရာကြွေး တစ်ခုတိုးတယ်” လို့ ဝင်ရေးချင်ပေမယ့် သူကိုယ်တိုင်က သွေးလေးဖက်နာလား ဘာလား ရှိနေတော့ “ရောဂါသည် တစ်ယောက်ကို မပြောသင့်ပါဘူးလေ” ဆိုတဲ့စိတ်တစ်ခုတည်းနဲ့ ငြိမ်နေခဲ့ဖူးတယ်။ မသေခင် လေး လူလိုနေရစေချင်တာပေါ့။

ဒါပေမဲ့ တစ်ဖက်ကကျတော့ လူ့ကျင့်ဝတ် မရှိတော့ဘူး။ အခု Charlie Kirk လုပ်ကြံခံရမှု အတွက် ဝမ်းသာကြောင်း ပို့စ်တင်ကြတဲ့ လူတွေ လို မြန်မာမှာလည်း လူသေတာကို မိုက်မိုက် ရိုင်းရိုင်း အောင်ပွဲခံကြတယ်။ မြန်မာနဲ့မတူတာက ဒီမိုကရက်ဘိုးအေ အမေရိကန်က ဘာဖြစ်နေနေ “လူ့ယဉ်ကျေးမှုစံတန်ဖိုး” တော့ အပျက်မခံဘူး။ Charlie Kirk ကွယ်လွန်တာကို ဝမ်းသာကြောင်း ပို့စ်တင်ရင် ဝန်ထမ်းတွေ၊ ပါမောက္ခတွေလည်း အလုပ်ပြုတ်တယ်။ ABC ရဲ့ Jimmy Kimmel Live လည်း လောလောဆယ် ဆိုင်းငံ့ခံရတယ်။

တစ်ဖက်ကလည်း သူတို့ရဲ့ စိတ်ခံစားမှုအရ ဝမ်းသာကြောင်းပြတာကို အခုလိုလုပ်တာက မတရားဘူး လို့ အော်ကြသလို လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို ဒီလောက် တန်ဖိုးထားရင် အနိုင်ရအောင် စကားစစ်ထိုးပါလား။ လူတစ်ယောက်ကို စကားပြောခွင့် မရအောင် သတ်စရာ လိုလို့လား ဆိုတာက တစ်ဖက်နဲ့ ပွဲတွေဆူနေ ကြပြန်ပါတယ်။ အသိဉာဏ် မြင့်မားတဲ့ နိုင်ငံ တွေမှာတော့ လူဆိုတဲ့ ဖြစ်တည်မှုဟာ တန်ဖိုးရှိ´ပေမယ့် မြန်မာနိုင်ငံမှာတော့ နိုင်ငံရေးကို ဘာ တစ်ခုမှမသိတဲ့ ရုပ်ရှင်မင်းသမီး တစ်ယောက်ရဲ့ စကားနဲ့လည်း ဒုက္ခရောက်နိုင်ပါတယ်။

ဒီတော့ ကျွန်တော်တို့နိုင်ငံဟာ “အထိန်းအကျောင်း” တွေ လိုအပ်နေပါသေးတယ်။ ဒီမိုကရေစီထက် တရားဥပဒေစိုးမိုးဖို့ပိုလိုအပ်တယ်။ အတိုက်အခံပါတီထက် ဂလယ်အူကြောင် ဂယောင်ဂယင် နိုင်ငံရေးသမားတွေ ပလ္လင်ပေါ် ရောက်မလာဖို့ ပိုအရေးကြီးတယ်။ ပညာရှိမှဖြစ် ပါမယ်။ ရွေးချယ်မှုတိုင်းကို ပညာနဲ့ယှဉ်ပြီး ရွေးမှ ဖြစ်မယ်။

အကြောင်းက…

သားရဲတောကြီးနဲ့တူတဲ့ ဒီလောကကြီးမှာ ကျွန်တော်တို့အတွက် “ပညာ” နဲ့ တူတဲ့ မိတ် ဆွေဆိုတာ မရှိလို့ပါပဲ။

နိုင်ငံတော်ကြီး တည်တံ့ပါစေ ။ ။

သန့်နေစိုး

(19. Sept. 2025)

Bullet Journal, 25-9-2025