သန့်နေစိုး
ပြီးခဲ့တဲ့အပတ်ကတော့ အလှုပ်အခတ်တချို့ရှိခဲ့တဲ့ကာလလို့ ဆိုရမှာပါ။ ပြည်တွင်းသောင်းကျန်းမှုကို ထိန်းချုပ်တဲ့နေရာမှာ တပ်မတော်ရဲ့ နည်းဗျူဟာတချို့ အပြောင်းအလဲရှိလာတယ်၊ ချောက်မြို့ နယ်မှာ အကြမ်းဖက်တွေ ရှော့ခ်ရလောက်စရာတချို့ ဖြစ်သွားတယ်။ သေဆုံးသူတွေရဲ့ ဓာတ်ပုံတွေကိုပြပြီး ချက်ချင်းအလှူခံဖို့ ကြိုးစားကြတဲ့လူတွေရှိသလို ပြည်ပပြေးပြီး ဝမ်းနည်းပြကြသူတွေကို အပြစ်မြင်လာကြတာလည်း တွေ့နေရတယ်။ အရင်ကလောက် စုစည်းအား မကောင်းတော့တာကို တွေ့ရပါတယ်။
ထို့အတူ (၉. ၅. ၂၀၂၆) မှာလည်း လားရှိုးမြို့ထဲကို ရှော့တိုက်ဒုံးအချို့ ထပ်ပစ်ခံရတယ်။ လူ ထိခိုက်သေဆုံးမှုရှိခဲ့တယ်။ ထူးခြားတာက လူသေဆုံးသည့်တိုင် လက်သည်မပေါ်တာပဲ။ ဘယ်အဖွဲ့ကမှ မိမိတို့လက်ချက်ပါလို့ လူသိရှင်ကြား ထုတ်မပြောကြဘူး။ အဲဒါကိုထောက်သော် တိုင်းရင်းသား သူပုန်တွေဟာ အစိုးရကို တိုက်ပွဲဖော်ဖို့ အရင်ကလောက် လွတ်လွတ်လပ်လပ် လှုပ်ရှားလို့မရတော့တာ မြင်ရပါတယ်။ မြို့ထဲမှာတော့ စစ်ရေးကောလာဟလတွေ ပျံ့သွားပြီး Panic Buying တွေ ဖြစ်သွားခဲ့တယ်။ အမှန်တကယ်ရင် ရှောတိုက်မှုး နှစ်လုံးလောက်နှင့် ပြီးသွားမှာ မဟုတ်ပါဘူး။ ဒါက မကျေနပ်မှုတချို့ကြောင့် သွေးတိုးစမ်းတယ်လို့ ယူဆရတယ်။ စစ်ရေးအကြပ်အတည်းဆိုက်နေတဲ့ ကချင်သူပုန်မှသည် မည်သူမဆိုဖြစ်နိုင်ပါတယ်။ (သို့သော် နောက်ကွယ်က ဖိအားကြောင့် ရှေ့တိုးဖို့ခက်နေကြပါတယ်)
ဒီလို စစ်ရေးဖိအားလျော့ရဖို့ စစ်မျက်နှာခွဲဖို့ ကြိုးစားကြတဲ့နေရာမှာ ရခိုင်သူပုန် (AA) ကိုလည်း မေ့ထားလို့မရပါဘူး။ လက်ရှိမှာ ရခိုင်ပြည်နယ်မှာ ရေလွှမ်းခိုးမှုအကြီးအကျယ်ဖြစ် နေပါတယ်။ ယခင်ကတော့ အဖအာရက္ခနိုင်ငံတော်ကြီး တည်ထောင်မယ်ဆိုပြီး အွန်လိုင်းမှာ ရခိုင်စကားတစ်မျိုးတည်းရေးကြသူတွေက ရေလွှမ်းမိုးလို့ အကူအညီလိုနေတဲ့ သတင်းတွေကို မြန်မာဘာသာစကားနဲ့ ပြိုင်ပြိုင်ဆိုင်ဆိုင် ရေးလာကြပြန်တယ်။ (Lingus franca က အသုံးဝင်ချင် တဲ့အချိန်ကျအသုံးဝင်ပြန်တယ်)။ ဝေဟင်အောင်တို့ကလည်း သူတို့ ရေဘေးသင့်ပြည်သူတွေကို ငါးတွေအသီးအနှံတွေသွားပေးကြတဲ့အကြောင်း သတင်းတက်လာတယ်။ ပရဟိတအဖွဲ့ဆန်ဆန် တစ်နိုင်တစ်ပိုင်ထောက်ပံ့မှုနဲ့ နိုင်ငံတော်အဆင့် Crisis Management က ဘယ်လိုမှယှဉ်လို့မရ သော်လည်း “ရခိုင်တွေက ဘယ်သူ့ဆီကမှ အကူအညီမလိုဘူးလို့ ကြွေးကြော်နေကြပြန်ပါတယ်။ ကောင်းပါတယ်။ ကိုယ့်ကြမ္မာကိုယ် ဖန်တီးရေးဆိုတာ အဲဒီက စတာပါ။
ရေဘေးကယ်ဆယ်မှုအတွက် အစိုးရက ကူညီလုပ်ဆောင်ပေးချင်သော်ငြား နယ်မြေလုံခြုံ ရေးအခြေအနေကြောင့် စုရပ်တစ်ခုဖန်ထိုးပြီး ထောက်ပံ့ရင်တောင် လေယာဉ်တွေ ပစ်ချခံရ နိုင်ပါတယ်။ အစားအစာနဲ့ ဆေးဝါးတွေမျှပေးရင်တောင်မှ အစိုးရက ချပေးတဲ့ ဆေးဝါးတွေကြောင့် “လူတွေ့ပို့သေရသလို” သတင်းပုံဖျက်ရင် ရှင်းရာက်ပါတယ်။ ဥပမာ – ဒေသခံ အင်ဒီးယန်းတွေကို ရွှေ့ပြောင်းအခြေချတဲ့ ကိုလိုနီတွေက ရောဂါပိုးတွေပါတဲ့ စောင်တွေ ဝေငှခဲ့သလိုပေါ့။ သူတို့ရဲ့ Narratives တွေက မယုံရပါဘူး။ ဘာမဆိုဖြစ်နိုင်တယ်။
ရှေ့ကဖြစ်စဉ်တွေမှာလည်း စစ်သုံ့ပန်းတွေကို သံလှောင်အိမ်ထဲထည့်၊ သံခြေချင်းခတ်ပြီး မီးလောင်ပြင်ဖြစ်နေတဲ့ ဓာတ်ပုံတွေ ထုတ်ပြပြီး ‘လေယာဉ်ဗုံးကြောင့်’ လို့ စွပ်စွဲခဲ့ဖူးတယ်။ ကျွန် တော်တို့နိုင်ငံဟာ သဘာဝဘေးထက် လူလုပ်ဘေးက ပိုဆိုးနေတဲ့ တိုင်းပြည်ဖြစ်နေတယ်။ ကျွန်တော်တို့က ကပ်ဘေးသင့်ပြည်သူတွေကို လူသားချင်းစာနာထောက်ထားမှုအရ ကူညီချင် ရင်တောင်မှ အကျိုးဆက်တွေကို ထည့်စဉ်းစားနေရတယ်။ မယုံရတော့တဲ့အနေအထားဖြစ် နေတယ်။ ရခိုင်သူပုန်ကတော့ သူတို့ကိုယ်သူတို့ အရမ်းဉာဏ်ကောင်းခဲ့ကြတယ်လို့ ထင်မှာပါပဲ။ တကယ်တော့ လာဘ်ပိတ်တာပါ။ ရေလွှမ်းမိုးမှုဆိုတာ သာမန်ရေတက်ပြီး ပြန်ကျသွားတာမျိုး ထက်ပိုပါတယ်။ ရေလွှမ်းမိုးနေတဲ့ကာလအတွင်း ရေဘေးသင့်ပြည်သူတွေအတွက် အစားအစာ၊ ဆေးဝါး ကျန်းမာရေးစောင့်ရှောက်မှုနဲ့ Shelter တွေလိုပါတယ်။ အရင်က စစ်သားတွေ ကျောနဲ့ ပိုးပြီးလုပ်ပေးခဲ့တဲ့ ‘ရွှေ့ပြောင်းမှု’ တွေ လိုပါတယ်။ ရေနဲ့အတူပါလာတဲ့ ကူးစက်ရောဂါတွေကို လိုပါတယ်။ ရေပြန်မကျရှင်းကာလတွေအတွက် ကာကွယ်ဖို့ သန့်ရှင်းတဲ့ သောက်သုံးရေတွေ လိုအပ်တာမို့ ဝေဟင်အောင်တို့ရဲ့ ငါး ဘယ်နှပိဿာဆိုတာ ဘာအဓိပ္ပာယ်မှကို မရှိတာပါ။ ရေပြန်ကျသွားရင်တောင် လူနေလို့ရအောင် ပြန်လုပ်ကြရပါဦးမယ်။ Infrastructure ခုတွေ ပျက်စီးသွားတာရှိရင်လည်း ပြင်ကြရပါဦးမယ်။
သဘာဝဘေးဟာ အရင်ကလည်းဖြစ်နေတာပဲ၊ နောက်လည်းဖြစ်မှာပဲ၊ ဘယ်သူ့ အကူ အညီမှ မလိုဘူးဆိုပြီး Crisis Management မရတာကို တစ်နပ်စားဉာဏ်လေးလောက်နဲ့ ချွေးသိပ်ကြသူတွေရှိသလို အခုလို စံချိန်တင် ရေကြီးနေတာဟာ ရခိုင်မြို့တွေကို အတင်းအကြပ် နာမည်ပြောင်းဖို့ ကြိုးစားလို့ဖြစ်ရတာ (မြန်မာအယူအဆအရဆိုရင် ခိုက်တာ’)’ လို့ ရေးတဲ့ သတင်းလည်း တွေ့ရပါတယ်။ ဒီကန မြင်သာတာက ဘယ်လိုပဲ အားတင်း ရပ်တည်နေကြပါဦး၊ ရခိုင်ဒေသင်္ခတွေကြားမှာ စိတ်ပျက်ကြောက်ရွံ့မှုတွေရှိနေပါတယ်။ အဆင်မပြေမှုတွေကို အယူအစွဲတစ်ခုအပေါ် ပုံချဖို့ ကြိုးစားနေတာလည်းမြင်ရတယ်။ ကျွန်တော်ကတော့ ဒါဝတွေအားလုံးကို ‘ကိုယ့်ကြမ္မာကိုယ် ဖန်တီးရေးရဲ့ ကနဦးအဆင့် ဘေးထွက်ဆိုးကျိုး အသေးစား လေးလို့ပဲမြင်ပါတယ်။ ပြည်ထောင်စုက ခွဲထွက်ဖို့ကြိုးစားသရွေ ကြုံနေရမယ့်ကိစ္စမို့ သည်းခံကျော်ဖြတ်ကြပါလို့ပဲ ပြောရမှာပါ။ သောင်းကျန်းသူ စိုးမိုးနယ်မြေတွေမှာ ကပ်တွေဆိုက်နေပြီး စစ်တစ်ပွဲဖော်ဖို့တောင် ဖိအားဝရာဖြစ်နေတဲ့ သူပုန်တွေဟာ ပြောင်းလဲလာတဲ့ တပ်ရဲ့ ဗျူဟာနဲ့ ရင်ဆိုင်နေကြရတယ်။ တိုက်ခိုက်ရေးဗျူဟာတွေထက် ဒရုန်းတွေ၊ မောင်းသူမဲ့ယာဉ်တွေဘက် ပိုအာရုံစိုက် ထုတ်ကြွားကြ၊ ငွေတောင်းကြတာလည်း တွေ့ရပါ တယ်။ ကျွန်တော်ကတော့ ချောက်တိရောက်ချက် လက်လုပ်သေနတ်ကနေ ဒရုန်းထိ Upgrade ဖြစ်လာအောင် ပေါ့ဆခဲ့တဲ့ တာဝန်တယ်။ ရှိသူတွေကိုပဲ အပြစ်တင်ချင်ပါတော့တယ်။ ခံရတော့ ဒေသပြည်သူတွေပါ။ နိုင်ငံရေးပညာ ဝမ်းစာဘာတစ်ခုမှမရှိတဲ့ Personal Cut သက် သက်နဲ့အုပ်စုဟာဘယ်တော့မှအာဏာမရပါဘူး။ သို့သော် ဒီလူတွေဟာ တိုင်းပြည်ရဲ့ အချုပ်အခြာ အာဏာကို တိုက်ခိုက်ဖျက်ဆီးဖို့ ဒီအနေအထားထိ အဆင့်တက်လာတာကတော့ ကိုယ့်ဘက်က ညံ့တာ သေရာပါတယ်။ “
အခုလို ရန်သူဘက်က ကျရှုံးနေတာတောင်မှ အစိုးရက ပြောပလောက်အောင်အား ကောင်းတဲ့ပုံ မပေါ်ရတာကလည်း တချို့ Managentent အမှားတွေကြောင့်လို ပြောရမယ်။ ပြည်ခိုင်ဖြိုးဟာ အုပ်ချုပ်ရေးအတွေ့အကြုံရှိ ပါတီကြီးတစ်ခုအနေနဲ့ ဦးဆောင်ခွင့်ရခဲ့တယ်။ ယခင် သမ္မတကြီး ဦးသိန်းစိန်လက်ထက်က Legacy ကြောင့် လူတွေက ပြည်ခိုင်ဖြိုးရဲ့ ဦးဆောင်မှုဟာ သူတို့ရဲ့ လူမှုစီးပွားဘဝတွေကို ပိုပြေလည်စေမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ မဲပေးခဲ့ကြတာဖြစ်ပါတယ်။ မြင်ရသလောက်အခုထိတော့ လိုအပ်ချက်တွေရှိနေပါတယ်။ Inflation မထိန်းနိုင်သေးဘူး။ အစိုးရဝန်ထမ်းတွေနဲ့ အခြေခံလူတန်းစားတွေမှာ ဝင်ငွေနဲ့ ထွက်ငွေ မမျှတမှုတွေ အကြီးအကျယ် ဖြစ်လာနေတယ်။ ဖြေရှင်းပေးမယ်လို့ မျှော်လင့်ပါတယ်။
နိုင်ငံကို ဦးဆောင်တဲ့ နေရာမှာ သုံးပိုင်းစလုံး အချိုးညီညီ တည်ငြိမ်အောင်လုပ်နိုင် ရင်တော့ အကောင်းဆုံးပါ။
-Soft power
-Hard power
– လူမှုစီးပွားဘဝပေါ့။ မြင်ရသလောက်ကတော့ ထုံးစံမပျက် Soft power အားကောင်းနေတုန်းပါ။ Soft power အားကောင်းတာရဲ့ အကျိုးတက်က ပြည်တွင်းထဲက Proxy အဆင့် သူပုန်တွေကို လုပ်ရကိုင်ရကြပ်သွားစေတယ်။ Hard power ကတော့ တပ်ရဲ့ ပြောင်းလွယ်ပြင် လွယ်ဖြစ်မှုနဲ့ဆိုင်တယ်။ တတိယအချက် လူမှုစီးပွားဘဝတွေကို ဆွဲတင်တဲ့နေရာမှာတော့ အားရစရာမရှိဆုံးဖြစ်နေပါတယ်။
သိပ် လုပ်လေကနဲ့ ကုန်ဈေးနှုန်းဟာ ဘယ်လိုမှ အမျိုးချလို့မရတော့ပါဘူး။ ပြည်သူတွေ ငတ်လာရင် ရာဇဝတ်မှုတွေ ထူပြောလာပါလိမ့်မယ်။ ပိုက်ဆံရှာဖို့ ရှရာအလုပ် လုပ်ကြရင်း ပြည်ပထွက်ကြရသူ တွေ တိုးလာမယ်။ အရင်ကလို လမ်းပေါ်မောင်းတင်မယ့်လူ မရှိသော်ပြား ပြည်ခိုင်ဖြိုးအစိုးရရဲ့ Legacy တော့ ပျက်ပါလိမ့်မယ်။ NLD မရှိတော့လို့သာပါ ပြည်ခိုင်ဖြိုးလည်း အားမကိုးရပါဘူးလို့ ပြင်သွားရင်တော့ မကောင်းဘူးပေါ့။
အရွေ့တွေကတော့ အစိုးရသာ ကိုင်တွယ်တတ်ရင် အမှတ်ယူလို့ကောင်းတဲ့ အနေအထားဆီ ဦးတည်နေပါတယ်။
အနှစ်ချုပ်သုံးသပ်ရသော်
– စစ်ရေးဖိအားကို ဖြန့်ခွဲဖို့ ရှော့တိုက်ဗုံးနဲ့ထုသော်ငြား ဘယ်သူကမှ ဝန်မခံရတာကို သူပုန်ကြီးများ ဟာ အိုင်အက်စ်လောက်မှ ဇ မရှိကြပါလား လို့ ပြောရမှာဖြစ်ပါတယ်။
– ပထဝီနိုင်ငံရေးမှာ တွက်ကိန်းမှားလို့ ဖြစ်လာတဲ့ စစ်ပွဲတွေဖြစ်ပြီး တိုင်းရင်းသားလွတ်မြောက်ရေး၊ ဝတ်ဒရယ်ဒီမိုကရေစီသာမက ခွဲထွက်ခွင့်ဆိုတာတွေနဲ့ပါ ဘာတစ်ခုမှ မပတ်သက်ကြောင်းလည်း တချို့ကိုနားလည်စေချင်မိတယ်။
– ရခိုင်ပြည်နယ်ရဲ့ ရေဘေးကို ရခိုင့်လွတ်မြောက်ရေးကြိုးပမ်းကြသူတွေက Crisis Management ကောင်းကောင်းနဲ့ ကျော်ဖြတ်ရမယ့်အစား ဆူလွယ်နပ်လွယ်အားကို ပိတ်တတ်နဲ့ လက်သီး လက်မောင်းတန်း ရင်ဆိုင်နေကြတာ တွေ့ရပါတယ်။
– ကျွန်တော်တို့လည်း လူသားချင်းစာနာပါတယ်။ ဒေသင်္ခတွေကြုံနေရတဲ့ ဘေးဒုက္ခအတိမ်အနက်ကို ရခိုင်သူပုန်တွေ နားမလည်ပေမဲ့ ကျွန်တော်တို့ နားလည်ပါတယ်။ ယခင်ဖြစ်စဉ်တွေမှာ အစိုးရနဲ့ တပ်မတော်သာမက တစ်နိုင်ငံလုံးက ပရဟိတအသင်းတွေပါ ရခိုင်ရေဘေးအတွက် ချီတက်ကူညီခဲ့ကြတာပါ။ ဝန်ထမ်းတွေကလည်း လစာတွေထဲက လှူပါတယ်။ ယုတ်စွအဆုံး ဖုန်းဘေလ်ကနေတောင် ရေဘေးသင့်ပြည်သူတွေအတွက် စေတနာရှိသလောက် အလှူငွေပေးလို့ရအောင် စီစဉ်ခဲ့ကြတာပါ။ မှတ်မိသလောက်ဆိုရင် အနည်းဆုံး (၅၀၀) ကျပ်က စတယ် ထင်ပါတယ်။ ကျွန်တော် အမှတ်မှားနိုင်ပါတယ်။ (နိုင်ငံတော်အဆင့်အကူအညီဆိုတာ အဲဒါပါ)
ဒါကိုပဲ ‘မင်းတို့က ငါတို့အပေါ် ဘာတစ်ခု ကျေးဇူးပြုဖူးလို့လဲ’ ဆိုရင်လည်း ဟုတ်ကဲ့ ကျေးဇူးပါ။ ကျွန်တော်တို့က ကူညီချင်ပါသော်လည်း အဲဒီလို ကျေးဇူးသိတတ် စိတ်ထားမြတ်မှုတွေနဲ့ မီးလောင်ပြင်ကိုတောင် လယာဉ်ဗုံးဖြစ်အောင် ပြောတဲ့ Narrative တွေကိုပါ မဖြေရှင်းချင်တာ ကြောင့် ဒီတစ်နှစ်တော့ အာရက္ခလို နေကြည့်ကြစေချင်ပါတယ်’ ပေါ့။
– စစ်ရေး၊ လုံခြုံရေးတွေနဲ့ တစ်စိတ် တစ်ပိုင်းဆက်နွှယ်နေတဲ့ ကုန်ဈေးနှုန်းနဲ့ ငွေကြေးဖောင်းပွမှု၊ အခြေခံလူတန်းစားနဲ့ ဝန်ထမ်းတွေ လစာမလောက်ငှမှုတွေကို ဖြေရှင်းဖို့ကတော့ ပြည်ခိုင်ဖြိုးရဲ့ ဆက်လက်ထိန်းသိမ်းရမယ့်
Legacy ဖြစ်သွားပါပြီ။ အရွေ့တစ်ခုဖြစ်အောင်တော့ အားလုံးဝိုင်းကြိုးပမ်းနေကြတာမြင်ရပါတယ်။ လောလော လယ်အထိ အားရစရာမရှိလှပေမယ့် အဆင်ပြေသွားမယ်လို့လည်း မျှော်လင့်ပါတယ်။
နိုင်ငံတော်ကြီး ကံကောင်းပါစေ။
