TNLA အကြမ်းဖက်သောင်းကျန်းသူများ ယုတ်မာရိုင်းစိုင်းစွာ မိုင်းထောင်ဖျက်ဆီးမှုကြောင့် နှစ်ပေါင်း ၁၂၅ နှစ်သက်တမ်းရှိ ကမ္ဘာကျော်ဂုတ်ထိပ်မီးရထားလမ်းတံတား ပျက်စီး
နေပြည်တော် ဩဂုတ် ၂၅ TNLA လက်နက်ကိုင်အကြမ်းဖက် သောင်းကျန်းသူများအနေဖြင့် တပ်မတော်၏ ထိုးစစ်ဆင်မှုများကို ဆက်လက်ခုခံနိုင်ခြင်းမရှိဘဲ ကစဉ့်ကလျားဖြင့် ဖရိုဖရဲဆုတ်ခွာ ထွက်ပြေးစဉ် ဩဂုတ် ၂၄ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံ၏ အထင်ကရနှင့် ကမ္ဘာ့အံ့ဖွယ်စာရင်းဝင် ဂုတ်ထိပ်တံတားအား ယုတ်မာ ရိုင်းစိုင်းစွာ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သောကြောင့် ကျောက်မဲမြို့ဘက်အခြမ်း တံတားတိုင် အမှတ်(P-16) နှင့် ကမ်း ကပ်ခုံ (AB…
