မြန်မာနည်း မြန်မာ့ဟန်နှင့် အာဆီယံ (၂)
လမ်းမတော် မောင်ရိုး လမ်းမတော်မောင်ရိုးက နိုင်ငံရေးပညာရှင်မဟုတ်တာ သေချာပေမယ့် စေတနာရှင်ဖြစ်တာကတော့အမှန်၊ အသေ အချာစစ်ကာဝေဖန်ကြည့်တော့ မျက်စိသူငယ် နားသူငယ် လည်လည်ဝယ်ဝယ် မဟုတ်ပေမယ့် ကိုယ့်ပြည်အတွက်ကွဲ့ဆိုပြီး စိတ်ဝင်စားရုံ အမှန်အကန်။ အကြံအဖန်လားလားမှ မဟုတ်ပါဘူး။ ဒီလို ဒီလို ခုအဖြစ်အပျက် အာဆီယံနဲ့ မြန်မာအတွက်လေ၊ အကွက်တွေက ဆန်း အကြံအဖန် လမ်းခင်းတဲ့အဖွဲ့နဲ့ အမှန်အကန်လမ်းလျောက် ကိုယ့်ပြည်အကျိုးရောက်အောင်လုပ်နေတဲ့ နိုင်ငံလို့ပဲ မြင်ပါရစေ။…
