စစ်ငြိမ်း

အာဆီယံနှင့်မြန်မာ

အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) ကို ၁၉၆၇ ခုနှစ်ကတည်းက ဖွဲ့စည်းခဲ့တာဖြစ်ပေမယ့် မြန်မာနိုင်ငံ ပါဝင်လာတာက ၁၉၉၇ ခုနှစ်မှဖြစ်ပါတယ်။ အာဆီယံအဖွဲ့ရဲ့ အခြေခံစည်းမျဉ်း (၆) ချက်က ……

၁။ နိုင်ငံအားလုံး၏လွတ်လပ်ရေး၊ အချုပ်အခြာအာဏာညီမျှမှု၊ နယ်မြေပိုင်ဆိုင်မှုနှင့် အမျိုးသားရေးလက္ခဏာများကို အပြန်အလှန်လေးစားရေး၊

၂။ နိုင်ငံတစ်နိုင်ငံ၏ တည်ရှိပိုင်ခွင့်သည် အခြားနိုင်ငံများ၏ ဝင်ရောက်စွက်ဖက်ခြင်း၊ နိုင်လိုမင်းထက်ပြုခြင်းများ၊ ခြိမ်းခြောက်ခြင်းတို့မှ ကင်းလွတ်စေရန်၊

၃။ တစ်နိုင်ငံ၏ပြည်တွင်းရေးကို တခြားနိုင်ငံများမှ ဝင်ရောက်စွက်ဖက်ခြင်းမပြုလုပ်ရန်၊

၄။ အငြင်းပွားမှုများကို ငြိမ်းချမ်းစွာဖြေရှင်းရန်၊

၅။ အာဏာသုံးခြိမ်းခြောက်မှုများမပြုလုပ်ရန်၊

၆။ နိုင်ငံအချင်းချင်း ထိထိရောက်ရောက် ပူးပေါင်းကူညီဆောင်ရွက်ရန်တို့ဖြစ်ပါတယ်။

၁၉၉၇ ခုနှစ် တပ်မတော်က အာဏာသိမ်းအုပ်ချုပ်နေတဲ့ကာလမှာ မြန်မာနိုင်ငံကို အဖွဲ့ဝင်ထဲဝင်ဖို့ စည်းရုံးသိမ်းသွင်းခဲ့တဲ့ အာဆီယံက ၂၀၂၁ ခုနှစ် တပ်မတော်ကအာဏာသိမ်းတာမဟုတ်ဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ အာဏာထိန်းလိုက်ချိန်မှာတော့ အာဆီယံ အခြေခံစည်းမျဉ်းတွေကိုဖောက်ဖျက်ပြီး ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်လာပါတော့တယ်။ ၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက်နေ့ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှာ နိုင်ငံခေါင်းဆောင်များ အစည်းအဝေးကျင်းပခဲ့ချိန်တွင် မြန်မာ့နိုင်ငံရေးပြောင်းလဲမှုများအပေါ် ဝေဖန်အကြံပြုကြရာမှာ မြန်မာခေါင်းဆောင် (နစက ဥက္ကဋ္ဌ) ဘက်က အပြုသဘောဆောင်သည့် အကြံပြုချက်များကို မှတ်သားထားရှိရန်၊ တရားဥပဒေစိုးမိုးရေးကို ဦးစားပေးရန်၊ အကြံပြုချက်များသည် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် ငါးရပ်နှင့် အာဆီယံမူဝါဒများအပေါ် အခြေခံပါက ထည့်သွင်းစဉ်းစားရန်ဆိုတဲ့ ရပ်တည်ချက် သုံးချက်ကို ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ အစည်းအဝေးအပြီးမှာ အာဆီယံဥက္ကဋ္ဌရဲ့ ကြေညာချက်နောက်ဆက်တွဲအဖြစ် အာဆီယံဘုံသဘောတူညီချက် ငါးချက်ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာအစိုးရဘက်က ဘုံသဘောတူညီချက် ငါးချက်သည် အဖွဲ့ဝင်နိုင်ငံများကို ကြိုတင်အသိပေးညှိနှိုင်းခဲ့ခြင်းမရှိဘဲ ဥက္ကဋ္ဌ၏ သီးသန့်ထုတ်ပြန်ချက်အဖြစ် ထွက်ပေါ်လာခြင်းကြောင့် အဖွဲ့ဝင်အားလုံး၏ တူညီဆန္ဒ (Consensus) မဟုတ်ဟု တုံ့ပြန်ခဲ့ပေမယ့် အပြုသဘော ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ရပ်တည်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့က မြန်မာနိုင်ငံဟာ ဘုံသဘောတူညီချက် ငါးရပ်ကို လိုက်နာရန် နှောင့်နှေးပျက်ကွက်တယ်လို့ စွပ်စွဲပြီး အာဆီယံထိပ်သီး အစည်းအဝေးကို မဖိတ်ကြားဖို့ ဖိအားပေးပြောဆိုပါတယ်။ အချို့အဖွဲ့ဝင်နိုင်ငံတွေကလည်း အာဆီယံပဋိညာဉ်မှာ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအား ထိပ်သီးအစည်းအဝေးတက်ရောက်ခွင့် ကန့်သတ်နိုင်သည့် ပြဋ္ဌာန်းချက်မရှိကြောင်း ထောက်ပြကြပါတယ်၊ မြန်မာနိုင်ငံခြားရေးဝန်ကြီးကလည်း ဤဆောင်ရွက်ချက်သည် အာဆီယံ၏မူဝါဒ၊ ပဋိညာဉ်တို့တွင်ပါရှိခြင်းမရှိဘဲ တူညီဆန္ဒ (Consensus) မရရှိဘဲ ဆောင်ရွက်ခြင်းဖြစ်၍ မြန်မာနိုင်ငံအနေဖြင့် ပြင်းထန်စွာကန့်ကွက်ကြောင်းနှင့် အစည်းအဝေးသဘာပတိဘရူနိုင်းနိုင်ငံ၏ ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ၏ သဘောထားကို ထည့်သွင်းဖော်ပြရန် တောင်းဆိုခဲ့ပေမယ့် အလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံက ထိပ်သီးအစည်းအဝေးတွင် မြန်မာဘက်မှ “နိုင်ငံရေးအရ ခန့်အပ်ထားခြင်းမရှိသော “နိုင်ငံရေးကို ကိုယ်စားလှယ်ပြုမဟုတ်သည့် နိုင်ငံဝန်ထမ်းကိုသာ ဖိတ်ကြားမည်လို့ ဆုံးဖြတ်ခဲ့ရာကစပြီး အာဆီယံထိပ်သီးအစည်းအဝေးများမှာ မြန်မာ့နိုင်ငံရေးခေါင်းဆောင်များ တက်ရောက်ခွင့်ပိတ်ပင်ခံခဲ့ရပါတယ်။ အာဆီယံ အလှည့်ကျဥက္ကဋ္ဌက အာဆီယံပဋိညာဉ်ကိုချိုးဖောက်ပြီး ထိပ်သီးအစည်းအဝေးတက်ရောက်ခွင့်ပိတ်ပင်ခြင်းဟာ မြန်မာနိုင်ငံ ဂုဏ်သိက္ခာကျဆင်းအောင် ဖိနှိပ်စော်ကားခြင်းဖြစ်ပေမယ့် မြန်မာသိက္ခာကျတာထက် ပဋိညာဉ်ကို ပြောင်ချိုးဖောက်လိုက်တဲ့ အာဆီယံအဖွဲ့ရဲ့ ဂုဏ်သိက္ခာကို ပိုကျဆင်းသွားစေခဲ့ရပါတယ်။ မြန်မာနိုင်ငံပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှု တန်းတူမဆက်ဆံမှုတွေရဲ့ အကျိုးဆက်အဖြစ် အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွင်း စိတ်ဝမ်းကွဲစရာဖြစ်လာကြသလို အဖွဲ့အစည်းရဲ့ ဂုဏ်သိက္ခာလည်း ကျဆင်းရတဲ့အတွက် အာဆီယံနဲ့ မြန်မာဆက်ဆံရေးကို ပြန်လည်သုံးသပ်ပြင်ဆင်ဖို့ လိုအပ်လာပါတယ်။

လွှတ်တော်အသံ

၂၀၂၅ ရွေးကောက်ပွဲအပြီး ၂၀၂၆ မှာ လွှတ်တော်က ဖွဲ့စည်းတဲ့အစိုးရအဖွဲ့ သစ်တစ်ခုပေါ်ပေါက်လာပြီးနောက် အာဆီယံနဲ့မြန်မာ ဆက်ဆံရေးကို ပြန်လည်သုံးသပ်ဖို့ အဆိုကို ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် (၃၀)ဦးအထိ ထောက်ခံဆွေးနွေးခဲ့ကြပြီး တခဲနက်အတည်ပြုလိုက်ကြတဲ့အတွက် အစိုးရအနေနဲ့ လွှတ်တော်ရဲ့ တိုက်တွန်းချက်အဆိုအပေါ် လိုက်နာအကောင်အထည်ဖော်ဖို့ လိုအပ်လာပါတယ်။ အာဆီယံဘက်ကလည်း သံတမန်ရေးရာထိတွေ့မှု လမ်းစ ပြန်ဖော်လာတဲ့အတွက် ၂၀၂၆ ဇူလိုင်လ ၁၂ ရက်နေ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မြန်မာနိုင်ငံခြားရေးဝန်ကြီးနဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေးကြပါတယ်။ အာဆီယံဘက်က ဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်ဖို့ ဆက်လက်တောင်းဆိုပြီး မြန်မာဘက်က အာဆီယံထုတ်ပြန်ချက် ငါးရပ်ဟာ အာဆီယံ အခြေခံမူများနှင့် ကွဲလွဲနေတဲ့အပြင် လက်ရှိ ပကတိ နိုင်ငံရေးအခြေအနေနဲ့ မကိုက်ညီတဲ့အတွက် လိုအပ်သလို သုံးသပ်ဆောင်ရွက်ပေးရန် ပြည်ထောင်စုအစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်း အရေးကြီးအဆိုတစ်ခုကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုဆုံးဖြတ်ခဲ့ပြီးဖြစ်၍ လွှတ်တော်၏ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော် ဆောင်ရွက်သွားရန် တာဝန်ရှိကြောင်း ပြောကြားသွားပါတယ်။ သဘောတူညီချက် ငါးရပ်အပေါ် အမြင်မတူကြပေမယ့် သံတမန်ရေးရာ ဆွေးနွေးမှုတွေ ပြန်ပွင့်လာတဲ့ အပြုသဘောဆွေးနွေးပွဲ တစ်ခုဖြစ်လို့ ယခင်ကထက်တိုးတက်မှုရှိလာတဲ့ အနေအထားတစ်ခုဖြစ်လာပါတယ်။

သဘောတူညီချက် / ထုတ်ပြန်ချက် ငါးရပ်

ဘုံသဘောတူညီချက် ငါးရပ်သို့မဟုတ် ထုတ်ပြန်ချက် ငါးရပ် ထွက်လာကတည်းက အဖွဲ့ဝင်နိုင်ငံများကို ကြိုတင်အသိပေးခြင်းမရှိဘဲ ဥက္ကဋ္ဌ၏ သီးသန့်ထုတ်ပြန်ချက်ဖြစ်လို့ အဖွဲ့ဝင်နိုင်ငံများအား လုံး၏တူညီဆန္ဒ (Consensus) မဟုတ်ကြောင်း မြန်မာဘက်က တုံ့ပြန်ခဲ့ပေမယ့် အပြုသဘော ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြောဆိုခဲ့တဲ့အတွက် ဒီအချက်ကိုကိုင်ဇွဲပြီး အခုမှ ကန့်ကွက်တယ်လို့ ထောက်ပြလာကြတာဖြစ်ပါတယ်။ အားလုံးသဘောတူ ဆုံးဖြတ်ချက်မဟုတ်ဘူး၊ ဥက္ကဋ္ဌ၏ သီးသန့်ထုတ်ပြန်ချက်သာဖြစ်တယ်။ အာဆီယံအခြေခံမူတွေနဲ့ မကိုက်ညီလို့ မြန်မာဘက်က လုံးဝလက်မခံဘူးလို့ ပြတ်ပြတ်သားသား ငြင်းချက်မထုတ်ဘဲ အာဆီယံအဖွဲ့ကြီးနဲ့ ပူးပေါင်းလုပ်ဆောင်လိုစိတ်ကို ပြသခဲ့မှုအပေါ် အပြန်အလှန်လေးစားမှုမပြဘဲ အာဆီယံအလှည့်ကျဥက္ကဋ္ဌ တုံ့ပြန်ချက်က ဒီအချက်အကောင်အထည်ဖော်မှု နှေးကွေးနေလို့ ထိပ်သီးအစည်းအဝေးတက်ခွင့်မပြု ဆိုတာက အလုပ်စကားပြောရရင်တော့ နားရွက်လှည့်တိုတွေးဆွတ်တဲ့ လူမိုက်လုပ်ရပ် ဖြစ်သွားပါပြီ။ စော်ကားခံရမှန်းသိပေမယ့် အရေးပေါ်ကာလ အာဏာထိန်းအစိုးရကာလအဖြစ် အောင့်သီးသည်းခံခဲ့ရပေမယ့် ရွေးကောက်ပွဲက ပေါ်ထွက်လာတဲ့ လွှတ်တော်အစိုးရဖြစ်လာတဲ့ အချိန်မှာတော့ “မင်းဘာကောင်လဲ ငါဘာကောင်လဲ” လို့ ပြန်စိန်ခေါ်ပြောလိုက်နိုင်ပြီဖြစ်ပါတယ်။ “လွှတ်တော်ရဲ့ အတည်ပြုဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရန်တာဝန်ရှိတယ်” ဆိုတာက လွှတ်တော်က ဒီထုတ်ပြန်ချက် ငါးရပ်ကို လုံးဝလက်မခံတဲ့အတွက် ငါတို့ဘက်ကတော့ အလျှော့ပေးလို့မရဘူးလို့ စည်းတားပေးလိုက်တာပါ။ တကယ်တော့ အာဆီယံ မြန်မာ အဆင်မပြေတာက သဘောတူညီချက် ငါးရပ်က အဓိက မဟုတ်ဘဲ ဒီအချက်ကိုကိုင်ကိုင်ပြီး ထိပ်သီးအစည်းအဝေး တက်ခွင့်မပြုဆိုတဲ့ တန်းတူညီတူမဆက်ဆံခံရမှုက အဓိက ဖြစ်ပါတယ်။ ထုတ်ပြန်ချက်ငါးရပ်က အချိန်ကန့်သတ်ချက်မရှိဘဲ နှစ်ဘက် အပြုသဘောစိတ်ရင်းအမှန်နဲ့ ပူးပေါင်းလုပ်ဆောင်ကြရင် ဘာပြဿနာမှမရှိဘဲ တိုးတက်မှုရှိအောင် လုပ်သွားလို့ရပါတယ်။ အာဆီယံက မြန်မာအပေါ် စိတ်စေတနာကောင်း အမှန်ရှိရင် ထုတ်ပြန်ချက် ငါးရပ်ဟာ အကျပ်ကိုင်ဖိအားပေးစရာ လက်နက်အဖြစ် မသုံးဘဲ ပူးပေါင်းကူညီမှုနဲ့သာ ပါဝင်လာရမှာဖြစ်ပါတယ်။

အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရေး

ထုတ်ပြန်ချက်ငါးရပ်ရဲ့ နံပါတ်တစ်ခုက အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရေး ဖြစ်ပါတယ်။ အကြမ်းဖက်မှု ကျူးလွန်နေတာက အစိုးရကိုပုန်ကန်နေတဲ့ NUG PDF နဲ့ EAO တွေဖြစ်ပါတယ်။ အစိုးရကိုပုန်ကန်တဲ့ သူပုန်တွေက ဆေးရုံ၊ စာသင်ကျောင်း၊ သာသနိကအဆောက်အအုံတွေမှာ အခြေပြုပြီး တိုက်ပွဲဖော်ဆောင်တဲ့အခါ တပ်မတော်က အဲဒီနေရာတွေကို တိုက်ခိုက် ချေမှုန်းရပါတယ်။ အရပ်သားပြည်သူတွေ ကြားကနေ ပြည်သူ့ကို စာဓါတ်လုပ်ပြီး တိုက်ပွဲဖော်ဆောင်တဲ့ သူပုန်ကိုနှိမ်နင်းတဲ့အခါ ကြားထဲက ပြည်သူသူထု အသက်ဆုံးရှုံးမှုရှိပါတယ်။ ဒါတွေက ကမ္ဘာ့နေရာတိုင်းမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ စစ်ပွဲတိုက်ပွဲတွေရဲ့ သဘာဝဖြစ်လို့ အကြမ်းဖက်လုပ်ရပ်လို့ သတ်မှတ်လို့မရပါ၊ သူပုန်မရှိတဲ့နေရာကို တပ်မတော်က မလွှဲမရှောင်၊ အကြောင်း လုံးဝမရှိဘဲ ပြည်သူထု အထိခိုက်သေဆုံးမှုရှိရုံ သေနတ်ပစ်လေ့မရှိပါ။ သူပုန်တွေ အရပ်သား ပြည်သူလူထုကြားမှာ အကာအကွယ်ယူနေတာကို သိရှိနေကြ ရေငုံနှုတ်ပိတ် ပြည်သူအာဏာအကွယ်ယူနေတာကို သိရှိနေကြ လိုက်တာနဲ့ ဒီပြဿနာကိုရှင်းလင်းပြီးသားဖြစ်သွားပါလိမ့်မယ်။ ၂၀၂၁ နောက်ပိုင်း NUG PDF တွေရဲ့ တိုက်ပွဲစစ်ပွဲပတ်သက်မှု မရှိတဲ့ ရဟန်းသံဃာ၊ အပြစ်မဲ့အရပ်သား၊ နယ်ဘက် ဝန်ထမ်းတွေ အရေးအတွက်ထောင်ချီ သတ်ဖြတ်ပွဲတွေဟာ နေရာအနိမ့် အစည်းဝေး အကျိုး စိ်ုလ်လုပ်တဲ့ အကြမ်းဖက်မှုသက်သက်တွေ ဖြစ်လို့ အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရေးက NUG PDF ဘက်ကို ရည်ညွှန်းရမှာဖြစ်ပါတယ်။ အကြမ်းဖက်မှုတွေဖိအားက အကြမ်းဖက်မှုတွေကျူးလွန်နေတဲ့ NUG PDF တွေကို အာဆီယံက တားဆီးပေးရမှာဖြစ်ပါတယ်။ တော်လှန်ရေးအမည်တပ်ပြီး တော်လှန်ရေးနဲ့ ဘာမှမဆိုင်တဲ့ ကလေးတွေပညာသင်ကြားရေးကို တားဆီးခြင်း၊ သတ်ချင်တဲ့သူကို သတ်ပြီး သူရဲကောင်းလို တဆိပ်ရိုက်ခြင်း၊ ပြစ်ပေးစွဲစွဲတောင်းခြင်း၊ စာတိုက်တိုက်ခြင်းစတဲ့ အကြမ်းဖက်မှုမျိုးစုံ ကျူးလွန်နေတာတွေက အာမခံချက်မရှိ၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးအတွက် အကြမ်းဖက်သမားတွေကို နှိမ်နင်းနေတဲ့ အစိုးရတပ်မတော်ကို အကြမ်းဖက်လို့ မြင်နေတဲ့ အမြင်ကို အာဆီယံအဖွဲ့ အသိုက်အဝန်းအနေနဲ့ အရေးယူဆောင်ရွက်ဖို့ လိုအပ်နေပါတယ်။ တိုင်းပြည် တည်ငြိမ်အေးချမ်းရေး တရားဥပဒေ စိုးမိုးရေးအတွက် စစ်ရေးအရ အရေးယူနှိမ်နင်းခြင်းကို အကြမ်းဖက်လို့ သတ်မှတ်ရင် အဲဒီတိုင်းပြည်ကို တည်ငြိမ်အေးချမ်းရေး တရားဥပဒေစိုးမိုးရေး ပျက်ပြားအောင်လုပ်တာဆိုတော့ အာဆီယံက မသိရောင်ဆောင်နေတာတော့ မဟုတ်တဲ့အတွက် အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရေးကို တကယ်လိုလားတယ်ဆိုရင် တပ်မတော်ရဲ့ အကြမ်းဖက်နှိမ်နင်းရေး လုပ်ငန်းတွေကို ထောက်ခံအားပေးဖို့သာ ရှိပါတယ်။ အကြမ်းဖက်မှုတွေရန်ရှိဖို့ တပ်မတော်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်ပေးရမယ်ဆိုတာ သူပုန်အားပေး လှုံ့ဆော်မှုစကားဖြစ်နေပါတယ်။ ထုတ်ပြန်ချက် ငါးရပ်ရဲ့ နံပါတ်တစ်ခုအချက်ဖြစ်တဲ့ အကြမ်းဖက်မှုများ ချက်ချင်း ရပ်တန့်ရေး ဆိုတာကို အာဆီယံမှဟောထက် မြန်မာအစိုးရနဲ့ တပ်မတော်က ပိုလိုလားတဲ့ အချက်ဖြစ်လို့ အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရေးကို အထူးလိုချင်ရင် ရင်ဆိုင်လုပ်ရမယ်ဆိုတဲ့ လက်တွေ့ကျကျ နည်းလမ်းအသာ အကြံပေးနိူင်ကြောင်း။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရေး

ဘန်ကောက်ဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အာဆီယံအထူးသံ တွေ့ဆုံခွင့်ရရေးကိုလည်း ဦးစားပေးပြောဆိုခဲ့တာတွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်တွေ့ရတော့ တည်ငြိမ် အေးချမ်းရေး တိုးတက်လာမလား၊ ဆုတောင်းကောင်းရုံမျှ ဖြစ်လာမလား၊ ဒေါ်အောင်ဆန်းစုကြည် အာဏာ ငါးနှစ်မှာ ဂျီနီဗာဆိုက်အဖွဲ့၊ ICJ ရောက်ခဲ့တဲ့အပြင် ဂျီနီဗာဆိုက်မှာ ဒေါ်အောင်ဆန်းစုကြည်တာ သာလွန်ကျော်လွန်ပါသေးတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ လေးစားကြည့်ညိုစရာဆိုရင် အခုတွေ့ဖို့ တောင်းဆိုနေတာထက် ပါဂျင်တန် ဟိုလိုကော ကိစ္စကို ဂျီနီဗာဆိုက် မြန်မာပုံရိပ်မှာ ဒေါ်အောင်ဆန်းစုကြည် သုတ်လိမ်းတာကို ပြန်ထုတ်သိမ်းဖို့ အရင်ဆုံး တောင်းဆိုကြည့် မသင့်ပေဘူးလား။ လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ လာအိုနိုင်ငံမှလွဲ၍ ကျန်နိုင်ငံရေးအတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ICC မထိရဲပေမယ့် မြန်မာခေါင်းဆောင်တွေကတော့ ပြည်တွင်းမှာဟောကောင်းမွန်စွာ ဂရုစိုက်စောင့်ရှောက်ထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရရေးတောင်းဆိုခွင့်ရှိပေမယ့် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်မှုအဖြစ် ဖိအားပေးလို့မရဘဲ နိုင်ငံတော်အစိုးရကသာ စိတ်ကြိုက် ဆုံးဖြတ်မှာဖြစ်ပါတယ်။ တွေ့ခွင့်ပေးရင် တည်ငြိမ်အေးချမ်းရေးကို အထောက်အကူဖြစ်မလား၊ ပိုဆိုးနိုင်မလားဆိုတာ စဉ်းစားပြီး အကျိုးရှိရင် တွေ့ခွင့်ပေးမှာဖြစ်ပြီး အကျိုးမရှိရင် တွေ့ခွင့်ပေးမှာမဟုတ်တဲ့အတွက် ရှင်းလင်း တစ်ခုအဖြစ်အတိုင်း အကူအဘောဆိုးဆိုလိုမရဘဲ အစိုးရရဲ့ ဆုံးဖြတ်ချက်ကိုသာ နားထောင်ရမှာဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ဖိအားပေး၊ အကျပ်ကိုင်လို့ မနိင်တဲ့အတွက် အကျိုက်ပေး မျက်နှာချိုသွေးပြီး တွေ့ခွင့်ပေးရင် ဘာတွေအကျိုးရမယ်ဆိုတဲ့ မက်လုံးပေးတဲ့ နည်းကသာ အလုပ်ဖြစ်ပါလိမ့်မယ်။ ကင်အဲရစ်အစိုးရက အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ကြေညာထားတဲ့ NUG PDF နဲ့ ပူးပေါင်းနေပြီး အမေနဲ့တွေ့ချင်တယ် အော်နေသမျှတော့ ဘယ်တော့မှ တွေ့ခွင့်ရမှာမဟုတ်တဲ့အတွက် တွေ့လိုတဲ့ အကျိုးကိုရချင်ရင် တွေ့ခွင့်ရနိုင်တဲ့ အကြောင်းတွေလုပ်ဖို့ လိုပါတယ်။ တကယ်တော့ အာဆီယံ အဖွဲ့ဝင်နိုင်ငံတိုင်း၊ ကိုယ့်တိုင်းပြည်တွင်းရေးပြဿနာ ကိုယ့်စီအရှုပ်တွေ ရှင်းနေကြရတာဖြစ်လို့ မြန်မာ့ရေးရာမှာ မင်္ဂလာဝင်ယူနေကြပေမယ့် ဘယ်အဖွဲ့အစည်းကိုမျှဩဇာမညောင်းတဲ့အတွက် မြန်မာ့ငြိမ်းချမ်းရေးကို ထိထိရောက်ရောက်ကူညီပေးနိုင်မှာမဟုတ်တဲ့အဖွဲ့ဆိုတာကတော့ သေချာပါတယ်။ အမေရိကန်အနောက်အုပ်စုရော၊ အာဆီယံနိုင်ငံအချို့က တဆင့်ခံဝင်ပြီး ဆရာကြီးလုပ်နေကြတာဖြစ်လို့ အနောက်အုပ်စုနောက်ခံပြည်တွင်းသူပုန်တွေအပေါ် အာဆီယံရဲ့ တိုက်ရိုက်ဩဇာလွှမ်းမိုးနိုင်မှုမရှိပါဘူး။ သြဇာလွှမ်းမိုးမှုကြီးမားတဲ့ တရုတ်တောင် သူ့နောက်ခံ သူပုန်တွေအပေါ် ထိန်းရခက်နေတော့ ဘာမှဩဇာမရှိတဲ့ အာဆီယံအဖွဲ့က အနောက်အုပ်စုအလိုကျ သူပုန်ကိုမြှောက်ပေးနိုင်တဲ့အဆင့်ထက် ပိုလုပ်နိုင်တာမရှိတဲ့အတွက် အာဆီယံပါဝင်လာမှုက မြန်မာ့ငြိမ်းချမ်းရေးကို အထောက်အကူရဖို့ထက် နိုင်ငံရေးအရ အမြတ်ထုတ် ဖန်တီးဟန်ရေးပြ ဝင်နှမ်းဖြူးတဲ့ အဆင့်ပဲရှိပါတယ်။ အာဆီယံပဋိညာဉ်ကို ဖောက်ဖျက်ပြီး မြန်မာကို တန်းတူညီတူမဆက်ဆံသမျှ အာဆီယံအဖွဲ့ရဲ့ ဂုဏ်သိက္ခာကျဆင်းနေမှာဖြစ်တဲ့အတွက် မြန်မာအာဆီယံသံတမန်ရေးတိုက်ပွဲ ပြင်းထန်လာတာနဲ့အမျှ အာဆီယံအတွက် ပိုအရှက်ရစရာ ဖြစ်လာမှာဖြစ်ပါတယ်။ အာဆီယံပဋိညာဉ်နဲ့မညီတဲ့ လုပ်ရပ်ကို ပြန်လည်သုံးသပ်ဖို့ လွှတ်တော်က အတည်ပြု ဆုံးဖြတ်ချက်အတိုင်း အစိုးရက လိုက်နာအကောင်အထည်ဖော်ဖို့ တာဝန်ရှိတယ်လို့ မြန်မာနိုင်ငံဘက်က တတိအကျ တုံ့ပြန်ပြီးဖြစ်လို့ အာဆီယံပဋိညာဉ်ကိုချိုးဖောက်နေတဲ့ အာဆီယံအဖွဲ့ကြောင့် အဖွဲ့ဝင် နိုင်ငံအားလုံးအတွက် အရှက်ရစရာဖြစ်ကြောင်း သတိပြုစေချင်ပြီး နည်းလမ်း ပြင်ဆင်ဖို့လိုပြီဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

စစ်ငြိမ်း

၁၇.၇.၂၀၂၆