အောင်နိုင်သူ(ဇွဲကပင်)

အခုတလော မီဒီယာတွေအပေါ် တက်လာတဲ့ ရခိုင်သတင်းတွေက တစ်ခုမှ ကောင်းတာ မတွေ့ ရဘူး။

စက်တင်ဘာ ၁၃ ရက်က ရန်ကုန်မြို့ ရှိ မြို့နယ် သုံးခုမှာ မလေးရှားနိုင်ငံသို့ ပို့ဆောင်မယ့် ကျပ်ဘီလီယံ ၁၇၀ ကျော်တန်ဖိုး ရှိ မူးယစ်ဆေးဝါးများနှင့်အတူ AA အဖွဲ့က ထောက်ပံ့ရေး ဒုတိယ တာဝန်ခံ ထွန်းထွန်းနိုင်နှင့် အဖွဲ့ဝင် အေးသန်းထွန်းတို့ အပါအဝင် အားလျံ(ခေါ်) ဝမ်ရှင်းလျံ၊ ထွန်းထွန်းနိုင် (ခေါ်) အယ်လ်တီ၊ အေးမြင့်နှင့် လင်းမင်းထက်တို့ ၆ ယောက်ကို အိုက်စ် ၁၈၄၀ ကီလိုဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား အပြား သိန်း ၄၀၊ ဘိန်း ဖြူအမှုန့် ၁၄ ကီလိုဂရမ်၊ Canter အဖြူ ရောင်ယာဉ်တစီးဖြင့် ဖမ်းမိခဲ့ကြောင်း အစိုးရသတင်းဌာနများက ထုတ်ပြန်ကြေညာခဲ့ ပါတယ်။ AA ထောက်ပို့တာဝန်ခံတွေရဲ့ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ဖောက်ကားရန် ပြုလုပ်မှု ကြောင့် ယခုလို ဖမ်းဆီးရမိတဲ့ သတင်းတွေက မကြာခဏဆိုသလို အစိုးရပိုင် သတင်းဌာနတွေက မကြာခဏ ထုတ်ပြန်ကြေညာခဲ့တာကိုလည်း တွေ့ကြရမှာဖြစ်ပါတယ်။

မူးယစ်ဆေးဝါးရောင်းဝယ်မှု အမြတ်ရငွေများကတဆင့် AA အကြမ်းဖက်အဖွဲ့ကို တည်ဆောက်နေ ခဲ့တာ အတော်ကြာပြီး ဖြစ်ပါတယ်။ ဒါကြောင့်လည်း စက်တင်ဘာ ၁၅ ရက်က “ဘင်္ဂါလီ (မူရင်းတွင် ရိုဟင်ဂျာဟု ဖော်ပြ) တွေက ယာဘဆေးပြားတွေကို အဓိက `မှောင်ခိုကူးသူတွေ ဖြစ်ပါတယ်။ သူတို့က မူးယစ်ဆေးတွေကို လျင်လျင်မြန်မြန် ရွှေ့ပြောင်းနေတာကြောင့် သူတို့ကို ဖမ်းမိဖို့ ခက်ခဲပါတယ်။ ကျွန်တော်တို့နိုင်ငံထဲက မသမာသူတချို့က သူတို့ရဲ့ အကျိုးစီးပွားအတွက် မြန်မာနိုင်ငံရဲ့ AA လက်နက်ကိုင်အဖွဲ့ဆီက မူးယစ်စိတ်ကြွဆေးပြားတွေကို ယူပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲကို သွင်းနေကြပါတယ်” ဟု ဘင်္ဂလားဒေ့ရှ်ရဲ့ Ramu Sector တပ်မှူး ဗိုလ်မှူးကြီး မိုဟီဒူဒင် အာမက်က ကော့ဘဇား ဟိုတယ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါ တယ်။

ဒါကို ကြည့်ခြင်းအားဖြင့် AA ရဲ့ မူးယစ်ဆေးဝါးရောင်းဝယ်မှုတွေကို နိုင်ငံတကာက သိရှိသွားပြီး ဖြစ်သလို ပြင်းပြင်းထန်ထန် ထိထိရောက်ရောက် အရေးယူမှုတွေလုပ်ဖို့ပါ တောင်းဆိုလာကြပြီး ဖြစ်ပါတယ်။ ဒါ့အပြင် စက်တင်ဘာလ ၃ ရက်က အကြမ်းဖက်အဖွဲ့ (AA) ရဲ့ ခေါင်းဆောင်တွေဖြစ်တဲ့ ထွန်းမြတ်နိုင်၊ ညိုထွန်းအောင်နဲ့ အမိန့်ပေးကွပ်ကဲမှုတွေမှာ ပါဝင်သူတွေကို ဖမ်းဝရမ်းထုတ်ပေးဖို့ ယူကေအခြေစိုက် မြန်မာ ရိုဟင်ဂျာ အဖွဲ့ အစည်း (BROUK) က အာဂျင်တီးနား ဖက်ဒရယ် တရားရုံးကို တောင်းဆိုလိုက်တယ်လို့ ထုတ်ပြန်လာပါတယ်။

UNHCR ရဲ့ ဩဂုတ် ၂၉ ရက်က ထုတ်ပြန်တဲ့အစီရင်ခံစာမှာ ဘင်္ဂလီအရပ်သားတွေအပေါ် အကြမ်းဖက်အဖွဲ့ (AA) က ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို မှတ်တမ်းတင်ထားတယ်လို့ BROUK က ထုတ်ပြန်ထားပြန်ပါတယ်။ ဒီသတင်းတွေ အားလုံးကို ဆက်စပ်ကြည့်လိုက်ရင် ရခိုင်မှာ AA နဲ့ ရခိုင့် လူ့အဖွဲ့အစည်းရဲ့ အခန်းကဏ္ဍနဲ့ ရက္ခိတ လမ်းစဉ်တွေ ပျောက်ဆုံးသွားပြီး ဘင်္ဂါလီအရေးကိုသာ နိုင်ငံတကာက ရှေ့တန်းတင်လာကြတာကို တွေ့ရမှာပဲဖြစ်ပါတယ်။ တစ်နည်းဆိုရသော် ရခိုင်ပြည်နယ်မှာ နိုင်ငံတကာက AA ကို လုံးဝ မျက်နှာသာ မပေးဘဲ မူးယစ်ဆေးဝါးမှုနဲ့ ဘင်္ဂါလီတွေ အပေါ် လူမျိုးသုဉ်း သတ်ဖြတ်တယ်ဆိုတဲ့ ရာဇဝတ်မှု တွေနဲ့ ချည်နှောင်ထားပြီး လှုပ်မရအောင် ဖိအားပေးလာနေတာ တွေ့ရ တယ်။

အခုလို AA ကို နိုင်ငံတကာက ဘာကြောင့် ဖိအားပေးထားရသလဲ ဆိုပြီး ပြန်ဆန်းစစ်တဲ့အခါ AA ရဲ့ နိုင်ငံရေးပါးမဝလို့ဖြစ်ပါတယ်။ ဒါ့ကြောင့်အကြမ်းဖက် AA အဖွဲ့ရဲ့ ဉာဏ်ပညာ အမြော်အမြင်နည်းပါးမှု ဆန်းစစ်ဝေဖန်ကြည့်ကြပါမယ်။ တကယ်ဆိုရင် ရခိုင်ပြည်နယ်ဟာ တော်တော် အေးချမ်းခဲ့တဲ့ ပြည်နယ်ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုအေးချမ်းခဲ့မှုတွေက AA မပေါ်လာခင်အထိပဲ ဆိုရမှာ ဖြစ်ပါတယ်။ ရခိုင်ကအေးချမ်းတယ် ဆိုပေမယ့် သဘာဝ ဓာတ်ငွေ့ တွေ ထွက်လျက်နဲ့ ဆင်းရဲရပါတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ထွန်းမြတ်နိုင် ဦးဆောင်ပြီး သူပုန်ထကြပါတယ်။

ထွန်းမြတ်နိုင်ရဲ့လိုလားလာချက်က ရခိုင်ဘုရင့်နိုင်ငံဆိုတဲ့ ပဒေသရာဇ်ရူး တာကတော့ အဓိက ဖြစ်နေတာတွေ့ရတယ်။ ဒီလိုရှေ့ပဝေသဏီထဲက ဒဏ္ဍာရီလိုလို ပုံပြင်လိုလို သမိုင်းလိုလို အတိတ်ကို ပြန်သွတ်သွင်းနိုင်မှလည်း ရခိုင်တွေကို စစ်စည်းရုံးနိုင်မှာ ထွန်းမြတ်နိုင် တို့အုပ်စုက ကောင်းကောင်း သဘောပေါက်ထားကြတယ်။ ဒါ့ကြောင့် ယခင်ထဲက ဆူလွယ်နပ်လွယ်တဲ့ ရခိုင်လူမျိုးတွေရဲ့ ဗီဇ စရိုက် အသုံးချကာ ရက္ခိတလမ်းစဉ်လို့ ပြောလိုက်တာနဲ့ AA အားပေး ရခိုင်လူမျိုးတွေဟာ အမှန်အမှား မခွဲခြားနိုင်တော့ဘူး ဖြစ်သွားကြပါတယ်။ ဒါ့ကြောင့် AA အကြမ်းဖက်အဖွဲ့ကို မထောက်ခံ လက်မခံရင် ရခိုင်မှာရှိတဲ့ ကိုယ်နဲ့ လူမျိုးတူ၊ မျိုးနွယ်တူ ယဉ်ကျေးမှု ဘာသာတူတဲ့ ဘယ်မြန်မာတိုင်းရင်းသားများကိုမဆို ရန်သူလို့ သဘောထားပြီး မီးကုန်ယမ်းကုန် သောင်းကျန်းကာ ကျေးဇူးကန်းကြပါတော့တယ်။

အကြမ်းဖက် AA ခေါင်းဆောင် ထွန်းမြတ်နိုင်ရဲ့အင်တာဗျူးတွေကို လိုက်ကြည့်ကြည့်ပါ။ ခွဲထွက်မယ်တို့ ၊ ဝ လို ကွန်ဖက်ဒရိတ် လိုချင်တာတို့တွေကို ထပ်ခါထပ်ခါ ပြောတာတွေ့ရပါလိမ့်မယ်။

ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ AA အဖွဲ့ကိုရော ရခိုင့်လူ့အဖွဲ့အစည်းကိုပါ ဘယ်နိုင်ငံတကာအဖွဲ့အစည်းမှ လူရာမသွင်းကြဘူးဆိုတာကိုတော့ ထွန်းမြတ်နိုင် မစဉ်းစားမီ သလိုဉာဏ်မီပုံလည်း မရပါဘူး။ တကယ်ဆိုရင် ပင်လယ်ထွက်ပေါက်ကြီး ရှိနေတဲ့အပြင် မြို့ နယ် ၁၄ ခု လောက် ယာယီထိန်းချုပ်ထားတဲ့ AA ကို ခွဲထွက်စေလိုတဲ့ ဆန္ဒမျိုးသာ နိုင်ငံတကာမှာ တကယ် ရှိခဲ့ရင် AA ခေါင်းဆောင် ထွန်းမြတ်နိုင် တို့အုပ်စုကို မူးယစ်ဂိုဏ်းခေါင်းဆောင်လို့ ဘယ်နိုင်ငံမှ စွပ်စွဲကြမှာ မဟုတ်ပါဘူး။ ဘင်္ဂါလီတွေကို လူမျိုးတုန်းသတ်ဖြတ်တဲ့ ရာဇဝတ်ကောင်လို့လည်း အပြစ်တင်နေကြမှာ မဟုတ်ပါဘူး။

အခုတော့ AA ကိုရော ရခိုင့်လူ့အဖွဲ့အစည်းကိုပါ ဘယ်သူမှ လူရာမသွင်းတဲ့အပြင် AA လို့ ဆိုလိုက်တာနဲ့ မူးယစ်ဂိုဏ်းအဖွဲ့၊ ဘင်္ဂါလီတွေကို လူမျိုးသုဉ်းသတ်ဖြတ်တဲ့ ရာဇဝတ်ကောင်တွေအဖြစ်နဲ့သာ နိုင်ငံတကာ ရှုမြင်နေကြပါတယ်။

တစ်ခုတော့ ရှိပါတယ်။ AA နေရာ မှာ ဘင်္ဂါလီတွေ၊ ARSA တွေသာ ဖြစ်နေမယ်ဆိုရင် တော့ ဘာပြောကောင်းလိုက်မလဲ၊ နိုင်ငံတကာက အသိမှတ်ပြုတာ ကြာလောက်ပြီးဖြစ်ပါတယ်။ နိုင်ငံတကာက သီးသန့်ဇုန်ထောင်ပေးဖို့ကစလို ခွဲထွက်ခွင့်ပေးဖို့ အထိတောင်းဆိုလို့တောင် ပြီးလောက်ပြီထင်ပါတယ်။

. အခုပဲ လေ့လာ ကြည့်လေ၊ မည်သည့် နိုင်ငံရေး ၊ စစ်ရေး ရလဒ်မှ ပြစရာ မရှိတဲ့ ဘင်္ဂါလီအရေးကိုပဲ နိုင်ငံတကာက ရှေ့တန်းတင် နေရာပေး လုပ်ဆောင်လာလို့ ရက္ခိတသမားကြီးက ဘင်္ဂါလီတွေကို ဒူးထောက်အညံ့ခံနေရပြီး မဟုတ်လား။ AA က ခေါင်းဆောင်ထွန်းမြတ်နိုင် ကိုယ်တိုင် မောင်တော ဗလီကြီးကိုယ် တိုင် သွားဖွင့်ပေးခဲ့ရတယ်။ မောလဲဝီဆရာတွေနဲ့ ဘင်္ဂါလီတွေကို မျက်နှာချိုသွေးပြီး ဆက်ဆံနေရတယ်။ ဘင်္ဂါလီလူမျိုးတွေကို AA အဖွဲ့ထဲထည့်ပြီး လက်နက်ကိုင်ဆောင်ခွင့် ပေးနေရတယ်။ ဘင်္ဂါလီလူမျိုးတွေကို အုပ်ချုပ်ရေးပိုင်းမှာ တာဝန်ပေးပြီး အတူတကွပူးပေါင်း အုပ်ချုပ်ပါမယ်ဆိုပြီး ကတိပြုထားရပြီး ဖြစ်ပါတယ်။

ဒါကအခုမှ မဟုတ်ပါဘူး။ ခေတ်အဆက်ဆက်အစိုးရတိုင်းကို နိုင်ငံတကာကနေ ဒီဘင်္ဂါလီလူ့လူ့အဖွဲ့ အစည်းကို နတ်နေကိုင်း သဖွယ်သဘောထားပြီး ဌာနေတိုင်းရင်းသားတွေကို ကျီးထိုးထိုး ခွေးစားစားဆိုပြီး လုပ်နေကျပဲ ဖြစ်ပါတယ်။ဒါက သူတို့တွေရဲ့ မဟာဗျူဟာပလန်ကြီးလည်း ဖြစ်ပါတယ်။

ဒါကြောင့် ထွန်းမြတ်နိုင် ဦးဆောင်တဲ့ AA ခေါင်းဆောင်တွေနဲ့ ရခိုင့်လူ့အဖွဲ့အစည်းကို ပြောချင်တာက ဆင်ခြင်တုံတရားကင်းမဲ့စွာနဲ့ ခွဲထွက်ခွင့်နဲ့ ကွန်ဖက်ဒရိတ်ကို မျှော်မနေကြပါနဲ့။ ဘယ် တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး။

ကမ္ဘာ့မှာ နိုင်ငံတကာက အသိမှတ်ပြု စောင့်ရှောက်ကြတဲ့ အဓိကလူ့အဖွဲ့အစည်း သုံးခုပဲ ရှိပါတယ်။ ဒီ သုံးစုကတော့ (၁) အစ္စလာမ်ဘာသာကို ကိုးကွယ်တဲ့လူ့အဖွဲ့အစည်း၊ (၂) ခရစ် ယာန်ဘာသာကိုးကွယ်တဲ့ လူ့အဖွဲ့အစည်း၊ ( ၃) ရဟူဒီလို လူသိများတဲ့ ဂျူးလူ့အဖွဲ့အစည်းတွေပဲ ဖြစ်တယ်။

အဲဒီလူ့အဖွဲ့အစည်းတွေဟာ နိုင်ငံတံတာ အကျိုးစီးပွားနဲ့ယှဉ်ပြီး ချိတ်ဆက်ထားကြတာဖြစ်လို့ အကျိုးစီးပွားတူရာ အင်အားကြီးနိုင်ငံတွေက အကာကွယ်ပေးနေကြပါတယ်။ ကျန်တဲ့ လူ့အဖွဲ့ အစည်းတွေကိုတော့ နိုင်ငံတကာမှာ အင်အားမရှိသလို အကျိုး စီးပွားနဲ့လည်း ဆက်စပ်မှု မရှိလို့ ဘယ်နိုင်ငံကမှ စိတ်မဝင် စားကြဘူးဆိုတာကို နားလည် ဖို့လိုပါတယ်။ ဒါ့ကြောင် ထွန်းမြတ်နိုင်ရဲ့ ခွဲထွက်ခွင့် အိပ်မက်က ဘယ်လိုမှ မဖြစ်နိုင်သလို သီးသန့်ဆန်တဲ့ ကွန်ဖက်ဒရေးရှင်းစနစ်ဟာလည်း ခေတ်နဲ့ အံမဝင်တော့လို့ ရခိုင်ပြည်သူလူထုကိုသာ ဝန်ထုတ်ဝန်ပိုးဖြစ်ပြီး လူမှု ဒုက္ခတွေနဲ့သာကြုံတွေ့စေမှာ ဖြစ်ပါတယ်။

အနှစ်ချုပ်ပြောရရင်တော့ AA ခေါင်းဆောင် ထွန်းမြတ်နိုင် နဲ့AA ကို ယုံကြည်လက်ခံနေတဲ့ ရခိုင်လူမျိုးတွေကိုထပ်ပြောချင်တာက ဉာဏ်ပညာအမြော်အမြင် ရှိဖို့လိုပါတယ်။ ရခိုင်ပြည်နယ် ဟာ စစ်ဖြစ်လို့ အဘက်ဘက်မှာပျက်စီးနိမ့်ကျပြီး အဖတ်ဆယ် မရဖြစ်နေတာမို့ ရခိုင့်လူ့အဖွဲ့ အစည်း အင်အားချည့်နဲ့နေပြီ ဆိုတာကို နားလည်သဘောပေါက် ဖို့လိုပါတယ်။ ရခိုင်လို. လူအင်အားဘယ် လောက် မှမရှိတဲ့ လူ့အဖွဲ့အစည်းလောက်တော့ မဆိုထားနဲ့၊ ယခုအခါ မှာ ဥရောပတိုက်ကြီး တစ်ခုလုံးတောင် ဒီလူ့အဖွဲ့အစည်းကို ဒူးထောက်အညံ့ခံရမယ့်အရေးနဲ့ ရင်ဆိုင်နေရပြီး ဖြစ်ပါတယ်။

ဒါတွေကို သင်ခန်းစာမယူနိုင်ဘူးဆိုရင် နောင်မှာ ရခိုင်လူမျိုးတွေ ဝါးမျိုးခံရကာ ရခိုင်လူမျိုးပျောက်ကွယ်သွားမယ် ဆိုရင်တော့ AAခေါင်းဆောင်ထွန်းမြတ်နိုင်က သမိုင်းတရားခံဖြစ်သွားပါလိမ့်မယ်။ ဒါ့ကြောင့် ဥာဏ်ပညာအမြော်အမြင်နဲ့ ရခိုင်လူမျိုးတွေကို စောင့်ရှောက်နိုင်ဖို့ဆိုရင် စစ်ရေးနည်းလမ်းကို စွန့်လွှတ်ဖို့လိုတယ်။ ပဒေသရာဇ်စရိုက်တွေ ဖျောက်ပစ်ရမယ်။ ခွဲထွက်ခွင့်၊ ကွန်ဖက်ဒရေးရှင်းဆိုတဲ့ မဖြစ်နိုင်တဲ့ ယုံကြည်ချက်တွေကို စွန့်လွှတ်ပြီး ပြည်ထောင်စုရင်ခွင်ထဲကနေ အစိုးရနဲ့ပူးပေါင်းပြီး နိုင်ငံရေးနည်းအရ အဖြေရှာဖို့လိုပါတယ်။ နိုင်ငံတော်အစိုးရရဲ့ နိုင်ငံရေးရည်မှန်းချက်ဖြစ်တဲ့ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် ပြည်ထောင်စုအပေါ် သစ္စာရှိတဲ့´တိုင်းရင်းသားတွေအဖြစ်နဲ့ ကိုယ်ကျရာအခန်းကဏ္ဍကနေ ပူးပေါင်းပါဝင်ကြဖို့လိုကြောင်း အကြံပြုတိုက်တွန်းလိုက်ပါတယ်။