Category: Article

မြန်မာ့စာမျက်နှာသစ် – ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ

မြန်မာ့ပုံရိပ်ဖော်ညွှန်းရေးအဖွဲ့ (Myanmar Narrative Think Tank) ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်​နေ့)တွင် ကျင်းပသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးက မြန်မာနိုင်ငံအတွက် ပဋိပက္ခများနှင့်အကျပ်အတည်းများကြားမှ နိုင်ငံတစ်နိုင်ငံက ငြိမ်းချမ်းရေးတည်ဆောက်မှုနှင့် စီးပွားရေးပြန်လည်ထူထောင် ရေးဟူသော မျှော်လင့်ချက်စာမျက်နှာသစ်ဆီသို့ ကူးပြောင်းပေးနိုင်မည့် အခွင့်အလမ်းဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ အတိတ်သမိုင်းတွင်လည်း ယခုကဲ့သို့စိန်ခေါ်မှုများနှင့် အားနည်းချက်များကြားမှ ကျင်းပခဲ့ရသည့် နိုင်ငံထူထောင်ရေး သမိုင်းဝင်ရွေးကောက် ပွဲများမှတစ်ဆင့် နိုင်ငံ၏ပဋိပက္ခများကို…

ထရမ့်ပ် ဖီဖာငြိမ်းချမ်းရေးဆု ရခြင်း – VAR နဲ့ ပြန်စစ်ဆေးဖို့ အခွင့်အရေး ရှိရဲ့လား

(the guardian ပါ ဆောင်းပါးအား အလွတ်သဘောဘာသာပြန်ဆိုသည်) ဒီပွဲက အဘိဓာန်တစ်အုပ် ဖတ်ရသလို ဒါမှမဟုတ် မြောက်ကိုရီးယား ရွေးကောက်ပွဲရလဒ် ထွက်လာတာကို စောင့်ကြည့်ရသလိုမျိုး စိတ်လှုပ်ရှားစရာလည်း မရှိ၊ ထူးခြားဆန်းကြယ်မှု လည်း မရှိ။ ဘယ်သူ့ကိုမှ အံ့သြစေခြင်းမရှိဘဲ ဒေါ်နယ်လ်ဒ် ထရမ့်ပ်ဟာ သောကြာနေ့မှာ ကျင်းပတဲ့ ကမ္ဘာ့ဖလား မဲခွဲပွဲကြီးမှာ ပထမဆုံးအကြိမ် ဖီဖာ ငြိမ်းချမ်းရေးဆုကို ဆွတ်ခူးသွားခဲ့ပါတယ်။…