အောင်နိုင်သူ(ဇွဲကပင်)

ယခုတလော တပ်မတော်၏ စစ်ရေးအောင်မြင်မှုသတင်းများက သတင်းမီဒီယာ စာမျက်နှာများ ပေါ်တွင် နေရာယူလွှမ်းမိုးနေသည်ကို တွေ့မြင်ရသည်ရသည်မှာ လွန်စွာ ဝမ်းသာဂုဏ်ယူစရာ ကောင်းလှပါသည်။ လူမှုကွန်ရက်မီဒီယာများကိုကြည့်လိုက်လျှင်လည်း တပ်မတော်၏ စစ်ရေး အောင်မြင်မှုသတင်းများကို သူနှင့်ငါ အလုအယက် တင်နေကြသည်ကို တွေ့ ရပြန်သည်။

တပ်မတော်၏ စစ်ရေးအောင်မြင်မှုကို ဖုံးကွယ်၍ မရတော့သဖြင့် တစ်ဘက်ဆန့်ကျင်ဘက် မီဒီယာများကပါ မိုးဗြဲ နောင်ချိုမြို့ သိမ်းတိုက်ပွဲအောင်မြင်မှုများကို သတင်းဓာတ်ပုံများနှင့်တကွ တင်ပြလာကြပြီဖြစ်ပါသည်။ ဤကဲ့သို့ သတင်းမီဒီယာများ၏ သတင်းတင်ပြချက်ကိုကြည့်ရုံဖြင့် တပ်မတော်၏ စစ်ရေးအောင်မြင်မှုကို မည်သူမျှတားဆီး၍မရဘဲ အရှိန်ဟုန်ကောင်းကောင်းနှင့် ဆက်လက်အောင်ပွဲရရှိနေဦးမည်သာ ဖြစ်ပါသည်။

တပ်မတော်သည် နိုင်ငံ့တပ်မတော်၊ အစိုးရတပ်မတော်၊ ပြည်သူ့တပ်မတော် ဖြစ်ခြင်းကြောင့် တပ်မတော်၏ စစ်ရေးအောင်မြင်မှုသည် နိုင်ငံတော်၏ စစ်ရေးအောင်မြင်မှုပင်ဖြစ်သည်။ အစိုးရ၏ အောင်မြင်မှု၊ ပြည်သူများ၏ အောင်မြင်မှုပင်ဖြစ်သဖြင့် နိုင်ငံတစ်ဝန်းတွင် ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကို ပြည်သူလူထုက အစဉ်တစ်စိုက် စောင့်ကြည့်ခဲ့ကြသည်။ တပ်မတော်၏ တရားသောစစ် အောင်မြင်မှုသတင်းကို ပြည်သူများက နေ့စဉ်နှင့်အမျှ စောင့်ဆိုင်း မျှော်လင့်ခဲ့ကြသည်။ ပြည်သူများ၏ မျှော်လင့်ချက်ပြည့်ဝစေရန်အတွက်လည်း တပ်မတော်သားများသည် အသက်သွေးချွေး များစွာပေးဆပ်ပြီး တိုက်ပွဲဝင်ခဲ့ကြသည်။

တပ်မတော်သည် နိုင်ငံ့တပ်မတော်၊ အစိုးရတပ်မတော်၊ ပြည်သူ့တပ်မတော်ဖြစ်ခြင်းကြောင့် တပ်မတော်၏ စစ်ရေး အောင်မြင်မှုသည် နိုင်ငံတော်၏ စစ်ရေးအောင်မြင်မှုပင်ဖြစ်သည်။ အစိုးရ၏ အောင်မြင်မှု၊ ပြည်သူများ၏ အောင်မြင်မှုပင်ဖြစ်သဖြင့် နိုင်ငံတစ်ဝန်းတွင် ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကို ပြည်သူလူထုက အစဉ်တစ်စိုက် စောင့်ကြည့်ခဲ့ကြသည်။ တပ်မတော်၏ တရားသောစစ် အောင်မြင်မှုသတင်းကို ပြည်သူများက နေ့စဉ်နှင့်အမျှ စောင့်ဆိုင်း မျှော်လင့်ခဲ့ကြသည်။ ပြည်သူများ၏ မျှော်လင့်ချက်ပြည့်ဝစေရန်အတွက်လည်း တပ်မတော်သားများသည် အသက်သွေးချွေး များစွာပေးဆပ်ပြီး တိုက်ပွဲဝင်ခဲ့ကြသည်။

အထူးသဖြင့် လက်တလော ပူပူနွေးနွေး အောင်မြင်မှုရခဲ့သော မိုးဗြဲမြို့ သိမ်းတိုက်ပွဲနှင့် နောင်ချို မြို့သိမ်းတိုက်ပွဲက လူစိတ်ဝင်စားမှု အမြင့်ဆုံးဖြစ်ခဲ့ပါသည်။ မိုးဗြဲမြို့သည် ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ သုံးသောင်းနီးပါး နေထိုင်သည့် မြို့လေးတစ်မြို့ဆိုသော်လည်း ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကယားပြည်နယ်ကို ချိတ်ဆက်ထားသည့် လမ်းကြောင်းပေါ်မှာ တည်ရှိသဖြင့် ကုန်သွယ်မှုစီးပွားရေးနှင့် ဆက်သွယ်ရေး အရေးပါသော မြို့တစ်မြို့ဖြစ်ပါသည်။ စစ်နည်းဗျူဟာအရ စပ်ကြာနယ်မြေက အရေးကြီးသဖြင့် ရှမ်း – ကယားဂွဆုံကို ထိန်းချုပ်နိုင်စွမ်းရှိသည့် မိုးဗြဲကို KNDF များက သိမ်းပိုက်၍ ထိန်းချုပ်ထားချင်ကြသည်။ ထိုသို့ သိမ်းပိုက်ထိန်းချုပ်ထားမှသာလျှင် ရှမ်းတောင်ကနေ ကယားပြည်နယ်ထဲ စစ်ကူမပို့နိုင်ဖြစ်ပြီး နောက်ဆုံး ကယားပြည်နယ်တစ်ခုလုံးအထိ သိမ်းပိုက်ကာ လွတ်မြောက်နယ်မြေအဖြစ် ကြေညာဖို့အထိ ရည်မှန်းခဲ့ပုံလည်းရပါသည်။ ထို့ကြောင့်လည်း ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၁ ရက်တွင် ၁၁၁၁ – တစ်လေးလုံး စစ်ဆင်ရေးနှင့် ကရင်နီတပ်ပေါင်းစုတွေက ကယား (ကရင်နီ) တစ်ပြည်လုံး၊ ရှမ်းတောင်နှင့် ဆက်နေသည့် မြို့များကို တစ်ပြိုင်တည်း ထိုးစစ်ဆင်ခဲ့ပါသည်။

ရှမ်းတောင်ထဲက မိုးဗြဲမြို့ကိုတော့ စစ်ဆင်ရေးစသည့် နိုဝင်ဘာလထဲမှာ သိမ်းပိုက်နိုင်ခဲ့သည်ဟု ဆိုနိုင်သော်လည်း စိတ်ဓာတ်မာကျောပြင်းထန်စွာနှင့် ရန်သူကို ရွပ်ရွပ်ချွံချွံ ခုခံတိုက်ခိုက်ခဲ့သော အမှတ် (၄၂၂) ခြေမြန်တပ်ရင်း ၊ မြို့စောင့်တပ်ကိုမူ လုံးဝတိုက်မရဖြစ်ခဲ့သည်။ မိုးဗြဲ ကို KNDF က အင်အား ၁၀၀၀ ခန့်ဖြင့် တိုက်ခိုက်ထိန်းချုပ်ပြီး မြို့မြောက်ဘက်ရှိ တပ်ကို မကြာခဏ နှောင့်ယှက်တိုက်ခိုက်မှုမျိုး၊ ချောင်းမြောင်းတိုက်ခိုက်မှုမျိုး လုပ်ခဲ့ကြသည်။ စစ်ရေးသတိရှိရှိဖြင့် တုံ့ပြန်တိုက်ခိုက်နေသော တပ်မတော်သားများကြောင့် ၄င်းတို့တိုက်ခိုက်သမျှ အရာမထင် ဖြစ်ခဲ့ရသည်။ ၂၀၂၄ ခုနှစ် ဧပြီလမှာတော့ KNDF ဒုဥက္ကဌမာဝီက မိုးဗြဲရှိအမှတ်(၄၂၂)ခြေမြန်တပ်ရင်း အပြီးတိုင် သိမ်းပိုက်နိုင်ရေး အတွက် အင်အား ၁၀၀၀ ခန့်ကို လက်နက် ကိုင်ဆောင်နိုင်သူ ၅၀၀ ဦး၊ ရိက္ခာလက်နက်ခဲယမ်း ထောက်ပံ့သယ်ဆောင်သည့် အဖွဲ့နှင့် ဒဏ်ရာရာ လူနာသယ် အဖွဲ့ ၅၀၀ ဦး ဆိုပြီး နှစ်ဖွဲ့ခွဲကာ မောင်းသူမဲ့ ဒရုန်း (၁၀) စီးသုံးကာ ပြင်းပြင်းထန်ထန် တိုက်ခိုက်ပါတော့သည်။ ဧပြီလ ၃ ရက်နေ့ တိုက်ပွဲကနဦး အစမှာတင် KNDF မောင်းသူမဲ့ ဒရုန်း ခြောက်စီးကို တပ်မတော် ပစ်ချနိုင်ခဲ့သဖြင့် ရန်သူအထိနာခဲ့ရသည်။

သို့သော် KNDF အကြမ်းဖက်သမားများသည် လက်လျှော့နောက်ဆုတ်သွားခြင်းမရှိဘဲ ကျန်ရှိနေသော ဒရုန်းများကို ပစ်ကူယူပြီး အင်အားအလုံးအရင်းနှင့် အနီးကပ်ထွေးလုံးတိုက်ခိုက် လာသဖြင့် မိမိတပ်များကလည်း ရဲရဲရင့်ရင့် တုံ့ပြန်တိုက်ခိုက်ခဲ့သောကြောင့် ဧပြီလတစ်လလုံးနီးပါးတွင် တပ်ခြံစည်းရိုးအတွင်း ထိရောက်ခဲ့သည့်အကြိမ်များလည်း ရှိခဲ့ပါသည်။ အိမ်ထောင်သည် လိုင်းခန်းအထိ ကျွံလာသည့် KNDF အဖွဲ့များကို ဖယ်ခုံ မြို့နှင့် လွိုင်ကော်တို့မှ ၁၂၀ မမ စိန်ပြောင်း၊ ၁၂၂ မမ ဟောင်ဝစ်ဇာ အမြောက်များဖြင့် ပစ်ကူပေးခဲ့သဖြင့် ရန်သူသည် အထိခိုက်အကျ ဆုံးများစွာဖြင့် အကြိမ်ကြိမ်လန်ကျခဲ့ရသည်ဟု ဆိုပါသည်။ ဤသို့ဖြင့် မိုးဗြဲရှိမြို့ စောင့်တပ်ကို တိုက်မရသည့် အကြမ်းဖက်သောင်းကျန်းသူများသည် မိုးဗြဲမြို့တွင် နေထိုင်အခြေပြုလျက် မြို့နေပြည်သူလူထုကို အတင်းအဓမ္မ နိုင်ထက်စီးနင်းပြုလုပ်ကာ ရိက္ခာကစ၍ ဆက်ကြေးအထိ နည်းလမ်းမျိုးစုံနှင့် ကောက်ခံပါတော့သည်။ လူမရှိသည့်အိမ်များကို ဖျက်ဆီးပြီး ပစ္စည်းလုယက်ယူငင်ခြင်း တန်ဖိုးရှိပစ္စည်း ဖောက်ထွင်းလုယက်ခြင်းတို့ကိုပါ KNDF အကြမ်းဖက် သောင်းကျန်းသူများသည် မိုးဗြဲမြို့ကို တစ်နှစ်ခွဲကျော် ထိန်းချုပ်ထားသလို တစ်ဘက်မှာလည်း မိုးဗြဲမြို့ထိပ်ရှိ တစ်ခုတည်းသောတပ်ကို ရင်ဆိုင်ထားပါသည်။ မိမိတို့တပ်များကလည်း ရေရှည်စစ်ကို မျှော်တွေးကာ စစ်ကူလာမည့် အချိန်အထိ အသည်းကောင်းကောင်း၊ ဇွဲကောင်းကောင်းနှင့် စောင့်ခဲ့ကြသည်။ ချီးကျူးစရာကောင်းသည်မှာ ခမရ ၄၂၂ က စစ်သည်များအပြင် ပအို့ပြည်သူ့စစ်နှင့် မိသားစု ဝင်ရဲမေများကလည်း ရွပ်ရွပ်ချွံချွံ ပြန်လည် တုံ့ပြန်တိုက်ခိုက်ခဲ့ကြခြင်းပင်ဖြစ်သည်။ ဖယ်ခုံနှင့် လွိုင်ကော်ရှိ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်နှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်တို့၏ ပစ်ကူပေးမှုနှင့်အတူ စစ်ကူများကိုပါ စီမံချက်ကောင်းချမှတ်ကာ ပေးပို့စေလွှတ်နိုင်ခဲ့ခြင်းကြောင့် ယခုနှစ် နှစ်ဦးပိုင်းတွင် မိမိတို့တပ်များသည် မိုးဗြဲအနီးသို့ ချဉ်းကပ် လာနိုင်ခဲ့သည်။ ဤသို့ဖြင့် KNPP, KNDF FBR အဖွဲ့ များနှင့် PDF လက်နက်ကိုင်များ ယာယီသိမ်းပိုက်ထားသည့် မိုးဗြဲမြို့ကို တပ်မတော်က ပြန်လည်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါသည်။ မိုးဗြဲမြို့သိမ်းစစ်ဆင်ရေးအတွင်း တိုက်ပွဲကြီးငယ် ၆၁၅ ကြိမ်၊ ရန်သူ့အလောင်း ၂၄ လောင်း၊ လက်နက်မျိုးစုံ ၆၃ လက်အပါအဝင် အခြားအရေးကြီး စာရွက်စာတမ်းများနှင့် Video File များကို သိမ်းဆည်းရမိခဲ့ပါသည်။ မိုးဗြဲ အောင်မြင်မှု သတင်းနှင့် အတူ တပ်မတော်သည် အောင်စိတ် မြင့်မားတက်ကြွလာခဲ့ပါသည်။

အောင်မြင်မှုသည် ကူးစက်မြန်သည်ဆိုသည့်အတိုင်းပင် ဇူလိုင်လ ၁၆ ရက်တွင် နောင်ချိုမြို့ကို ထပ်မံသိမ်းပိုက်နိုင်ခဲ့ပါသည်။ နောင်ချိုမြို့သည် ရှမ်းပြည်နည်မြောက်ပိုင်း၏ အဝင်တံခါးဖြစ် သည်နှင့်အညီ TNLA က ထိန်းချုပ်ပြီး ပလောင်ပြည်နယ် အိပ်မက်ကို အကောင်ထည်ဖော်ခဲ့ပါသည်။ သို့သော် (၁၁) လအကြာ တပ်မတော်၏ ထိုးစစ်ဒဏ်ကိုမခံနိုင်ဘဲ ယခုအခါ ဖနောင့်နှင့် တင်ပါးတစ်သားတည်းဖြစ်အောင် ဆုတ်ခွာထွက်ပြေးသွားကြပြီဖြစ်ပါသည်။ နောင်ချိုမြို့ သိမ်းတိုက်ပွဲကို အနှစ်ချုပ်ရသော် စစ်ဆင်ရေးကာလ (၁၁)လ အတွင်း တိုက်ပွဲကြီး ၂၀ ကြိမ်၊ ထိတွေ့မှုပေါင်း ၅၆၆ ကြိမ်ဖြစ်ပွားခဲ့ပြီး ရန်သူ့ထံမှ အလောင်း (၁၇၁) လောင်း၊ လက်နက် ကြီး/ငယ် မျိုးစုံ (၁၆၆) လက်နှင့် ဆက်စပ်ပစ္စည်းများ အားသိမ်းပိုက်ရရှိခဲ့ပါသည်။

ထို့ကြောင့် မိုးဗြဲနှင့်နောင်ချို မြို့ သိမ်းအောင်မြင်မှု တစ်နိုင်ငံလုံးကို ကူးစက်သွားပြီ ဖြစ်၍ နိုင်ငံတော် အချုပ်အခြာအာဏာအတွက် အောင်မြင်မှု မော်ကွန်းထိုးနိုင်ခဲ့ပြီ ဖြစ်ပါသည်။

မည်သို့ပင်ဆိုစေကာမူ တပ်မတော်၏ ခေတ်သစ်နည်းပညာအခြေပြုစစ်ပွဲများက ယခုမှ စသည်ဟုအောင်မြင်မှုရလဒ်ကတော့ သိသိသာသာ တိုးတက်ပြောင်းလဲလာခဲ့ပြီဖြစ်ပါသည်။ အချိန်တိုကာလအတွင်း စစ်မြေပြင်တွင် လက်တွေ့ကျကျ အသုံးချနိုင်ခြင်းကြောင့် ဖားကန့်၊ မိုးဗြဲ၊ နောင်ချိုမြို့ သုံးမြို့နှင့် နယ်မြေတစ်ခုလုံးကို သိမ်းပိုက်ရရှိခဲ့ပါသည်။ အကျိုးဆက်က ကိုယ့်.. စစ်သည်များလည်း ယုံကြည်မှုရှိလာပြီး အောင်စိတ်မြင့်မားလာသည်ကို တွေ့ရသည်။ အောင်စိတ်သည် တားဆီး၍မရသဖြင့် ဤပုံအတိုင်းဆိုလျှင် ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်တို့ကိုလည်း မကြာခင်ရတော့မည်ဖြစ်သည်။

မိုးဗြဲ နောင်ချိုတိုက်ပွဲများတွင် တပ်မတော်၏ စစ်ရေးအောင်မြင်မှုများကို BBC ကပင် သုံးသပ်ထားတာ အားရစရာကောင်းပါသည်။ အမှတ်(၂) စစ်ဆင်ရေး အထူးဖွဲ့မှူး ဒုတိယဗိုလ်ချုပ် ကြီးနိုင်နိုင်ဦးကိုယ်တိုင် အနီးကပ်ကြပ်မတ်နေ၍ ရဲဘော်များသည် စိတ်ဓာတ် ကြံ့ခိုင်မြင့်မားနေကြကြောင်း၊ မိုးဗြဲရော နောင်ချိုမှာပါ တပ်မတော်ဒရုန်းတွေက တက်နိုင်သော်လည်း ရန်သူ့ဒရုန်းများကို မူတက်မရအောင် တပ်မတော်၏ နည်းပညာမြင့်ဂျမ်ဘာများက ဖိထားနိုင်ကြောင်းဆိုသည့် သုံးသပ်ချက်များကမူ ဤတိုက်ပွဲ အောင်မြင်မှုအဓိက သော့ချက်ဖြစ်သည်ကို တွေ့ရှိရပါသည်။ ၂၀၂၀ ပြည့်နှစ်က ဖြစ်ပွားခဲ့သည့် နိုဂိုရာ – ကရာဘက်ဒေသ စစ်ပွဲထဲက စတင်ခဲ့သည့် ဒရုန်းများကို အားပြုစစ်ဆင်ရသည့် ခေတ်သစ်နည်းပညာအခြေပြု စစ်ပွဲများအပေါ် ယခုအခါတွင် တပ်မတော်က နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်ခဲ့ပြီဖြစ်ပါသည်။

တပ်မတော်သည် ခေတ်မီနည်းပညာဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ ပြည်သူလူထု၏ ထောက်ခံမှု၊ အုပ်ချုပ်ထောက်ပံ့မှုကောင်းမွန်ခြင်း၊ စစ်နည်းဗျူဟာ ဆန်းသစ်တီထွင် အသုံးပြုလာ နိုင်ခြင်းကြောင့် စစ်ရေးရလဒ်ကောင်းရရှိလာခဲ့ပြီး အောင်မြင်မှုများ ဆက်တိုက်ရရှိလာခဲ့ခြင်းဖြစ်ပါသည်။ စစ်ရေးရလဒ် အောင်မြင်မှုကပင် တိုက်ပွဲဝင် စိတ်ဓာတ်ကို မြင့်မားစေခဲ့သလို အောင်စိတ်လည်း အထွတ်အထိပ်ရောက်နေပြီဖြစ်ပါသည်။ စစ်သူကြီး နပိုလီယန်ပြောသလို စစ်တိုက်ရာတွင် စိတ်ဓာတ်သည် ရုပ်ပစ္စည်းထက် သုံးဆ ပိုတန်ဖိုး ရှိသည်ဟူသော စကားနှင့် အညီ ယနေ့အခါတွင် မိမိတပ်မတော်သားများ၏ အောင်စိတ်သည် အမြင့်ဆုံးတောင်ထိပ်သို့ ရောက်ရှိကာ အမိမြန်မာပြည်ကို ကာကွယ်လျက်ရှိပေသည်။ ထို့ကြောင့် အမိမြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာအတွက် အသက်ပေးတိုက်ပွဲဝင်နေကြသော တပ်မတော်သားများ၏ အောင်မြင်မှုကို ပြည်သူလူထုနှင့်အတူ ဂုဏ်ယူကြိုဆိုနေပါကြောင်း ဤဆောင်းပါးဖြင့် ဂုဏ်ပြုလိုက် ပါသည်။