နောင်တော်လေး(ဘိုကလေး)

တိုင်းပြည်တည်ငြိမ်အေးချမ်းဖို့လိုတယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့လိုတယ်။ တိုင်းပြည်တည်ငြိမ်အေးချမ်းဖို့ဆိုရင် အကြမ်းဖက်လှုပ်ရှားမှု ပပျောက်အောင် ဆောင်ရွက်ရမယ်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အဖျက်အမှောင့် လုပ်ရပ်တွေ လုပ်ဆောင်နေတဲ့ အကြမ်းဖက်အဖွဲ့များကို နှိမ်နင်းပါမှ တိုင်းပြည်ဖွံ့ဖြိုးရေးအတွက် အနှောင့်အယှက် ကင်းစွာလုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

အကြမ်းဖက်လှုပ်ရှားမှုအခြေအနေကို ပြန်လည်ဆန်းစစ်ကြည့်ရင် ၂၀၂၁ မှ ၂၀၂၅ နှစ်အထိ အားကောင်းနေဆဲဖြစ်ပါတယ်။ အကြမ်းဖတ်အဖွဲ့များထဲမှာ ဆယ်ကျော်သက်အရွယ် လူငယ်တွေ လူညွန့်တုံးခဲ့ရတယ်။ အကြမ်းဖက်အဖွဲ့ထဲရောက်ပြီး အရိုင်းစိတ်ဝင်သွားတဲ့ လူငယ်တွေမှာ ကိုယ့်ဆရာ/ဆရာမ၊ ကိုယ့်ဆွေမျိုးသားချင်းပါမချန် ငါနဲ့မတူ ငါ့ရန်သူလိုသဘောထား ပြီးရိုင်းစိုင်း ရမ်းကားအောင် နိုင်ငံရေးလုပ်စားသူတွေက မှိုင်းတိုက်ခဲ့ကြတယ်။ တိုင်းပြည်ရဲ့အနာဂတ် လူငယ်တွေရဲ့လုပ်ရပ်ဟာ အင်မတန် အော့နှလုံးနာစရာလုပ်ရပ်တွေ ဖြစ်ခဲ့တယ်။ ဒီလို အခြေအနေမျိုးရောက်အောင် NLD ဦးဆောင်သူတွေနဲ့ ၈၈ ကျောင်းသားခေါင်းဆောင်အမည်ခံ ပြည်ဖျက်မိစ္ဆာများက နိုင်ငံရေးမှိုင်းတိုက်ပြီး တိုင်းပြည်ကို ရည်ရွယ်ချက်ရှိရှိ စနစ်တကျ ဖျက်ဆီးခြင်းပဲ ဖြစ်ပါတယ်။

၉-၆-၂၈၂၅ ရက်နေ့ မနက်ပိုင်းမှာ ပြည်ဖျက်မီဒီယာတစ်ခုဖြစ်တဲ့ ကန္တာရဝတီတိုင်း(မ်) သတင်းဌာနရဲ့ facebook စာမျက်နှာမှာ ဖော်ပြလာတဲ့ သတင်းတစ်ပုဒ်က “စစ်ကောင်စီကို အမြန် ဆုံးတိုက်ထုတ်နိုင်ဖို့ SSNDF / KNDF B- 103 မှ သင်တန်းသားသစ်များ ခေါ်ယူနေ”ဆိုတဲ့ ခေါင်းစဉ်နဲ့ အကြမ်းဖက်သမား စည်းရုံးရေးလုပ်နေတာကို တွေ့ရပါတယ်။

သတင်းဖော်ပြချက်မှာ “ရှမ်းတောင်နဲ့ ကရင်နီပြည်မှာ တိုက်ပွဲ ဝင်နေတဲ့ SSNDF / KNDF B- 103 တပ်ရင်းဟာ သင်တန်းသားသစ်များ အယောက် (၁၀၀) ခေါ်ယူဖို့ရှိနေပြီး ခေါ်ယူမယ့်ရက်ကို တော့ ရက်အကန့်အသက် သတ်မှတ်ထားခြင်းမရှိသလို သင်တန်းအချိန်ကာလအတိအကျကိုလည်း သတ်မှတ်ထားလို့ မရနိုင်သေးဘူးလို့ သိရပါတယ်။ အခုလိုတပ်သားသစ်တွေ ပေါ်ယူရခြင်းရဲ့ အကြောင်းအရင်းဟာ စစ်ကောင်စီကို အမြန်ဆုံးတိုက်ထုတ်နိုင်ဖို့အတွက်ဖြစ်တယ်လို့ SSNDF / KNDF B- 103 ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်” ဆိုပြီး အကြမ်းဖက်အားပေး မီဒီယာက အကြမ်းဖက်အဖွဲ့ ကဲကိုလူငယ်များ ဆက်သွယ်ဝင်ရောက်နိုင်အောင် နှပ်ကြောင်းပေး ရေးသားထားခြင်မျိုးဖြစ်ပါတယ်။ (ရှမ်းတောင်နဲ့ ကရင်နီ နယ်မြေတကြောက စစ်ကောင်စီ တပ်တွေကို အမြန်ဆုံး တိုက်ထုတ်နိုင်ရန် ပြင်ဆင်တဲ့အနေနဲ့ အခုလိုသင်တန်းသား အသစ်ကို ခေါ်ယူတာဖြစ်ပါတယ်လို့ SSNDF / KNDF B- 103 ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ သင်တန်းသားခေါ်ယူတဲ့နေရာမှာ အဆင့်နှစ်ဆင့်သတ်မှတ်ထားပြီ။ ပထမအဆင့်မှာတော့ အသက် ၁၈နှစ် ပြည့်ပြီးသူ၊ကျန်မာရေး ကောင်းမွန်သူ တာဝန်နဲ့ အမိန့်ကို တိကျစွာလိုက်နာနိုင်သူ၊ တော်လှန်ရေးပြီးဆုံးတဲ့အထိ တာဝန်ထမ်းဆောင်နိုင်သူ၊ ရာဇ၀တ်မှု ကင်းရှင်းသူစတဲ့ အချက်တွေနဲ့ ပြည်မီရမှာဖြစ်ပါတယ်။ ဒုတိယအဆင့်မှာတော့ သတ်မှတ်အရည်အချင်းနဲ့ ပြည့်မီသူတွေကို လူကိုယ်တိုင် တွေ့ပြီးစစ်ဆေးမေးမြန်းသွားမှာ ဖြစ်တယ်လို့ ဆိုပါ တယ်။ “ဖခေတ်ပျက်ကြီးကို အမြန်ဆုံးပြုပြင်နိုင်ဖို့ ကျွန်တော်တို့ တစ်ဦးတစ်ယောက်တည်းနဲ့ လုပ်ဆောင်လို့မရပါဘူး။ အဘက် ဘက်က ပြည်သူလူထုရဲ့ ပါဝင်မှုအားနဲ့ စည်းစည်းလုံးလုံး ပြုပြင်မှု သာ အမြန်ဆုံး အောင်မြင်မှာ ဖြစ်တဲ့အတွက် ကိုယ်တတ်နိုင်ရာ တာဝန်ထမ်းဆောင်ပြီး ဒီအရွေ့တစ်ခုအတွက် ပါဝင်ပေးကြဖို့ ပြောချင်ပါတယ်။” လို့ SSNDF / KNDF B-103 ရဲ့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်)

အထက်ဖော်ပြပါ ( – – -) ထဲက စာသားများကတော့ ကန္တာရ ဝတီတိုင်း(မ်) သတင်းဌာနကရေးသားဖော်ပြချက် ဖြစ်ပါတယ်။ အထက်ပါ ရေးသားဖော်ပြချက်များကို အများပြည်သူမှန်ကန်စွာ သိရှိဖို့တော့ လိုပါတယ်။ အကြမ်းဖက်အဖွဲ့ ထဲဝင်ပြီးတိုက်ပွဲဝင် နေတဲ့ လူငယ်တွေမှာ ဘာမှ မျှော်လင့်ချက်မရှိဘူး။ တကယ်တမ်း အရေးကြုံလာရင် လူငယ်တွေကို အသေခံစစ်သားအဖြစ် အသုံး ရပြီး တိုက်ပွဲမှာကျဆုံးသွားခဲ့ရင်လည်း စာရင်းပျောက်ပါပဲ။ မိဘဆွေမျိုးများထံ အကြောင်းကြားတာမျိုးတောင် မလုပ်ပါဘူး။ အရာတော်၊ ဒီပဲယင်း က လူငယ်တချို့ ရှမ်းပြည်နယ် (မြောက် ပိုင်း) တိုက်ပွဲတွေမှာ MNDAA, TNLA အကြမ်းဖက်အဖွဲ့တွေအတွက် သွားပြီး တိုက်ပွဲဝင်ပေးခဲ့ကြတယ်။ အခုချိန်အထိအဆက်အသွယ် မရ သေသလား၊ ရှင်သလား မသိရဘူး။ မိဘဆွေမျိုးများက သေပြီလို့ ယူဆပြီးဆွမ်းသွတ်တာမျိုး လုပ်မယ်ဆိုပြန်တော့လည်း NLD လွှတ်တော်အမတ်ဟောင်းများ (ယနေ့ PDF အကြမ်းဖက်အဖွဲ့ ခေါင်းဆောင်များ) က ဆွမ်းသွတ်ခွင့်တောင်မပေးပါဘူး။ ရှမ်းပြည် နယ်(မြောက်ပိုင်း)မှာ PDF အကြမ်းဖက်သမားတွေသွားရောက် တိုက်ပွဲဝင်ခဲ့ခြင်းက လူနဲ့လက်နက် လဲလှယ်တဲ့ သဘောမျိုးဖြစ်ပါ ရရှိထားတဲ့လက်နက်တွေပဲ ဖြစ်ပါတယ်။ တယ်။ MNDAA, TNLA အတွက် တိုက်ပွဲဝင်ပေးမယ်။ PDF ကို လက်နက်၊ ခဲယမ်းပေးဆိုတဲ့ပုံစံမျိုး လူရောင်းစားခဲ့ကြခြင်း ဖြစ်ပါ တယ်။ ရောင်းစားခံရသူတွေကတော့ PDF လူငယ်တွေ ဖြစ်ပါ တယ်။ စစ်ကိုင်းတိုင်းဒေသကြီးထဲက PDF အဖွဲ့များထံမှ လက်နက်အကောင်းစားတွေ ရနေတယ်ဆိုတာ PDF တွေနဲ့ လဲလှယ်ပြီး ရရှိထားတဲ့လက်နက်တွေ ဖြစ်ပါတယ်။

အဲဒီတော့ မိမိကိုယ်တိုင်ကနီပိန်းဖြစ်နေလို့ ကိုယ့်သားသမီး PDF ထဲ ဝင်တာကို သဘောတူ ကြည်ဖြူတယ်ဆိုတဲ့နီမိန်းမိဘတွေ ပြန်ဆန်းစစ်ကြည့်ပေါ့။ ခင်ဗျားတို့ရဲ့ မျိုးဆက်သစ်လူငယ်တွေကို တပ်မတော်က ဖျက်ဆီးနေတာ မဟုတ်ဘူး။ ခင်ဗျားတို့ယုံကြည်အားကိုးပါတယ်ဆိုတဲ့ NLD ခေါင်းဆောင်တွေက လူကိုရောင်းပြီး လက်နက်အကောင်းစားတွေရယူနေတဲ့ သဘောကို သိမြင်နား လည်နိုင်ပါတယ်။

နိုင်ငံတော်ရှုထောင့်ကပြောရင် လူ့အသက်ထက်အရေးကြီးတာ ဘာမှမရှိဘူး။ အကြမ်းဖက်လှုပ်ရှားမှုကို ဦးဆောင်နေတဲ့ NLD ခေါင်းဆောင်များအတွက်ကတော့ နီပိန်းတွေ ချီးပေါသေး ပေါပေါလွန်းနေလို့ လူရောင်းစားနေတဲ့ သဘောကို မြင်တွေ့နိုင်ပါတယ်။ တကယ်လည်း နီမိန်းတွေ ပေါပါတယ်။ ဆင်ခြင်တုံတရားမရှိတဲ့ ဒီဝိန်းတွေများလွန်းလို့လည်း အကြမ်းဖက်လှုပ်ရှားမှုက ယနေ့အချိန်အထိ အားကောင်းနေတာ ဖြစ်ပါတယ်။

အထက်ဖော်ပြပါ ကယားပြည်နယ်နဲ့ ရှမ်းတောင်မှာ တပ်မတော်နဲ့ ပအိုဝ်းပြည်သူ့စစ်ပူးပေါင်းနှိမ်နင်းလိုက်လို့ KNDF/PDF ခွေးသေ သေပြီး ခွေးပြေး ပြေးရတာမကြာသေးပါဘူး။ အကြမ်း ဖက်သမား ဘယ်လောက် ကျဆုံးခဲ့တယ်ဆိုတာကို မထုတ်ပြန် ဘူး။အခု အကြမ်းဖက်သမား စုဆောင်းရေးလုပ်နေပြီဆိုတော့ တွက်ဆကြည့်ရင် အသေဆိုးနဲ့သေခဲ့ရတဲ့ ပြည်ဖျက်မိတ္ထ အကြမ်းဖက်သမားတွေ နေရာမှာ အစားထိုးပို့အကြမ်းဖက်သမား ရှာနေတာ ဖြစ်နိုင်ပါတယ်။

၂၀၂၁ ခုနှစ်တပ်မတော်က အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူပြီး လမ်းပေါ်ထွက်ဆူပူဆန္ဒပြခဲ့ကြစဉ်က နီပိန်းတွေ (ကျွန်တော်တို့က လူငယ်တွေပါ – လူငယ်တွေမှာ အနာဂတ်ရှိတယ်) ဆိုတဲ့ ကြွေးကြော်သံတွေ ကြွေးကြော်ခဲ့ကြတယ်။ အခုအနာဂတ်ရှိတယ်ဆိုတဲ့ လူငယ်တွေက အကြမ်းဖက်သမားများအဖြစ်နဲ့ ကိုယ့်တိုင်းပြည်ကို ကိုယ်တိုင်ဖျက်ဆီးနေကြတယ်။ အနာဂတ်ရှိတယ်ဆိုတဲ့လူငယ်တွေက ကိုယ့်လူမျိုးကို ကိုယ်တိုင် ပြန်သတ်နေကြတယ်။ ကိုယ့်အနာဂတ်ကိုကိုယ်တိုင် ဖျက်ဆီးသလို ဖြစ်မနေ ဘူးလား။

(ကျွန်တော်တို့ကလူငယ်တွေပါ – လူငယ်တွေမှာ အနာဂတ် ရှိတယ်) ဆိုတဲ့ ကြွေးကြော်သံတွေကြွေးကြော်ခိုင်းတဲ့ နိုင်ငံရေး လုပ်စားသူတွေကပဲ မင်းတို့ လူငယ်တွေရဲ့ အနာဂတ်ကို ဖျက်ဆီး သေပြီလို့ ယူဆပြီးဆွမ်းသွတ်တာမျိုး လုပ်မယ်ဆိုပြန်တော့လည်း သွားခြင်း ဖြစ်တယ်။ မင်းတို့ရဲ့ အနာဂတ်ကိုစုတ်ပြတ်သတ်အောင် လုပ်ဆောင်သွားခဲ့ကြတယ်။ သူတို့တွေကတော့ ကျည်လွတ်မြေ ကိုရောက်ရှိသွားပြီ။ လူငယ်တွေကိုတော့ အခုထိ သေတွင်းထဲ တွန်းပို့သူက ပိုးဆွဲခေါ်သူက ခေါ်နေကြတုန်း။

ယနေ့ PDF အကြမ်းဖက်အဖွဲ့ အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများဆိုသည်မှာလည်း အကြမ်းဖက်ခေါင်းဆောင်များနဲ့ ဝေစားမျှစား လုပ်နေကြရတာဖြစ်လို့လူငယ်တွေကို သေတွင်းထဲ တွန်းပို့ရှိရာနည်းနည်းလေး မှလက်တွန့်နေမှာ မဟုတ်ဘူး။

စာရေးသူအနေနဲ့ကတော့ သတင်းဌာနအမည်ခံပြီးယခုလို လူငယ်တွေကို မသတွင်းထဲ တွန်းပို့နေတဲ့ ပြည်ဖျက်မီဒီယာတွေရဲ့လုပ်ရပ်ကို ပြတ်ပြတ်သားသားကန့်ကွက်ရှုတ်ချပါတယ်။ ကျင့်ဝတ်သိက္ခာမဲ့ပြည်ဖျက်မီဒီယာတွေရဲ့ လှုံ့ဆော်ရေးသားမှုတွေကို နားယောင်ပြီးအကြမ်းဖက်သမားများအဖြစ်နဲ့ လူငယ်တွေ ဘဝပျက်ရမယ့် အလုပ်မျိုးကိုမလုပ်ကြဖို့ကိုလည်း တစ်ပါတည်း သတိပေးလိုပါတယ်။ လူငယ်များအနေဖြင့်လည်း ကိုယ့်အနာဂတ်ကို ကိုယ်တိုင်ပုံဖော်ပါ။ ပြည်ဖျက်တွေရဲ့ သွေးထိုးလှုံ့ဆော်မှုတွေကို နားယောင်ပြီး ကိုယ့်အနာဂတ်ကို ကိုယ်တိုင်ဖျက်ဆီးသူ၊ ကိုယ့်တိုင်းပြည်ကို ကိုယ်တိုင်ဖျက်ဆီးသူမဖြစ်ကြ ပါစေနဲ့တော့လို့ သတိပေးပါရစေ။

နောင်တော်လေး (ဘိုကလေး)