Month: June 2025

ဆန္ဒပြကြခြင်း

အမေရိကန်မှာဖြစ်နေတဲ့ ဆန္ဒပြပွဲတွေကတော့ ဆန္ဒပြပွဲမှသည် ဆူပူအုံကြွမှုအသွင်ပြောင်းသွားပြီး တစ်မြို့ပြီးတစ်မြို့ ကူးစက်တော့မလို အလားအလာတွေ တွေ့နေရပါတယ်။ ဈေးဆိုင်တွေ ကုန်တိုက်တွေကို ဖောက်ဝင်လုယက်ကြတဲ့ဗီဒီယိုတွေလည်း မမြင်ချင်မှအဆုံးပဲ။ အမေရိကန်သံရုံးက ဒီမိုကရက်တစ်သူရဲကောင်းတွေလို အရောင်တင်လေ့ရှိကြတဲ့ ဆူပူအုံကြွရေး သမားတွေဟာ အမေရိကန်ရဲ့ပုံရိပ်ကို ဆွဲချနေကြပြီဖြစ်ပါတယ်။ တစ်ပတ်လုပ်ခ ဒေါ်လာထောင်ချီရနေတဲ့ ဖျက်ဆီးရေးသမားတွေ၊ အမေရိကန်မှာ ခိုလှုံခွင့် မရလို့ ဆူပူဆန္ဒပြနေကြတဲ့ နိုင်ငံပေါင်းစုံအလံတစ်လူလူနဲ့ လူတွေ၊ မီးရှို့ခံထားရတဲ့ ရဲကားတွေနဲ့…