နေပြည်တော် နိုဝင်ဘာ ၁၈

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်သည် ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်သည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့အစီအစဉ်သိုတက်ရောက်၍ ဖွဲစည်းပုံအခြေခံဥပဒေပုဒ်မ ၂၁၀၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၆၅ တိုနှင့်အညီ နိုင်ငံတော်၏မူဝါဒများနှင့် နိုင်ငံတော်၏အခြေအနေအရပ်ရပ်တိုနှင့်စပ်လျဉ်း၍ မိန့်ခွန်းပြောကြားသည်။
 
အဆိုပါ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့ အစီအစဉ်တွင် နိုင်ငံတော်သမ္မတက နိုင်ငံတော်၏မူဝါဒများနှင့် နိုင်ငံတော်၏အခြေအနေ အရပ်ရပ်တိုနှင့်စပ်လျဉ်း၍ မိန့်ခွန်းပြောကြားသည့်အစီအစဉ်သို ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်ထောင်စုလွှတ်တော်နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံတော်ဖွဲစည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုအဆင့်အဖွဲအစည်းဝင်များ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တိုမှ ဒုတိယဥက္ကဋ္ဌများ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် အခြားလေ့လာသူဧည့်သည်တော် ၃၀၀ တိုတက်ရောက်လေ့လာကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များနှင့် မြန်မာနိုင်ငံလွှတ်တော်အဖွဲဝင်များဖြစ်ကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
 
ဦးစွာ ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေးက တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့သို တက်ရောက်ခွင့်ရှိသည့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်ဦးရေ စုစုပေါင်း ၅၆၀ ဦးရှိသည့်အနက် ယနေ့အစည်းအဝေးသို ၅၄၀ ဦး တက်ရောက်သဖြင့် ၉၆ ဒသမ ၄၃ ရာခိုင်နှုန်း တက်ရောက်သည့်အတွက် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်းကြေညာပြီး အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။
 
ထိုနောက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို အစီအစဉ်အတိုင်း ကျင်းပပြုလုပ်သည်။ ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်အား ပြည်ထောင်စုလွှတ်တော်သို မိန့်ခွန်းပြောကြားရန်အတွက် ဖိတ်ခေါ်သည်။

ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိင်က နိုင်ငံတော်၏မူဝါဒများနှင့် နိုင်ငံတော်၏အခြေအနေအရပ်ရပ်တိုနှင့်စပ်လျဉ်း၍ မိန့်ခွန်းပြောကြားရာတွင် မိမိတိုအစိုးရသစ်တာဝန်ယူပြီး ယခုအခါ ရက်ပေါင်း ၂၂၂ ရက်ပြည့် မြောက်ချိန်တွင် မိမိတိုအစိုးရဆောင်ရွက်ခဲ့မှုများနှင့် နိုင်ငံတော်၏အခြေအနေများအား လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ သိရှိနိုင်ရန်အတွက် ယခုကဲ့သို တက်ရောက်ပြောကြားခြင်းဖြစ်ကြောင်း။
 
နိုင်ငံ့ GDP တိုးတက်ရေးအတွက် ပြည်တွင်းကုန်ထုတ်လုပ်မှုများတိုးတက်အောင် အလေးထားဆောင်ရွက်ကြရန်လို

မိမိတိုအစိုးရအနေဖြင့် မူဝါဒနှစ်ရပ်ချမှတ်ထားပြီး အမျိုးသားရေးမူဝါဒတွင် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးဟူသည့် အမျိုးသားရေးရည်မှန်းချက် ၂ ရပ်ကို ချမှတ်ထားကြောင်း၊ နိုင်ငံရေးမူဝါဒတွင် စစ်မှန်၍စည်းကမ်းပြည့်ဝသည့်ပါတီစုံဒီမိုကရေစီ စနစ်ကိုခိုင်မာစွာဖော်ဆောင်ရေး၊ ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ်ကိုတည်ဆောက်ရေးဟူသည့်မူဝါဒကို ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ မည်သည့်နိုင်ငံပင်ဖြစ်စေ အစိုးရများနှင့်ပြည်သူများအနေဖြင့် မိမိတိုနိုင်ငံဖွံဖြိုး တိုးတက်မှုကိုလိုလားကြကြောင်း၊ ထိုသိုဆောင်ရွက်နိုင်ရန်အတွက် စီးပွားရေးကောင်းမွန်ရန်လိုအပ်ကြောင်း၊ နိုင်ငံတစ်ခု၏စီးပွားရေးကို ဂျီဒီပီဖြင့်တိုင်းတာကြပြီး နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံ တူညီမှုမရှိကြောင်း၊ မိမိတိုနိုင်ငံ၏စီးပွားရေးကိုကြည့်မည်ဆိုပါက ၂၀၂၅ ခုနှစ်တွင် ဂျီဒီပီမှာ အမေရိကန်ဒေါ်လာ ၈၃ ဒသမ ၁၇ ဘီလီယံခန့်ရှိပြီး အာဆီယံ ၁၁ နိုင်ငံတွင်အဆင့် ၇ တွင်ရှိကြောင်း၊ ယခုနှစ်တွင် နိုင်ငံ၏ဂျီဒီပီကို အမေရိကန်ဒေါ်လာ ၉၈ ဘီလီယံအထိ တိုးတက်လာစေရေး မျှော်မှန်းဆောင်ရွက်လျက်ရှိကြောင်း၊ (၂၀၂၅-၂၀၂၆) ဘဏ္ဍာရေးနှစ်တွင် အာဆီယံနိုင်ငံများ၌ပါဝင်သည့် ဗီယက်နမ်နိုင်ငံ၏ဂျီဒီပီသည် အမေရိကန်ဒေါ်လာ ၄၉၄ ဒသမ ၀၅ ဘီလီယံ၊ မလေးရှားနိုင်ငံ၏ဂျီဒီပီသည် ၄၇၁ ဒမသ ၁၉ ဘီလီယံ၊ ကမ္ဘောဒီးယားနိုင်ငံ၏ဂျီဒီပီသည် ၄၉ ဒသမ ၂၉ ဘီလီယံရှိကြောင်း၊ အဆိုပါနိုင်ငံများသည် မိမိတိုနိုင်ငံကဲ့သို စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင်လျက်ရှိကြသည့် နိုင်ငံများပင်ဖြစ်ကြကြောင်း။
 
မိမိတိုနိုင်ငံ၏ ပထဝီအနေအထားအရ လူဦးရေ ၁ ဒသမ ၄ ဘီလီယံကျော်ရှိ တရုတ်နိုင်ငံ၊ လူဦးရေ ၁ ဒသမ ၄ ဘီလီယံကျော်ရှိသည့် အိန္ဒိယနိုင်ငံနှင့် လူဦးရေသန်းပေါင်း ၁၆၀ ကျော်ရှိသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စသည့်လူဦးရေများပြားသည့် နိုင်ငံများအကြားတွင်တည်ရှိနေကြောင်း၊ ထိုသိုတည်ရှိနေခြင်းကြောင့် မိမိတိုနိုင်ငံအနေဖြင့် ပြည်ပပိုကုန်များတင်ပိုနိုင်ရန်အတွက် အခွင့်အလမ်းများစွာရှိနေသည်ကို တွေ့ရမည်ဖြစ်ကြောင်း၊ ထိုကြောင့် ပြည်တွင်းကုန်ထုတ်လုပ်မှုများ တိုးတက်အောင်အလေးထားဆောင်ရွက်ကြရန်လိုကြောင်း၊ မိမိတိုထုတ်ကုန်များရောင်းချမည့်နိုင်ငံ၏ ဈေးကွက်လိုအပ်ချက်ကိုသိရှိရန်နှင့် ဈေးကွက်ခိုင်မာမှုရရှိအောင် တည်ဆောက်ရန်လိုကြောင်း၊ လက်ရှိအချိန်တွင် မိမိတိုနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံများသို ဆန်နှင့်ပဲများကို အဓိကတင်ပိုရောင်းချလျက်ရှိကြောင်း၊ ထိုသိုတင်ပိုရာတွင် ပြည်ပနိုင်ငံတစ်ခု၊ နှစ်ခုတည်းကိုသာ မှီခိုနေ၍မရဘဲ မိမိတိုထုတ်ကုန်ပစ္စည်းများ တင်ပိုရောင်းချနိုင်သည့် အခြားပြည်ပဈေးကွက်များကိုလည်း ရှာဖွေဆောင်ရွက်နေရန်လိုကြောင်း။
 
နိုင်ငံတစ်နိုင်ငံ၏ဂျီဒီပီကို လယ်ယာကဏ္ဍကြီး၊ စက်မှုကဏ္ဍကြီး၊ ဝန်ဆောင်မှုကဏ္ဍကြီး စသည့်ကဏ္ဍကြီးသုံးခုဖြင့် တိုင်းတာကြကြောင်း၊ မိမိတိုနိုင်ငံသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကိုအခြေခံသည့်နိုင်ငံဖြစ်ခြင်းကြောင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍ တိုးတက်အောင်ဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့်စက်မှုလုပ်ငန်းကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် ကုန်ထုတ်လုပ်မှုများတိုးတက်လာပြီး ဝန်ဆောင်မှုလုပ်ငန်းများဖြစ်သည့် ဘဏ်လုပ်ငန်းများ၊ သယ်ယူပိုဆောင်ရေးလုပ်ငန်းများ၊ ရောင်းဝယ်ခြင်းလုပ်ငန်းများလည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ စက်မှုလုပ်ငန်းများတွင် ဆန်စက်၊ ဆီစက်၊ ပဲခွဲစက်၊ သကြားစက်၊ ရော်ဘာစက် စသည့်လုပ်ငန်းများလည်းပါဝင်ပြီး ၎င်းတိုအတွက်လိုအပ်သည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းများသည်လည်း စက်မှုလုပ်ငန်းတွင် ပါဝင်ကြောင်း။

မိမိတိုနိုင်ငံအနေဖြင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးကိုအခြေခံသည့် စီးပွားရေးလုပ်ငန်းကို အဓိကဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်တွင်နေထိုင်ကြကြောင်း၊ ထိုအထဲမှ ၅၀ ရာခိုင်နှုန်းခန့်သည် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်း၊ သစ်တောလုပ်ငန်း၊ ရေလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုနေကြခြင်းဖြစ်ပြီး စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများဖြင့် နိုင်ငံ၏စီးပွားရေးကိုလုပ်ဆောင်နေခြင်းဖြစ်သည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ နိုင်ငံ၏ခေတ်အဆက်ဆက်စီးပွားရေးကို ပြန်ကြည့်မည်ဆိုပါက စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများသာမက မြေပေါ်မြေအောက်သယံဇာတပစ္စည်းများ ထုတ်လုပ်တင်ပိုရောင်းချခဲ့သည်များလည်းရှိကြောင်း၊ ထိုသိုဆောင်ရွက်ရာတွင် သစ်ထုတ်လုပ်ငန်းများကိုလည်းဆောင်ရွက်ခဲ့ခြင်းကြောင့် ယခုအခါ မြန်မာနိုင်ငံ၏သစ်တောဖုံးလွှမ်းမှုမှာ ၄၁ ရာခိုင်နှုန်းခန့်သာကျန်ရှိတော့ကြောင်း၊ တစ်နိုင်ငံလုံးသစ်တောဖုံးလွှမ်းမှု ၅၀ ရာခိုင်နှုန်းအထိတိုးတက်လာစေရေး သစ်ပင်သစ်တောများ ပြန်လည်စိုက်ပျိုးထိန်းသိမ်းခြင်းများကို မိမိတိုအနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ အလားတူ ပြန်လည်ဖြည့်တင်း၍မရနိုင်သည့် သတ္တုတူးဖော်ခြင်းများမရှိစေရေးအတွက်လည်း ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း။

ခေတ်အဆက်ဆက်တွင် ထုတ်ကုန်ပစ္စည်းများ နည်းပါးခဲ့ခြင်းကြောင့် ပိုကုန်၊ သွင်းကုန် မညီမျှမှုများဖြစ်ပေါ်ခဲ့ပြီး ကုန်သွယ်မှုမှအပ ဝင်ငွေ Non-trade များဖြစ်ကြသည့် ပြည်ပချေးငွေများ၊ ထောက်ပံ့ငွေများ၊ ပြည်ပရင်းနှီးမြှုပ်နှံငွေများ၊ အခွန်အခများဖြင့် ကုန်သွယ်မှုလိုငွေများကို ဖြေရှင်းခဲ့ကြကြောင်း၊ ထိုသိုဆောင်ရွက်ခဲ့ကြခြင်းကြောင့် လွန်ခဲ့သည့် ၁၀ စုနှစ်အတွင်း ပြည်ပကြွေးမြီများ တိုးလာခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ် ဒီမိုကရေစီပထမအစိုးရတာဝန်ယူချိန်တွင် ပြည်ပလိုငွေ အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၁ ဘီလီယံခန့်၊ ၂၀၁၆ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ဒီမိုကရေစီဒုတိယအစိုးရတာဝန်ယူချိန်တွင် ပြည်ပလိုငွေ အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၆ ဘီလီယံခန့်ရှိခဲ့ပြီး စုစုပေါင်းပြည်ပလိုငွေ အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၇ ဘီလီယံခန့်ရှိခဲ့ကြောင်း၊ မိမိတို အစိုးရတာဝန်ယူဆောင်ရွက်ချိန်တွင် ပြည်ပကြွေးမြီများကို ရနိုင်သမျှပြန်လည်ပေးဆပ်ခဲ့ပြီး ၂၀၂၅ – ၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် အမေရိကန်ဒေါ်လာ ၈ ဒသမ ၆၉ ဘီလီယံအထိလျှော့ချနိုင်ခဲ့ကြောင်း၊ မိမိတိုအနေဖြင့် ပြည်ပကြွေးမြီများပြန်လည်ပေးဆပ်ရာတွင် ပြည်ပမှထောက်ပံ့ငွေများ၊ ချေးငွေများမရရှိခဲ့ကြောင်း၊ ယခု ၂၀၂၆ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ မိမိတိုနိုင်ငံ၏ ပြည်ပကြွေးမြီမှာ ၈ ဒသမ ၅ ဘီလီယံသာရှိတော့ကြောင်း။

မိမိတိုအနေဖြင့် နိုင်ငံခြားငွေများရရှိရေးအတွက် ပြည်တွင်းကုန်ထုတ်လုပ်မှုများတိုးတက်အောင် မဖြစ်မနေဆောင်ရွက်သွားရန်လိုကြောင်း၊ ကမ္ဘာ့ဘဏ်၏ထုတ်ပြန်ချက်အရ မိမိတိုနိုင်ငံတွင် ဆင်းရဲနွမ်းပါးမှုမှာ ၂၀၂၅ ခုနှစ်တွင် လူဦးရေ ၁၆ ဒသမ ၄ သန်း၊ ၂၉ ဒသမ ၉ ရာခိုင်နှုန်းခန့်ရှိသည်ဟု သိရှိရကြောင်း၊ အခြေခံသောအချက်အလက်များအပေါ်မူတည်၍ လွဲမှားနိုင်ခြေရှိသော်လည်း အတိုင်းအတာတစ်ခုအထိ မှန်ကန်မှုရှိနိုင်ကြောင်း။

ကုန်ဈေးနှုန်းကြီးမြင့်မှုလျှော့ချနိုင်ရေး

လက်ရှိအချိန်တွင် မိမိတိုကြုံတွေ့နေရသည်မှာ ကုန်ဈေးနှုန်းကြီးမြင့်မှုပြဿနာပင်ဖြစ်ကြောင်း၊ ထုတ်လုပ်မှုနှင့်စားသုံးမှုမမျှတပါက မည်သည့်နိုင်ငံပင်ဖြစ်စေ ပစ္စည်းရှားပါးပြီး ကုန်ဈေးနှုန်ကြီးမြင့်မှုပြဿနာဖြစ်ပေါ်သည်ကို ခေတ်အဆက်ဆက်တွင် လေ့လာတွေ့ရှိနိုင်ကြောင်း၊ ထုတ်လုပ်မှုကုန်ကျစရိတ်များကြီးမြင့်ခြင်းကြောင့်လည်း ကုန်ဈေးနှုန်းများကြီးမြင့်နိုင်ကြောင်း၊ ကုန်ထုတ်လုပ်မှုရှိမှသာကုန်ပစ္စည်းများရရှိနိုင်မည်ဖြစ်ပြီး ကုန်ပစ္စည်းမရှိပါက ရောင်းကုန်များမရရှိနိုင်ကြောင်း၊ မိမိတိုနိုင်ငံတွင် မြိုပြနေလူဦးရေ ၁၅ သန်းခန့်ရှိပြီး နေ့စဉ်စားသုံးရန်အတွက် ကြက်ဥအလုံးရေ ၁၅ သန်းခန့်လိုအပ်ကြောင်း၊ ဥနှုန်း ၈၀ ရာခိုင်နှုန်းရှိ ဥစားကြက် သန်း ၂၀ ခန့် မွေးမြူရန်၊ ဥနှုန်း ၇၀ ရာခိုင်နှုန်းဆိုပါက ဥစားကြက် ၂၂ သန်းခန့်၊ ဥနှုန်း ၆၀ ရာခိုင်နှုန်းဆိုပါက ဥစားကြက် ၂၅ သန်းခန့်မွေးမြူရန်လိုအပ်ကြောင်း၊ အဆိုပါအချက်ကို ဥပမာယူပြီး ဒေသအလိုက်ကုန်ဈေးနှုန်းကြီးမြင့်မှုကိုလျှော့ချနိုင်ရေး မွေးမြူရေးလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်သွားရန်လိုကြောင်း။
 
အခြားနိုင်ငံများတွင်လည်း ပြည်တွင်းစားရေးကို အထောက်အကူပြုနိုင်မည့် မွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်လျက်ရှိကြသည်ကို လေ့လာသိရှိနိုင်ကြောင်း၊ မိမိတိုအနေဖြင့် ထုတ်လုပ်မှုနှင့်စားသုံးမှုမျှတစေရေး မဖြစ်မနေဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဒေသအလိုက်ထွက်ရှိသည့် စိုက်ပျိုးရေးထွက်ကုန်များဖြစ်သည့် ဆန်ကွဲ၊ ဖွဲ၊ ပြောင်း၊ ပဲဖတ်များကိုအသုံးပြု၍ တိရစ္ဆာန် အစာများကိုထုတ်လုပ်ပြီး မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိမိတိုအနေဖြင့် စားရေးကိုအထောက်အကူပြုစေမည့် မွေးမြူရေးထုတ်ကုန်များ ပိုမိုတိုးတက်အောင်ထုတ်လုပ်ပြီး ထုတ်လုပ်မှုကုန်ကျစရိတ်များကို လျှော့ချပေးနိုင်မည်ဆိုပါက ကုန်ဈေးနှုန်းများလည်း ကျဆင်းလာမည်ဖြစ်ကြောင်း၊ မိမိတိုအစိုးရအနေဖြင့် ကုန်ဈေးနှုန်းကျဆင်းရေးကို အထောက်အကူဖြစ်စေမည့် သယ်ယူပိုဆောင်ရေးလုပ်ငန်းများကို ကုန်ကျစရိတ်သက်သာစွာဖြင့် သယ်ယူပိုဆောင်ပေးနိုင်ရေးအတွက် မီးရထားဖြင့်ကုန်ရထားပြေးဆွဲခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း။
 
လက်ရှိအချိန်တွင် ကမ္ဘာပေါ်၌ဖြစ်ပေါ်လျက်ရှိသည့် အခြေအနေများအရ စက်သုံးဆီဈေးနှုန်းများ မြင့်တက်လျက်ရှိခြင်းကြောင့် ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ အဆမတန်မြင့်တက်မှုများမရှိစေရေး ပြည်ပမှစက်သုံးဆီ တင်သွင်းမှုများနှင့်ပတ်သက်၍ အခွန်ကင်းလွတ်ခွင့်များပေးထားကြောင်း၊ အလားတူ ပြည်တွင်းလိုအပ်လျက်ရှိသည့် ဓာတ်မြေဩဇာများတင်သွင်းရာတွင်လည်း အခွန်နှုန်းထားများ လျှော့ချပေးထားကြောင်း၊ မိမိတိုအနေဖြင့် ပြည်တွင်းကုန်ဈေးနှုန်းကျဆင်းရေးအတွက် ဆောင်ရွက်ရာတွင် ပြည်တွင်းကုန်ထုတ်လုပ်မှု တိုးတက်အောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်လာစေရေးအတွက် ပြည်တွင်းလုပ်ငန်းရှင်များအနေဖြင့်လည်း စိုက်ပျိုးမွေးမြူရေးကုန်ထုတ်လုပ်ငန်းများတွင် ဝင်ရောက်ရင်းနှီးမြှုပ်နှံ ဆောင်ရွက်ပေးကြရန်တိုက်တွန်းပြောကြားလိုကြောင်း။

ယခုအခါတွင် စူပါအယ်လ်နီညိုဖြစ်စဉ်ဖြစ်ပေါ်လျက်ရှိပြီး ရာသီဥတုများဖောက်ပြန်လျက်ရှိကြောင်း၊ မိမိတိုနိုင်ငံသည်စိုက်ပျိုးရေးနိုင်ငံဖြစ်သဖြင့် ရာသီဥတုဖောက်ပြန်မှုသည် စိုက်ပျိုးရေးလုပ်ငန်းများကို ထိခိုက်စေနိုင်ကြောင်း၊ စူပါအယ်လ်နီညိုဖြစ်စဉ်ကြောင့် အပူချိန်မြင့်မားမှုများဖြစ်ပေါ်လျက်ရှိကြောင်း၊ ရိတ်သိမ်းရန်ရှိသည့် စပါးစိုက်ခင်းများကိုလည်း အချိန်မီရိတ်သိမ်းနိုင်ရန်လိုအပ်ကြောင်း၊ ရာသီဥတုဖောက်ပြန်မှုကြောင့် စိုက်ပျိုးရေးလုပ်ငန်းများထိခိုက်ပြီး သီးနှံထွက်ရှိမှုများကျဆင်းနိုင်ခြေတိုကို ထည့်သွင်းစဉ်းစား၍ ပြည်တွင်းပိုလျှံထွက်ကုန်များဖြင့် ဈေးကွက်ကိုဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်သွားကြရန်လိုကြောင်း။
 
စိုက်ပျိုးရေးကဏ္ဍ ဖွံဖြိုးတိုးတက်ရေးအတွက် မျိုးကောင်းမျိုးသန့်၊ မြေဆီလွှာ၊ ရေနှင့် စိုက်ပျိုးနည်းစနစ်များ ပြည့်စုံရန်လိုအပ်

မိမိတိုအစိုးရအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများတိုးတက်စေရေးအတွက် စိုက်ပျိုးသည့်သီးနှံများအလိုက် စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးလျက်ရှိကြောင်း၊ မိမိတိုနိုင်ငံသည်အဓိကအားဖြင့် ပြည်ပသိုဆန်တင်ပိုသည့်နိုင်ငံဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၅ -၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ဆန်တန်ချိန် ၂ ဒသမ ၈ သန်းကို ပြည်ပသိုတင်ပိုနိုင်ခဲ့ကြောင်း၊ ထိုသိုတင်ပိုရာတွင် ဆန်ကွဲများကိုပါတင်ပိုခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်ပသိုဆန်များတင်ပိုရာတွင် အရည်အသွေးကောင်းမွန်သည့်ဆန်များဖြစ်မှသာ ဈေးကွက်ပိုမိုရရှိနိုင်မည်ဖြစ်သဖြင့် စပါးမျိုးကောင်းများကို စိုက်ပျိုးကြရန်လိုကြောင်း။
 
စိုက်ပျိုးရေးလုပ်ငန်းများ၌ အထွက်နှုန်းများတိုးတက်ကောင်းမွန်စေရေး မျိုးကောင်းမျိုးသန့်များရရှိရန်၊ မြေဆီလွှာကောင်းမွန်မှုရှိအောင်ပြုပြင်ထားရှိရန်၊ စိုက်ပျိုးရေနှင့် အောင်ရေလုံလောက်စွာရရှိရန်နှင့် စိုက်ပျိုးနည်းစနစ်မှန်ကန်မှုရှိရန်တိုသည် အဓိကကျသည့်အချက်များဖြစ်ကြောင်း၊ မျိုးကောင်းမျိုးသန့်အသုံးပြုခြင်းအပြင် သင့်လျော်သည့် ဓာတ်မြေဩဇာနှင့်သဘာဝမြေဩဇာများအသုံးပြုခြင်း၊ မြေယာပြုပြင်ခြင်းနှင့် ရေအရင်းအမြစ်များ စနစ်တကျအသုံးချခြင်းတိုကို ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ စပါးစိုက်ပျိုးရာတွင်လည်း အပင်အရေအတွက်၊ အနှံအရေအတွက်နှင့် စိုက်ခင်းအတွင်း အပင်များညီညာစွာ ရှင်သန်ကြီးထွားမှုတိုအပေါ်မူတည်၍ အထွက်နှုန်းများကွာခြားနိုင်သဖြင့် ကြဲပက်စိုက်ပျိုးခြင်းထက် စနစ်တကျစိုက်ပျိုးနိုင်ရေးကို အလေးထားဆောင်ရွက်သွားရန်လိုအပ်ကြောင်း။
 
မိမိအနေဖြင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးသိုသွားရောက်၍ တာဝန်ရှိသူများ၊ ပြည်သူလူထု များနှင့်တွေ့ဆုံစဉ် တောင်သူလယ်သမားများအနေဖြင့် လုပ်သားအင်အားနှင့် စိုက်ပျိုးစရိတ် အခက်အခဲများ ကြုံတွေ့နေရကြောင်းသိရှိရသည့်အတွက် မျိုးစေ့ချကိရိယာ (Seed Feeder) များ အသုံးပြုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတိုအပါအဝင် ဒေသအချိုတွင် စက်ကိရိယာအသုံးပြု၍ စိုက်ပျိုးခြင်းဖြင့် အောင်မြင်မှုရရှိသည့် လယ်ယာများရှိကြောင်း၊ စိုက်ပျိုးရေးဆိုင်ရာနည်းပညာနှင့် စက်ကိရိယာများကို ထိရောက်စွာအသုံးချနိုင်ရေးအတွက် တောင်သူများအား အသိပညာပေးခြင်းနှင့် လက်တွေ့အသုံးချနိုင်ရန်ပံ့ပိုးပေးခြင်းတိုကို ဆက်လက်ဆောင်ရွက်ရန်လိုအပ်ကြောင်း။

နွေစပါးစိုက်ပျိုးရာတွင်လည်း စိုက်ပျိုးနိုင်သည့် မြေဧရိယာအားလုံးကို ထိရောက်စွာအသုံးချစိုက်ပျိုးနိုင်ခြင်းမရှိသေးဘဲ အချိုမြေဧရိယာများတွင် သီးနှံစိုက်ပျိုးနိုင်ခြင်းမရှိသေးသည့် အခြေအနေများရှိနေကြောင်း၊ ယင်းမြေများတွင် ဆီထွက်သီးနှံများ၊ ပဲများစိုက်ပျိုးလျက်ရှိသည်ကိုလည်း စာရင်းကောက်ယူချက်များအရသိရှိရပြီး စိုက်ပျိုးရေးလုပ်ငန်းများတိုးချဲ့ဆောင်ရွက်နိုင်ရေး ရေအရင်းအမြစ်ရရှိရေးကို ဦးစားပေးဆောင်ရွက်သင့်ကြောင်း၊ ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ စစ်တောင်းမြစ်၊ သံလွင်မြစ်တိုအပြင် ချောင်း၊ မြောင်းနှင့် မြေအောက်ရေအရင်းအမြစ်များကို စနစ်တကျ ရှာဖွေဖော်ထုတ်အသုံးချနိုင်ပါက စိုက်ပျိုးရေးလုပ်ငန်းများ တိုးချဲ့နိုင်မည်ဖြစ်ကြောင်း၊ ထိုကြောင့် ကိုယ်စားလှယ်တော်များအနေဖြင့်လည်း မိမိတိုသက်ဆိုင်ရာ ပြည်နယ်နှင့်တိုင်းဒေသကြီးများသို ပြန်လည်ရောက်ရှိပါက စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ကြုံတွေ့နေရသည့်အခက်အခဲများ၊ ဒေသအလိုက် ရေအရင်းအမြစ်အခြေအနေများနှင့်လိုအပ်ချက်များကို စိစစ်ဖော်ထုတ်တင်ပြကြရန်လိုအပ်ကြောင်း၊ ဒေသအလိုက် အမှန်တကယ်ကြုံတွေ့နေရသည့် အခြေအနေများကိုအခြေခံ၍ အစိုးရအဖွဲထံတင်ပြနိုင်ရေးနှင့် လိုအပ်သည့်ဖြေရှင်းဆောင်ရွက်မှုများပြုလုပ်နိုင်ရေးကို အလေးထားဆောင်ရွက်ရန် တိုက်တွန်းပြောကြားလိုကြောင်း။
 
မြန်မာ့ပေါ်ဆန်းဆန်၏ အရည်အသွေးနှင့်ဂုဏ်သတင်းကို ထိန်းသိမ်းမြှင့်တင်ပြီး နိုင်ငံတကာဈေးကွက်တွင် ယှဉ်ပြိုင်နိုင်ရေးဆောင်ရွက်ရန်လို

မြန်မာနိုင်ငံတွင် ပေါ်ဆန်းဆန်သည် ရှေးယခင်ကတည်းက စိုက်ပျိုးထုတ်လုပ်ခဲ့သည့် အရည်အသွေးမြင့် ဆန်အမျိုးအစားတစ်ခုဖြစ်ပြီး ပုသိမ်ပေါ်ဆန်း၊ ပဲခူးဒေသထွက် ပေါ်ဆန်းနှင့် ရွှေဘိုပေါ်ဆန်းတိုကဲ့သို ဒေသအလိုက်ထင်ရှားသည့် ပေါ်ဆန်းအမျိုးအစားများရှိကြောင်း၊ မြန်မာ့ပေါ်ဆန်းဆန်သည် ၂၀၁၁ ခုနှစ်တွင် ကမ္ဘာ့ဆန်ပြိုင်ပွဲ၌ ပထမဆုရရှိခဲ့သည့် မှတ်တမ်းကောင်းများရှိခဲ့ပြီး နောက်ပိုင်းတွင်အကြောင်းအမျိုးမျိုးကြောင့် ဂုဏ်သတင်းနှင့်အရည်အသွေးမှေးမှိန်နေခဲ့ကြောင်း၊ မိမိအနေဖြင့် နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့ရသည့်အချိန်တွင် မြန်မာ့ပေါ်ဆန်းဆန်၏ နိုင်ငံတကာဂုဏ်သတင်းကို ပြန်လည်မြှင့်တင်နိုင်ရေးနှင့် မြန်မာ့ပေါ်ဆန်းတစ်ခေတ်ဆန်းစေရေး တွန်းအားပေး၍ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသိုကြိုးပမ်းဆောင်ရွက်ခဲ့ရာ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလတွင် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို၌ကျင်းပသည့် ကမ္ဘာ့ဆန်ပြပွဲ၌ မြန်မာ့ပေါ်ဆန်းဆန်အနေဖြင့် ကမ္ဘာ့အကောင်းဆုံးဆန်ဆုကို ဒုတိယအကြိမ်ရရှိနိုင်ခဲ့ကြောင်း၊ ယင်းအောင်မြင်မှုများကိုရေရှည်တည်တံ့စေရန် ဆန်အရည်အသွေးကို ဆက်လက်ထိန်းသိမ်းမြှင့်တင်ရန်လိုအပ်ကြောင်း၊ ပေါ်ဆန်းဆန်သည် အခြားဆန်အမျိုးအစားများထက် ဈေးကွက်တန်ဖိုးမြင့်မားသော်လည်း ဒေသတိုင်းတွင် တစ်ပုံစံတည်း စိုက်ပျိုးထုတ်လုပ်နိုင်ခြင်းမရှိဘဲ မြေအမျိုးအစား၊ ရာသီဥတုနှင့်သဘာဝပတ်ဝန်းကျင် အခြေအနေများအပေါ်မူတည်၍ အရည်အသွေးကွာခြားမှုများရှိကြောင်း၊ ထိုကြောင့် သတ်မှတ်ထားသည့်ဒေသနှင့် ကိုက်ညီသည့်မျိုးများကိုသာ ရွေးချယ်စိုက်ပျိုးကြရန်လိုအပ်ကြောင်း၊ အရည်အသွေးမပြည့်မီသည့် ဆန်များကိုပေါ်ဆန်းအမည်ဖြင့် ဈေးကွက်သိုတင်ပိုပါက မြန်မာ့ပေါ်ဆန်း၏ နိုင်ငံတကာဂုဏ်သတင်းနှင့်ယုံကြည်မှုကို ထိခိုက်စေနိုင်သဖြင့် အရည်အသွေးထိန်းချုပ်ရေးကို အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း။
 
ထိုပြင် အိန္ဒိယနိုင်ငံ၏ ဘာစမာတီဆန်နှင့် ထိုင်းနိုင်ငံ၏ ဂျက်စမင်းဆန်တိုကဲ့သို နိုင်ငံတကာတွင် နာမည်ကျော်ကြားသည့် ဆန်အမျိုးအစားများ များစွာရှိသကဲ့သို မြန်မာ့ပေါ်ဆန်းဆန်ကိုလည်း နိုင်ငံတကာဈေးကွက်တွင် ခိုင်မာသည့်အမှတ်တံဆိပ်တစ်ခုအဖြစ်ရပ်တည်နိုင်ရေး ဆောင်ရွက်သင့်ကြောင်း၊ တောင်သူများနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် တာဝန်ရှိသူများအနေဖြင့် ဈေးကွက်အလားအလာကိုသာကြည့်၍ ဈေးကွက်ရရှိသည့် မျိုးတူသီးနှံများကို အစုလိုက်အပြုံလိုက် ပြောင်းလဲစိုက်ပျိုးခြင်းမပြုဘဲ ဒေသနှင့်ကိုက်ညီပြီး ဈေးကွက်လိုအပ်ချက်ရှိသည့်သီးနှံများကိုသာ ဦးစားပေးစိုက်ပျိုးသွားကြရန်နှင့် စိုက်ပျိုးထုတ်လုပ်မှု ကွင်းဆက်တစ်ခုလုံး၌ ရေရှည်အကျိုးဖြစ်ထွန်းရေးကိုအခြေခံ၍ ဆောင်ရွက်သွားကြရန်လိုကြောင်း။

မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို ဥပဒေနှင့်အညီ စနစ်တကျအသုံးချရန်လို

မြန်မာနိုင်ငံတွင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို နှစ်တိုနှစ်ရှည် စိုက်ပျိုးရေးလုပ်ငန်းများ၊ စက်မှုဇုန်များနှင့် အိမ်ရာစီမံကိန်းများအပါအဝင် နိုင်ငံဖွံဖြိုးရေးလုပ်ငန်းများအတွက် အသုံးချနိုင်သည့်အလားအလာများရှိကြောင်း၊ သိုသော် သတ်မှတ်ထားသည့်မြေယာများကို ခွင့်ပြုချက်ရယူပြီးနောက် သတ်မှတ်ကာလအတွင်း အမှန်တကယ်အသုံးချခြင်းမရှိဘဲ အခြားရည်ရွယ်ချက်များဖြင့် ပြောင်းလဲအသုံးပြုနေသည့် ဖြစ်စဉ်များလည်းရှိကြောင်း၊ ထိုကြောင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေနှင့်အညီ စစ်ဆေးကြပ်မတ်မှုများကို ထိရောက်စွာဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မိမိတိုအနေဖြင့် မြေအသုံးချမှုများနှင့်ပတ်သက်၍ စိစစ်ဆောင်ရွက်ခဲ့ရာ ယခင်ကခွင့်ပြုပေးထားခဲ့သည့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများအနက် သတ်မှတ်ချက်များနှင့်အညီ အမှန်တကယ်အသုံးချခြင်းမရှိသည့် မြေယာအချိုကို ပြန်လည်သိမ်းဆည်းခဲ့ရခြင်းများလည်းရှိကြောင်း၊ ထိုကြောင့် ပြည်နယ်နှင့်တိုင်းဒေသကြီး၊ မြိုနယ်အဆင့်တာဝန်ရှိသူများအနေဖြင့် မြေယာခွင့်ပြုခြင်း၊ အသုံးချမှုစစ်ဆေးခြင်းနှင့် သတ်မှတ်ကာလအတွင်း လုပ်ငန်းအကောင်အထည်ဖော်မှု ရှိ၊ မရှိ စိစစ်ခြင်းတိုကို စနစ်တကျ ဆောင်ရွက်ရန်လိုအပ်ကြောင်း။
 
စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရန်လို

မိမိတိုနိုင်ငံအနေဖြင့် လောင်စာဆီနှင့် စားသုံးဆီကဏ္ဍတိုတွင် ပြည်ပမှ တင်သွင်းမှုအပေါ်မှီခိုနေရသည့် အခြေအနေများရှိနေဆဲဖြစ်ကြောင်း၊ ထိုသို နှစ်စဉ်ပမာဏများစွာ တင်သွင်းနေရသဖြင့် နိုင်ငံခြားငွေသုံးစွဲမှုလျှော့ချနိုင်ရေးအတွက် ပြည်တွင်း၌ ဆီထွက်သီးနှံများ တိုးမြှင့်စိုက်ပျိုးထုတ်လုပ်သွားရန်လိုအပ်ကြောင်း၊ ထိုသိုဆောင်ရွက်ရာတွင် နှမ်း၊ မြေပဲ၊ နေကြာနှင့် ပဲပုပ်အပါအဝင် ဆီထွက်သီးနှံများကို ဒေသအလိုက် သင့်လျော်သည့်မြေယာနှင့် ရာသီဥတုအခြေအနေများအပေါ်မူတည်၍ တိုးချဲ့စိုက်ပျိုးထုတ်လုပ်သင့်ကြောင်း၊ ကိုယ်စားလှယ်တော်ကြီးများအနေဖြင့်လည်း မိမိတိုဒေသအလိုက် စားသုံးဆီဖူလုံရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ စိစစ်ပြီးလိုအပ်သည်များကို ထောက်ပြပြောဆိုသွားရန် လိုအပ်ကြောင်း။
 
ရော်ဘာ၊ ကော်ဖီနှင့် ကိုကိုးစိုက်ပျိုးထုတ်လုပ်မှုများတိုးချဲ့၍ ပြည်ပပိုကုန်ဝင်ငွေ မြှင့်တင်ရန်လို

မြန်မာနိုင်ငံတွင် ရော်ဘာစိုက်ပျိုးမှုအတွက် လက်ရှိအသုံးပြုနေသည့် မြေဧရိယာများအပြင် ထပ်မံတိုးချဲ့စိုက်ပျိုးနိုင်သည့် မြေဧရိယာများလည်းရှိနေကြောင်း၊ ဝါစိုက်ပျိုးရေးနှင့် ကော်ဖီစိုက်ပျိုးရေးလုပ်ငန်းများတွင်လည်း တိုးချဲ့ဆောင်ရွက်နိုင်သည့် အလားအလာများရှိကြောင်း၊ အထူးသဖြင့် မြန်မာနိုင်ငံတွင် ပေ ၃၀၀၀ အထက် ကုန်းမြင့်ဒေသများ၌ စိုက်ပျိုးထုတ်လုပ်သည့် အာရေဗီကာကော်ဖီသည် အရည်အသွေးကောင်းမွန်ပြီး နိုင်ငံတကာဈေးကွက်တွင် တန်ဖိုးမြင့်မားသည့် ထုတ်ကုန်တစ်ခုဖြစ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအပါအဝင် သင့်လျော်သည့်ဒေသများ၌ ကော်ဖီစိုက်ပျိုးမှုကို ထပ်မံတိုးချဲ့နိုင်သည့် အလားအလာရှိကြောင်း၊ ယခင်က ပြင်ဦးလွင်နှင့်နောင်ချိုဒေသများ၌ ကော်ဖီစိုက်ပျိုးရန်မြေနေရာများ ခွင့်ပြုနေရာချထားပေးခဲ့သော်လည်း လက်တွေ့စစ်ဆေးသည့်အချိန်တွင် သတ်မှတ်ထားသည့် ရည်ရွယ်ချက်အတိုင်း ကော်ဖီစိုက်ပျိုးခြင်းမရှိဘဲ အခြားလုပ်ငန်းများအတွက် အသုံးပြုနေသည့် အခြေအနေများကိုတွေ့ရှိခဲ့ရကြောင်း၊ အချိုနေရာများတွင် လူနေအိမ်များ၊ မွေးမြူရေးခြံများနှင့် အပန်းဖြေစခန်းများ တည်ဆောက်ထားသည်ကို တွေ့ရှိရကြောင်း၊ ထိုကြောင့် ခွင့်ပြုထားသည့်မြေယာများကို ရည်ရွယ်ချက်အတိုင်း အမှန်တကယ်အသုံးချမှု ရှိ၊ မရှိ စစ်ဆေးကြပ်မတ်ရန်လိုအပ်ကြောင်း၊ ထိုပြင် မိမိတိုနိုင်ငံ၌ ကိုကိုးစိုက်ပျိုးထုတ်လုပ်မှုကိုလည်း အလားအလာရှိသည့် စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် ဖော်ဆောင်နိုင်ကြောင်း၊ ကိုကိုးသည် ချောကလက်ထုတ်လုပ်ရာတွင် အဓိကအသုံးပြုသည့်ကုန်ကြမ်းဖြစ်ပြီး နိုင်ငံတကာဈေးကွက်တွင် တန်ဖိုးမြင့်မားသည့်ထုတ်ကုန်ဖြစ်ကြောင်း၊ ရော်ဘာ၊ ဆီအုန်း၊ ဒူးရင်းနှင့် အခြားနှစ်ရှည်ပင် စိုက်ခင်းများအတွင်း သင့်လျော်သည့်နေရာများ၌ ကြားညှပ်စိုက်ပျိုးနိုင်သည့် အလားအလာများရှိသဖြင့် သက်ဆိုင်ရာဒေသများအနေဖြင့် ကိုကိုးစိုက်ပျိုးထုတ်လုပ်မှုကို တိုးချဲ့ဆောင်ရွက်နိုင်ရေး ကြိုးပမ်းသင့်ကြောင်း။

MSME လုပ်ငန်းများကို ဒေသထွက်ကုန်ကြမ်းအခြေခံ၍ တိုးချဲ့ဆောင်ရွက်ခြင်းဖြင့် ပြည်တွင်း ထုတ်လုပ်မှု မြှင့်တင်ရန်လို

အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME) သည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံဖြိုးတိုးတက်မှုတွင် အရေးပါသည့် အခန်းကဏ္ဍမှပါဝင်နေကြောင်း၊ ယင်းလုပ်ငန်းများသည် ပြည်တွင်းကုန်ထုတ်လုပ်မှုတိုးတက်စေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးနှင့် ဒေသတွင်းစီးပွားရေးလည်ပတ်မှု အားကောင်းစေရေးတိုအတွက် အထောက်အကူပြုနိုင်ကြောင်း၊ သက်ဆိုင်ရာကာလအတွင်း ပြည်နယ်နှင့်တိုင်းဒေသကြီးများသို ၄၅ ကြိမ်သွားရောက်၍ MSME လုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးအတွက် တိုက်တွန်းဆွေးနွေးကူညီဆောင်ရွက်ခဲ့ကြောင်း၊ ဒေသအလိုက်ထွက်ရှိသည့် ကုန်ကြမ်းများကိုအခြေခံ၍ ချည်ထည်လုပ်ငန်း၊ အသုံးအဆောင်ပစ္စည်း ထုတ်လုပ်မှုလုပ်ငန်း၊ ရော်ဘာအခြေခံစက်မှုလုပ်ငန်းများကို ဖော်ဆောင်နိုင်ကြောင်း၊ ဥပမာအားဖြင့် ပြည်တွင်း၌ မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်အရေအတွက် များပြားလာသည့်အတွက် လိုအပ်နေသည့် တာယာနှင့်ကျွတ်များကို ပြည်တွင်း၌ထုတ်လုပ်နိုင်မည်ဆိုပါက ပြည်ပမှတင်သွင်းရမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ရော်ဘာစိုက်ပျိုးသည့်ဒေသများတွင် ရော်ဘာကုန်ကြမ်းကိုအခြေခံသည့် စက်မှုလုပ်ငန်းများတည်ထောင်နိုင်ရေး တိုက်တွန်းဆောင်ရွက်သင့်ကြောင်း၊ ထိုအတူ ဝါစိုက်ပျိုးသည့်ဒေသများတွင် ဝါကုန်ကြမ်းကိုအခြေခံသည့် ချည်မျှင်နှင့်အထည်အလိပ်လုပ်ငန်းများ ဖွံဖြိုးတိုးတက်အောင်ဆောင်ရွက်နိုင်ကြောင်း၊ ကရင်ပြည်နယ်တွင် ဖိနပ်စက်ရုံတည်ထောင်၍ ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နေခြင်းနှင့် တနင်္သာရီတိုင်းဒေသကြီးတွင် တာယာနှင့်ကျွတ်များထုတ်လုပ်ရန် စီစဉ်ဆောင်ရွက်နေခြင်းတိုသည် ကြိုဆိုအားပေးရမည့် လုပ်ငန်းများဖြစ်ကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများအလိုက် ဒေသထွက်ကုန်ကြမ်းများကိုအခြေခံသည့် စက်မှုလုပ်ငန်းများပိုမိုတိုးချဲ့ဆောင်ရွက်နိုင်ရေး လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ၊ တာဝန်ရှိသူများက အားပေးတိုက်တွန်းသွားရန် လိုအပ်ကြောင်း။
 
လမ်းပန်းဆက်သွယ်ရေးနှင့် ရထားလမ်းများ အဆင့်မြှင့်တင်ခြင်းဖြင့် ကုန်စည်သယ်ယူပိုဆောင်ရေး ပိုမိုကောင်းမွန်လာစေရန် ဆောင်ရွက်ရန်လို

နိုင်ငံ၏ စီးပွားရေးဖွံဖြိုးတိုးတက်ရေးတွင် လမ်းပန်းဆက်သွယ်ရေးကဏ္ဍသည်လည်း အရေးပါသည့်အခန်းကဏ္ဍမှပါဝင်နေကြောင်း၊ မော်တော်ယာဉ်များ မည်မျှကောင်းမွန်နေသည်ဖြစ်စေ လမ်းများကောင်းမွန်မှုမရှိပါက အရှိန်လျှော့မောင်းနှင်နေရမည်ဖြစ်သကဲ့သို ရထားလမ်းများ မကောင်းပါကလည်း သတ်မှတ်အရှိန်အတိုင်း မောင်းနှင်၍ရနိုင်မည်မဟုတ်ကြောင်း၊ ရထားလမ်းများနှင့် အခြေခံအဆောက်အအုံများအား သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အဆင့်မြှင့်တင်ရန်လိုပြီး ရထားလမ်းများတွင် ကျောက်များဖြည့်တင်းခြင်း၊ ဇလီဖားတုံးများ စနစ်တကျတပ်ဆင်ခြင်းနှင့် ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ခြင်းတိုသည် ရထားပြေးဆွဲမှုဘေးကင်းလုံခြုံရေးနှင့် အမြန်နှုန်းမြှင့်တင်နိုင်ရေးတိုအတွက် အရေးကြီးကြောင်း။ ရန်ကုန်-မန္တလေး ရထားလမ်းအပါအဝင် ရန်ကုန်-ပြည်၊ ရန်ကုန်-မော်လမြိုင်နှင့် မော်လမြိုင်-ရေး ရထားလမ်းများကို အဆင့်မြှင့်တင်နိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း၊ ထိုအပြင် ရထားလမ်းများ အဆင့်မြှင့်တင်ခြင်းနှင့်အတူ ရထားလမ်းတစ်လျှောက်ရှိ တံတားများ၏ ခံနိုင်ရည်စွမ်းအားကိုလည်း မြှင့်တင်ရန်လိုအပ်ကြောင်း၊ ရထားများကို တစ်နာရီလျှင် ကီလိုမီတာ ၇၀ မှ ၈၀ ခန့်အထိ အမြန်နှုန်းဖြင့် ပြေးဆွဲနိုင်ရေးအတွက် တံတားများသည် သတ်မှတ်ထားသည့် ဖိအားနှင့်တုန်ခါမှုဒဏ်ကို ခံနိုင်ရည်ရှိရန်လိုအပ်ကြောင်း၊ ထိုကြောင့် လက်ရှိတံတားများကို စစ်ဆေးပြုပြင်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်းတိုကိုဆောင်ရွက်ရန်လိုအပ်သကဲ့သို ရထားနှစ်စင်း တစ်လမ်းတည်းတွင် အပြန်အလှန်ဖြတ်သန်းရာ၌ ဖြစ်ပေါ်နိုင်သည့်အန္တရာယ်များကို လျှော့ချနိုင်ရေးအတွက် နှစ်လမ်းသွားရထားလမ်း ဒွေးလမ်းများဖော်ဆောင်ရန်လည်း စီစဉ်ဆောင်ရွက်နေကြောင်း၊ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် ဆက်စပ်အသုံးပြုနိုင်ရေးအတွက် ရေး-ထားဝယ် ပင်လယ်ကမ်းရိုးတန်းအတိုင်း ရထားလမ်းသစ်ဖောက်လုပ်နိုင်ရေးကိုလည်း စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းစီမံကိန်းအကောင်အထည်ဖော်နိုင်မည်ဆိုပါက ထားဝယ်ဒေသနှင့် ဆက်စပ်ဒေသများအကြား သယ်ယူပိုဆောင်ရေးကဏ္ဍ ပိုမိုတိုးတက်ကောင်းမွန်လာမည်ဖြစ်သကဲ့သို ကုန်စည်စီးဆင်းမှုနှင့် စီးပွားရေးလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးကိုလည်း အထောက်အကူပြုမည်ဖြစ်ကြောင်း။

ပညာရေးကဏ္ဍနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံဖြိုးရေး

ပညာရေးကဏ္ဍနှင့်ပတ်သက်၍လည်း အခြေခံပညာကျောင်းများအားလုံး ဖွင့်လှစ်နိုင်ရေး၊ ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ကြားခွင့်ရရှိရေးနှင့် ဆရာ၊ ဆရာမအင်အား လုံလောက်စေရေးတိုကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများအနက် ဖွင့်လှစ်နိုင်သည့်ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများအားလုံး ပုံမှန်တက်ရောက်ပညာသင်ကြားနိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံရေးအပြောင်းအလဲကာလအတွင်း မူလတန်းပြမှတက္ကသိုလ်ပါမောက္ခအဆင့်အထိ အင်အားတစ်သိန်းနှစ်သောင်းကျော် DCS လှုပ်ရှားမှုတွင်ပါဝင်ခဲ့ကြသဖြင့် ဆရာအင်အားနှင့် ကျောင်းသားအချိုးအပေါ် သက်ရောက်မှုရှိခဲ့ကြောင်း၊ သင်ကြားရေးဝန်ထမ်း လိုအပ်ချက်များနှင့် သင်ကြားရေးအခြေခံအဆောက်အအုံနှင့် မြေနေရာအခက်အခဲများနှင့်ပတ်သက်၍လည်း နိုင်ငံတော်မှလိုအပ်သည်များကို ကူညီဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထိုပြင် ပညာရေးကောလိပ်များ၏ အဆင့်အတန်းမြှင့်တင်ရေး၊ ဆရာအတတ်ပညာသင်ကြားမှု အရည်အသွေးတိုးတက်ရေးနှင့် ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေးအခွင့်အလမ်းများ ပိုမိုကောင်းမွန်လာစေရေးတိုကို ဆောင်ရွက်ပေးလျက်ရှိကြောင်း။
 
လူငယ်များ၏ စည်းကမ်းနှင့် နိုင်ငံသားကောင်းစိတ်ဓာတ်ဖွံဖြိုးရေး

ပညာရေးသည် စာပေသင်ကြားပေးရုံသာမက လူငယ်များ၏ စည်းကမ်း၊ အကျင့်စာရိတ္တနှင့် နိုင်ငံသားကောင်းစိတ်ဓာတ်များ ဖွံဖြိုးလာစေရေးအတွက်လည်း အရေးကြီးကြောင်း၊ ကျောင်းသား ကျောင်းသူများအား အချိန်မှန်ကျောင်းတက်ခြင်း၊ စာသင်ခန်းအတွင်း စည်းကမ်းတကျနေထိုင်ခြင်း၊ ဆရာ၊ ဆရာမများကို ရိုသေလေးစားခြင်း၊ နိုင်ငံတော်အလံနှင့် နိုင်ငံတော်သီချင်းကို လေးစားတန်ဖိုးထားခြင်း စသည့်အလေ့အကျင့်ကောင်းများကို ငယ်စဉ်ကတည်းက လေ့ကျင့်ပေးရန် လိုအပ်ကြောင်း၊ လူငယ်များ၏ အသိပညာ၊ အတတ်ပညာနှင့် စည်းကမ်းလိုက်နာမှုတိုကို မြှင့်တင်ပေးနိုင်မှသာ အနာဂတ်နိုင်ငံတော်အတွက် အကျိုးပြုနိုင်မည်ဖြစ်သည့်အတွက် ပညာရေးစနစ်မှတစ်ဆင့် လူငယ်များ၏အတွေးအခေါ်နှင့်အပြုအမူများ တိုးတက်ကောင်းမွန်လာစေရေး ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း။
 
အားကစားကဏ္ဍ ဖွံဖြိုးတိုးတက်ရေး အခြေခံအဆောက်အအုံများ ဖြည့်ဆည်း

ပညာရေးကဏ္ဍနှင့်ဆက်စပ်၍ တစ်ဆက်တည်းတွင် အားကစားကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် အားကစားကွင်း၊ အားကစားရုံ၊ ရေကူးကန်နှင့် အခြားအားကစားဆိုင်ရာ အခြေခံအဆောက်အအုံများ လိုအပ်လျက်ရှိကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် အားကစားကွင်းများ၊ ဘောလုံးကွင်းများနှင့်ရေကူးကန်များ တည်ဆောက်ပေးလျက်ရှိပြီး အားကစားဆိုင်ရာအခြေခံအဆောက်အအုံများ ပြည့်စုံမှုမရှိသေးသည့်ဒေသများတွင်လည်း အဆင့်လိုက်ဆက်လက်ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ရှိပြီးဖြစ်သည့် အားကစားကွင်းများ သန့်ရှင်းသပ်ရပ်မှုရှိစေရေးနှင့် ရေရှည်တည်တံ့မှုရှိစေရေး စနစ်တကျဖြင့် အစဉ်အဆက်ထိန်းသိမ်းကြရန်နှင့် အားကစားပြုလုပ်ရန်အတွက် သင့်လျော်သည့်ပတ်ဝန်းကျင်ဖြစ်စေရေး ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ အားကစားသမားများ လေ့ကျင့်ရေးအတွက် အားကစားနည်းအလိုက် လေ့ကျင့်ရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများကိုလည်း ဖြည့်ဆည်းပေးသွားရန်လိုကြောင်း။
 
ထိုအပြင် အားကစားသမားများ၏ စွမ်းရည်တိုးတက်ရေးအတွက် နည်းစနစ်ပိုင်းဆိုင်ရာနည်းပြများနှင့် ကြံ့ခိုင်ရေးနည်းပြများလိုအပ်ပြီး အားကစားအမျိုးအစားအလိုက် လေ့ကျင့်မှုနည်းစနစ်များ မတူညီသည့်အတွက် ကျွမ်းကျင်သည့်နည်းပြများဖြင့် စနစ်တကျ လေ့ကျင့်သင်ကြားပေးရန်လိုအပ်ကြောင်း၊ အားကစားပြိုင်ပွဲများတွင် ပရိသတ်များပါဝင်အားပေးမှုသည်လည်း အားကစားသမားများ၏ စိတ်ဓာတ်နှင့် ကြိုးစားအားထုတ်မှုကို အထောက်အကူဖြစ်စေသည့်အတွက် စည်းကမ်းတကျ လာရောက်အားပေးသည့် အားကစားပရိသတ်များ ပိုမိုများပြားလာစေရေး ဆောင်ရွက်ပေးသွားရန်လည်းလိုအပ်ကြောင်း။

အနုပညာနှင့်ယဉ်ကျေးမှုဆိုင်ရာ အဆောက်အအုံများ ပြန်လည်မြှင့်တင်

အနုပညာနှင့်ယဉ်ကျေးမှုကဏ္ဍ ဖွံဖြိုးတိုးတက်ရေးအတွက် ရန်ကုန်နှင့်မန္တလေးမြိုများရှိ အနုပညာဆိုင်ရာအဆောက်အအုံများနှင့် ဇာတ်ရုံများကို ပြန်လည်ပြုပြင်တည်ဆောက်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ရိုးရာယဉ်ကျေးမှုအနုပညာများကို ဖျော်ဖြေတင်ဆက်နိုင်မည့်နေရာများ လိုအပ်နေသည့်အတွက် ဇာတ်ရုံများနှင့် သင့်လျော်သည့်အဆောက်အအုံများ ပြည့်စုံစေရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။
 
ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး

မိမိတိုအနေဖြင့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ခိုင်မာစွာဖော်ဆောင်ရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးတိုကို နိုင်ငံရေးရည်မှန်းချက်အနေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ လွှတ်တော်ဆိုသည်မှာ ပြည်သူများ၏ ကိုယ်စားလှယ်များက ဒေသအလိုက်လိုအပ်ချက်များနှင့် သဘောထားအမြင်များကို တင်ပြဆွေးနွေးနိုင်သည့် တရားဝင်နိုင်ငံရေးစင်မြင့်တစ်ခုဖြစ်ကြောင်း၊ သိုဖြစ်၍ ပါတီငယ်များနှင့် တိုင်းရင်းသားပါတီများအနေဖြင့်လည်း လွှတ်တော်အတွင်း ကိုယ်စားပြုပါဝင်ခွင့်ရရှိစေရန် PR စနစ်ကို မိမိတိုတာဝန်ယူသည့်ကာလအတွင်း ထည့်သွင်းကျင့်သုံးစေခြင်းဖြစ်ကြောင်း၊ သိုဖြစ်၍ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် မိမိတိုဒေသ၏အခြေအနေများကို မှန်မှန်ကန်ကန်သိရှိပြီး လိုအပ်သည်များကို တင်ပြတောင်းဆိုနိုင်ကြရန်လိုကြောင်း။
 
တင်ပြဆွေးနွေးမှုများနှင့်ပတ်သက်၍ ဒီမိုကရေစီစနစ်တွင် သဘောထားအမြင် ကွဲပြားမှုများရှိနိုင်မည် ဖြစ်သော်လည်း ယင်းတိုကိုအပြုသဘောဆောင်သည့် ဆွေးနွေးညှိနှိင်းမှုများဖြင့် ဖြေရှင်းသွားရန် လိုအပ်မည်ဖြစ်ကြောင်း၊ လူများစု၏ဆန္ဒကို လေးစားလိုက်နာသကဲ့သို လူနည်းစု၏ သဘောထားဆန္ဒကိုလည်း အလေးထားရန်လိုအပ်မည်ဖြစ်ကြောင်း။
 
ထာဝရငြိမ်းချမ်းရေးရရှိရေး ဆွေးနွေးညှိနှိင်းမှုများ ဆက်လက်ဆောင်ရွက်မည်

ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်၍ လာမည့်ကာလအတွင်း ထာဝရငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ၂၀၂၈ ခုနှစ် ပြည်ထောင်စုနေ့ ဝန်းကျင်ကာလအတွင်း ငြိမ်းချမ်းရေးညီလာခံတစ်ရပ်ကိုကျင်းပနိုင်ရေးစီစဉ်ထားရှိပြီး ယင်းလုပ်ငန်းစဉ်အတွက် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိင်းရေးကော်မတီ (NSPNC) ကို တာဝန်ပေးအပ်ထားပြီးဖြစ်ကြောင်း။
 
မိမိတိုနိုင်ငံ၌ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ယင်းသဘောတူညီချက်များရရှိရေးအတွက် တွေ့ဆုံဆွေးနွေးမှုပေါင်း အကြိမ်ရေ ၅၀၀၀ ကျော်ခန့်ကို ဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲအစည်းများ၊ နိုင်ငံရေးပါတီများနှင့် အခြားအဖွဲအစည်းများနှင့် တွေ့ဆုံဆွေးနွေးမှုအကြိမ်ရေပေါင်း ၁၆၀ ကိုဆောင်ရွက်ခဲ့ပြီး အခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်သည့် ပဏာမသဘောတူညီချက် ၄၃ ချက်ရရှိခဲ့ကာ ယင်းအချက်များကိုလည်း လွှတ်တော်တွင် ဆွေးနွေးနိုင်ရေးတင်ပြထားကြောင်း။

သဘာဝဘေးအန္တရာယ်များကြောင့် ပျက်စီးဆုံးရှုးမှုများ ပြန်လည်ထူထောင်ရေး ဆောင်ရွက်ခဲ့

သဘာဝဘေးအန္တရာယ်များကြောင့် နိုင်ငံအတွင်း ပျက်စီးဆုံးရှုးမှုများဖြစ်ပေါ်ခဲ့သည့် အခြေအနေများနှင့်ပတ်သက်၍ ၂၀၂၄ ခုနှစ်တွင်ဖြစ်ပေါ်ခဲ့သည့် ရာဂိမုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းပြီး ဖြစ်ပေါ်ခဲ့သည့်ရေကြီးရေလျှံမှုများနှင့် ၂၀၂၅ ခုနှစ် မန္တလေးငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုးမှုများစွာဖြစ်ပေါ်ခဲ့ကြောင်း၊ ယင်းသဘာဝ ဘေးအန္တရာယ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့်နေရာများ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများအတွက် နိုင်ငံတော်အနေဖြင့် နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံ အသုံးပြုခဲ့ရပြီး အာဆီယံအဖွဲထံမှအကူအညီရရှိမှုမှာ လိုအပ်ချက်နှင့်နှိင်းယှဉ်ပါက နည်းပါးခဲ့ကြောင်း၊ ထိုပြင်ကမ္ဘာ့ဘဏ်နှင့် အာရှဖွံဖြိုးရေးဘဏ်တိုထံမှလည်း ချေးငွေ သိုမဟုတ် အကူအညီများရရှိခဲ့ခြင်းမရှိကြောင်း၊ သဘာဝဘေးအန္တရာယ်များကြောင့် ဖြစ်ပေါ်လာသည့် ထိခိုက်ပျက်စီးမှုများကို ပြန်လည်တည်ဆောက်ရာတွင် နိုင်ငံတော်ဘဏ္ဍာငွေများဖြင့်သာ အသုံးပြုဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း။
 
အာဆီယံနှင့်ဆက်ဆံရေးကို ပြန်လည်သုံးသပ်ဆောင်ရွက်

အာဆီယံနှင့် ဆက်ဆံရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ မကြာသေးမီကပြုလုပ်ခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ထုတ်ပြန်ချက်များအပေါ် မိမိတိုအနေဖြင့် သဘောထားကွဲလွဲမှုများရှိကြောင်း၊ အချိုသောဆုံးဖြတ်ချက်များနှင့် ထုတ်ပြန်ချက်များသည် အာဆီယံအဖွဲဝင်နိုင်ငံအားလုံး၏ ဆန္ဒသဘောထားကို ကိုယ်စားပြုခြင်းမဟုတ်ဘဲ အချိုသောနိုင်ငံများ၏ သဘောထားများအပေါ် မူတည်ဆောင်ရွက်ခဲ့သည့် အခြေအနေဖြစ်သည်ဟု သုံးသပ်ရကြောင်း၊ ထိုကြောင့် အာဆီယံနှင့် ရှေ့ဆက်ဆောင်ရွက်မည့် ဆက်ဆံရေးလုပ်ငန်းစဉ်များကို ပြန်လည်သုံးသပ်သွားရန် အစိုးရအနေဖြင့် ဆုံးဖြတ်ထားကြောင်း၊ မြန်မာနိုင်ငံနှင့် အာဆီယံအကြား ပုံမှန်ဆက်ဆံရေးပြန်လည်ရရှိစေရေးအတွက် မြန်မာနိုင်ငံ၏ ရပ်တည်ချက်၊ အချုပ်အခြာအာဏာနှင့် အာဆီယံအဖွဲဝင်နိုင်ငံများ၏ သဘောထားများကို ထည့်သွင်းစဉ်းစားကာ ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း။
 
အိမ်နီးချင်းနိုင်ငံများဖြစ်သည့် လာအို၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ထိုင်းနှင့် မလေးရှားနိုင်ငံများသို သွားရောက်ခဲ့စဉ် ယင်းနိုင်ငံများမှတာဝန်ရှိသူများက မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲအတွင်း ပုံမှန်ဆက်ဆံရေး ပြန်လည်ရရှိစေရန်လိုလားသည်ကို သိရှိခဲ့ရကြောင်း၊ အာဆီယံအဖွဲအတွင်း ဆုံးဖြတ်ချက်များချမှတ်ရာတွင် အဖွဲဝင်နိုင်ငံများ၏ သဘောတူညီမှု (Consensus) ကို အခြေခံဆောင်ရွက်လျက်ရှိကြောင်း၊ သိုသော် အဖွဲဝင်နိုင်ငံတစ်နိုင်ငံကကန့်ကွက်ပါက သဘောတူညီမှုမရရှိသေးဟုသတ်မှတ်ပြီး မြန်မာနိုင်ငံအပေါ်ကန့်သတ်မှုများ ဆောင်ရွက်လာသည့် အခြေအနေများရှိကြောင်း၊ ၂၀၂၁ ခုနှစ် ဧပြီ ၂၃ ရက်တွင် အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို၌ ကျင်းပခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးသို တက်ရောက်ခဲ့စဉ် အာဆီယံဘုံသဘောတူညီချက် (၅) ရပ်နှင့်ပတ်သက်၍ဆွေးနွေးခဲ့ကြောင်း၊ အစည်းအဝေးအတွင်း တိုက်ရိုက်ဖြေရှင်းဆွေးနွေးခြင်းမရှိဘဲ နောက်ပိုင်းတွင် ဥက္ကဋ္ဌ၏ကြေညာချက်အဖြစ် ထုတ်ပြန်ခဲ့သည့်အပေါ် မိမိတိုအနေဖြင့် လက်ခံမှုမရှိသည်ကိုပြောကြားခဲ့ကြောင်း၊ ယင်းအစည်းအဝေးတွင် လာအိုနိုင်ငံကလည်း အာဆီယံအဖွဲ စတင်တည်ထောင်ချိန်မှစ၍ နှစ်ပေါင်း ၅၀ ကျော်ကာလအတွင်း အဖွဲဝင်နိုင်ငံတစ်နိုင်ငံ၏ ကိုယ်စားပြုပါဝင်မှုကို ကန့်သတ်ခဲ့သည့် အစဉ်အလာမရှိခဲ့သည်ကို ထည့်သွင်းပြောကြားခဲ့ကြောင်း၊ ထိုကြောင့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် နိုင်ငံတကာအခြေအနေနှင့် အာဆီယံအဖွဲ၏ လုပ်ငန်းစဉ်များကို သေချာစွာသိရှိနားလည်ထားရန်လိုအပ်ကြောင်း၊ နိုင်ငံတကာဆက်ဆံရေးဆိုင်ရာကိစ္စရပ်များတွင် အခြေအနေအလိုက် သင့်လျော်သည့် တုံပြန်ဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန် လိုအပ်ကြောင်း။

နိုင်ငံတကာနိုင်ငံများနှင့် မိတ်ဝတ်မပျက် ဆက်ဆံရေးတိုးမြှင့်မည်

နိုင်ငံတကာဆက်ဆံရေးနှင့်ပတ်သက်၍ လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သည့်နိုင်ငံခြားရေး မူဝါဒနှင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ်ကိုအခြေခံကာ နိုင်ငံအားလုံးနှင့် မိတ်ဝတ်မပျက်ဆက်ဆံရေးကို ဆောင်ရွက်လျက်ရှိကြောင်း၊ ကမ္ဘာ့နိုင်ငံများနှင့် ရင်းနှီးချစ်ကြည်စွာ ဆက်ဆံသွားရန် အစိုးရအနေဖြင့်ဆုံးဖြတ်ထားပြီး အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးကိုလည်း ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
 
နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများ အပြန်အလှန် ဆက်စပ်လျက်ရှိ

အချုပ်အားဖြင့်ဆိုပါက နိုင်ငံတည်ငြိမ်အေးချမ်းမှုရှိမှသာ စီးပွားရေးလုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်မည်ဖြစ်သကဲ့သို ပညာရေးနှင့် ကျန်းမာရေးဝန်ဆောင်မှုများကိုလည်း ဒေသအသီးသီးတွင် ထိရောက်စွာဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း၊ နိုင်ငံရေး၊ တည်ငြိမ်အေးချမ်းရေး၊ ငြိမ်းချမ်းရေး၊ စီးပွားရေး၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများသည် အပြန်အလှန်ဆက်စပ်လျက်ရှိပြီး ကဏ္ဍတစ်ခုဖွံဖြိုးတိုးတက်လာခြင်းသည် အခြားကဏ္ဍများ၏ တိုးတက်မှုကိုလည်း အထောက်အကူပြုမည်ဖြစ်ကြောင်း၊ ကျွမ်းကျင်သည့် လူ့စွမ်းအားအရင်းအမြစ်များရရှိမှသာ နိုင်ငံ၏ကုန်ထုတ်စွမ်းအားနှင့် လုပ်သားစွမ်းရည်များကို မြှင့်တင်နိုင်မည်ဖြစ်ကြောင်း၊ ထိုကြောင့် နိုင်ငံတော်ဖွံဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာ ကဏ္ဍအသီးသီးမှတာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူများအနေဖြင့် နားလည်သဘောပေါက်ပြီး ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားလိုကြောင်း။
 
မိမိတိုအစိုးရအဖွဲအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များ၏ မဲပေးရွေးချယ်မှုကြောင့် အစိုးရအဖွဲ ဖွဲစည်းနိုင်ခဲ့ခြင်းဖြစ်ပြီး အစိုးရအနေဖြင့်လည်း နိုင်ငံတော်ကောင်းကျိုးအတွက် လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်သွားရန် ဆုံးဖြတ်ထားပြီးဖြစ်ကြောင်း၊ အစိုးရအဖွဲအနေဖြင့် ဖြတ်သန်းခဲ့သည့် နိုင်ငံ့ဝန်ထမ်းဘဝအတွေ့အကြုံများ၊ ဘဝတစ်လျှောက်ဖြတ်သန်းခဲ့သည့် အတွေ့အကြုံများအပေါ်အခြေခံ၍ နိုင်ငံတော်အကျိုးအတွက် လိုအပ်သည့်ဆုံးဖြတ်ချက်များ ချမှတ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ အာဏာတည်တံ့ရေးအတွက်မဟုတ်ဘဲ နိုင်ငံတော်၏အကျိုးစီးပွားနှင့် ဖွံဖြိုးတိုးတက်ရေးအတွက် မိမိတို၏လုပ်ငန်းတာဝန်များကို အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ထိုကြောင့် အစိုးရအဖွဲနှင့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အပြန်အလှန်ပူးပေါင်းဆောင်ရွက်ကာ နိုင်ငံတော်ပိုမိုဖွံဖြိုးတိုးတက်လာစေရေး အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားလိုကြောင်းပြောကြားသည်။
 
ထိုနောက် နိုင်ငံတော်သမ္မတ၏မိန့်ခွန်းကို လွှတ်တော်ကမှတ်တမ်းတင်ပြီး နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမမှပြန်လည်ထွက်ခွာသည်။
 
အစည်းအဝေးအပြီးတွင် တတိယအကြိမ်လွှတ်တော်များ၏ တတိယပုံမှန်အစည်းအဝေးများ အောင်မြင်စွာပြီးမြောက်ခြင်း ဂုဏ်ပြုနေ့လယ်စာစားပွဲကို လွှတ်တော်အဆောက်အအုံ ထမင်းစား ခန်းမဆောင်ကြီး၌ကျင်းပရာ နိုင်ငံတော်သမ္မတနှင့် အစည်းအဝေးသို တက်ရောက်လာကြသူများသည် ဂုဏ်ပြုနေ့လယ်စာကို အတူတကွသုံးဆောင်ကြသည်။
 
ဂုဏ်ပြုနေ့လယ်စာ မသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနနှင့် ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေးညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် မြဝတီတေးဂီတအဖွဲတိုမှ အနုပညာရှင်များက တေးသံသာများဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြသည်။ ဂုဏ်ပြုနေ့လယ်စာသုံးဆောင်အပြီးတွင် နိုင်ငံတော်သမ္မတက အခမ်းအနား တက်ရောက်ကြသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။
 
သတင်းစဉ်