တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်းအားရှိမည် တိုင်းပြည်အင်အားရှိမှ တပ်မတော်အင်အားရှိမည် ဆိုကာ ကိုင်းကျွန်းမီ ကျွန်းကိုင်မှီ ရပ်တည်လာတာ မြန်မာ့နိုင်ငံရေး သက်တမ်းတစ်လျှောက်ပါ။ အမေရိကန်ဟာ ကမ္ဘာ့အကြီးမားဆုံး စစ်တပ်ထူ ထောင်ပြီး ကမ္ဘာကို ပုံဖော်နေတာကသက်သေပါ။ မြန်မာ့တပ်မတော် အင်းအားကြီးခဲ့ရင် တိုင်းပြည်အင်အား ကြီးခဲ့ပါတယ်။ တပ်မတော်အင်အား နည်းလျှင် တိုင်းပြည်အင်အားလည်း နည်းခဲ့တာကို လေ့လာသူအားလုံး သိပါတယ်။ ဒီမိုကရေစီအပါအဝင် ဘယ်နိုင်ငံရေးစနစ်ကို အကောင်ထည်ဖော် တပ်မတော်တစ်ရပ်ဟာ မရှိမဖြစ် လိုအပ်ပါတယ်။ တစ်နည်းအားဖြင့် ဘယ်လို အသွင်ပြောင်းဖြစ်ဖြစ် တပ်မတော်ဟာ အမျိုးသား အကျိုးစီးပွားကို ရှေ့တန်းကျကျ တစိုက်မတ်မတ် ရပ်တည်ခဲ့တာပါ။ လက်ရှိမြန်မာ့နိုင်ငံရေးမှာ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးမှာ တပ်မတော်က အရေးပါခဲ့ပါတယ်။ ပြောတော့ဒီမိုကရေစီ လုပ်တော့ အင်အားသုံး အာဏာတည်ဆောက်ရေးဖြစ်ခဲ့ရင် ရည်မှန်းချက်အောင်မြင်ရေး ရင်လေးစရာပါ။ တပ်မတော်အင်အား လျော့ကျခဲ့ရင် ပိုဆိုးနိုင်တာ ဒီနေ့လက်တွေ့ပါ။ လက်နက်ကိုင် အာဏာရယူချင်သူတွေကို လက်နက်ကိုင် နှိမ်နင်းတာက ပိုလက်တွေ့ဆန် ထိရောက်တာ ဒီနေ့ ဖြစ်ရပ်က သက်သေပါ။

မြန်မာ့ဇတ်ဒရယ် ဒီမိုကရေစီထူထောင်ရေးကို လက်နက်ကိုင်တော်လှန်ရေးနဲ့ ဖော်ဆောင် နေသေးသမျှတော့ ရွှေပြည်တော် မျှော်လေတိုင်းဝေးလို့ပဲ ပြောရပါလိမ့်မယ်။ ရနိုင်လိမ့်မယ်လို့ မမြင်၊ ရခဲ့ရင်တောင် လက်နက်ကိုင်ဆောင် အာဏာဘောင်ခဲ့ကြချင်ရုံထက် မပိုဘူး။ ဘယ်သူမှ လက်နက်စွန့်ပြီး အရွေးမခံဘူး။ လက်နက်အရသာထူးသိပြီမို့ စောင့်သာကြည့် ကွက်တိဖြစ်လိမ့်မယ်။ အာဏာထူးအတွက် အာဏာရူးတွေကို ပြောချင်တာမဟုတ် ပြည်သူတွေ လက်တွေ့ အဟုတ်တွေ့ရတဲ့ ပြဿနာ မြေပြင်မှာဘယ်လိုရှင်းနေရတာ ဆိုတာကို ပြောချင်တာပါ။

မရိုးဘဲ ခိုးမဲပြဿနာ ရှင်းလေရှုပ်လေ အရှက်ရလေအဆုံး မရုန်းတော့ဘဲ “မပေးပေး ပေးငါရွှေရွက်အချိုးနဲ့ လွှတ်တော်ကို ဇွတ်ခေါ်အာဏာကို ဓားပြတိုက် ဒီစရိုက်တွေကြောင့် ဒီအခြေအနေ ရောက်လာရတာပါ။ အာဏာဓားပြတိုက် စရိုက်ဆန်ဆန် ဟန်ပန်နဲ့ ငါနဲ့မတူ ငါ့ရန်သူအမျိုးမျိုး တွေ့သမျှရန်ညှိုးထား ပြည်သူ့ဝန်ထမ်း နိုင်ငံ့ဝန်ထမ်း စစ်သား ရဲသား အရပ်သား မခွဲခြားတော့ဘဲ ဘုန်းဘုရား သီလရှင်များပါမကျန် အကုန်သတ် ငါ့ရန်သူလို့မှတ်ထား ငါနဲ့မတူသူများကို ချေမှုန်း အဆုံးအရှုံး တစ်နိုင်လုံး နည်းမှမနည်းတာ၊ ထောင်ဂဏန်း သောင်းဂဏန်း။ လုံခြုံရေးကာကွယ်ရေး ဝန်ထမ်းတွေသတ်၊ အလုပ်လုပ်တဲ့ ဝန်ထမ်းသတ်၊ ကျောင်းတက်စာသင်တဲ့ ဆရာ ဆရာမသတ်၊ ကျောင်းသွားတဲ့ ကျောင်းသူ၊ ကျောင်းသားသတ် အနုပညာလုပ်တဲ့ အနုပညာသမားသတ်၊ ကုန်သွယ်ကုန်သယ်သူကို သတ်းဘုန်းဘုန်း ဘုရား သီလရှင်လေးများပါ သတ် ငါနဲ့မတူသူ ငါ့ရန်သူအကုန်သက်၊ ဘယ်သူတားတား ရန်သူမှတ် အတုန်သတ်၊ ဒါဒီမိုကရေစီစိတ် ဓာတ်တဲ့လား။ စံတောင်ထားရမလိုလို။

ပြည်သူ့လုံခြုံရေး ကာကွယ်ပေးရမှာက လက်ရှိအုပ်ချုပ်သူ တာဝန်၊ အကြမ်းဖက် အာဏာရရေး ပြည်သူတွေကို ဒုက္ခပေးနေ တာက အကြမ်းဖက်သမားတွေအလုပ်၊ အဖျက်လုပ်မှာက အမှောင်လူ၊ လွယ်ကူပေမယ့် အလင်းလူလုံခြုံရေးကာကွယ်ပေးရ မှာက ပြည်သူပါမှ၊ ပါကို ပါမှ။ အမှောင်လူ ပြည်သူကိုဖော်ပေး ကာကွယ်ရေးစနစ် ကောင်းရေးအတွက် စီမံသူ ပြည်သူ ပူးပေါင်း အားကောင်းမှ တန်ကာရယ်။ ကာကွယ်ရေးစနစ် တွက်စစ်တော့နှစ်ခု။ နိုင်ငံသားတွေ စစ်မှုထမ်းရမယ့် စစ်မှုထမ်းစနစ်နဲ့ ပြည်သူ့အကြမ်းဖက်နှိမ်နင်းရေးစနစ်၊ ပြည်သူဗဟိုပြု ကာကွယ် အလုပ်ဖြစ်အောင် လုပ်ရမယ့်အချိန်ဖြစ်ပါပြီ။

ရန်ကုန်စတိုင် ခပ်မှိုင်မှိုင် ဖြစ်ရိုးလား၊ လာထား သွက်သွက်လက်လက်၊ ထက်ထက်မြက်မြက်၊ ချက်ချက်ချာ စီမံပြီးသား၊ ပြည်သူ့အတွက်များ အလေးထားချက်က နိုင်းပလပ်စ်၊ ပြည်သူ အားကိုး အားထား ပြည်သူဗဟိုပြုအင်အား တည်ထောင်ထား လိုက်တာများ စနစ်တကျ ရှိလှပါ့ဗျား၊ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ ခရိုင် ဆိုင်ရာဆိုင်ရာစုဖွဲ့ လိုက်တာ ဆယ်ပြု၊ ရာပြု၊ ထောင်ပြု၊ ရှေးရှေးက စုပြု တာတောင်အမှတ်ရသေး။ “ယခုမှ ဤသို့မဟုတ် ယခင်လည်းထိုသို့ ပြုခဲ့ဖူးလေသည်ဟု ပြောဆိုလျက် အောက်ပါ ဂါထာအား ရွတ်ဆိုပြလေသည်” ဆိုတဲ့ အရေးအသားပါဟိတော ပဒေသ ဘာသာရေးကျမ်းတောင် လွမ်းရမလိုလို။ ပြည်သူ့ကာ ကွယ်ရေး ပြည်သူတွေ ပါဝင်ပေးရမှာက ဆယ်၊ ရာ၊ ထောင်စုကင်းမြို့ ထိပြုခဲ့ရတာ သမိုင်းသာဓက ဘုရင့်နောင်မတိုင်ခင်ကတည်းကပဲ။ ခုမှ ထွင်တာမှ မဟုတ်တာလေ။ အမေရိကန်ကအစ ဒီမိုဘိုးအေနိုင်ငံများစွာ စစ်မှုထမ်းဥပဒေ ဆိုတာရှိထား မြန်မာမှ ထွင်ထားတာမှမဟုတ်တာ သိထားဖို့ရာကိုပြောတာပါ။ သိတာကို မသိသလိုလိုလုပ် တာဝန်မဲ့စားဖားတွေလုပ်နေလို့ ခလုတ်လိုလို ဖြစ်နေရတာ လူတကာသိဖို့ လိုနေတာပါ။

ရှိစေတော့၊ လုပ်ရမယ့်အလုပ် ဆက်လုပ်ကာ စေတနာအမှန်နဲ့ ရန်ကုန်အစီအမံ ပြောကြစို့ရဲ့။ စုဖွဲ့ပြီးသား ရန်ကုန် ကာကွယ်ရေးတပ်သား အကြမ်းဖက်နှိမ်နင်းနေသူများကို ဆန်၊ ဆီအစ ဝတ်စုံအပါ လက်ထိပ်ကမကျန် တပ်ဆင် ပြင်ဆင်နေ လိုက်တာ အားရစရာပါ။ လိုရင် တပ်ဆင်ရေး လက်နက်တွေပါ အသင့်ရစေသေးဆိုတော့ကာ ပြီးပြည့်စုံတဲ့ ကာကွယ်ရေးစနစ် အဟုတ် ဖြစ်လာရတာပါ။ ဆန်ပေး၊ ဆီပေ။ လက်နက်တပ်ဆင်ပေးရုံမတင်နဲ့ လိုအပ်တဲ့သင်တန်းပါ ပေးထားသေးဆိုပဲ။ စည်းကမ်းအစ လက်နက်ဘာသာ ဗျူဟာပါမကျန် သင်တန်းပေ။ ဘာလိုသေးလဲပေါ့။ တကယ့်ပြည်သူဗဟိုပြု ကာကွယ်ရေးစနစ်အဟုတ်ကိုဖြစ်နေကပြီပဲ။ ဟိုပွဲ၊ ဒီလမ်း အပြာရောင်ဝတ်စုံ လွှမ်းသလို ကြားမလပ် လုံခြုံရေးကာတပ်တွေ မြင်နေရတာ နေရာတကာ အားတွေပါနေလိုက်ကြတာ ကြည့်စမ်း ကြည့်စမ်း အစွမ်းတွေပြ အားတွေများကျလိုက်ပါဘိကွယ်ရို့။

တစ်ပတ်စဉ်ပြီး တစ်ပတ်စဉ်အသင့်၊ သင်တန်းတွေဆင့်ဆင့်ပေး။ စဉ်ဆက်မပြတ်ဖွံ့ ဖြိုးရေး (Sustainable Development) စကားလေးကချို နယ်ပယ်စုံ အာဂုံဆောင်ပြော လက်တွေ့ရော ဖြစ်ကြပါလား ဆန်းစစ် အဖြေစစ်ရှာကြည့်ရတဲ့ ခေတ်မှာ ရန်ကုန်လုံခြုံရေးစနစ်ကတော့ ဖြစ်သမှသိပ်ဖြစ် စဉ်ဆက်မပြတ်ကိုဖြစ်နေလေရဲ့။ မျက်တွေ့ လက်တွေ့။ ဘယ့်နှယ်ဗျာ… သင်တန်း တစ်ပတ်မပြီးသေး နောက်တစ်ပတ်အတွက် စာရင်းပေးပြီးအသင့်။ သင်တန်းတွေဆင်းပေး တာဝန်ခွဲပေး။ ဒါစဉ်ဆက်မပြတ် ဖွံ့ဖြိုးရေးမဟုတ်လို့ ဘာလဲ။ ရဲရဲမေး၊ ရဲရဲဖြေ မဖွယ်မရာ ညာမနေနဲ့၊ မနာလိုဝန်တိုမနေနဲ့ မောင်မင်းကြီးသားတွေ။ ရန်ကုန်တဝှန်းအပြာ (အကြမ်းဖက်နှိမ်နင်းရေး ယူနီဖောင်းအရောင်)တွေ လွှမ်းနေတာက သက်သေ ဝသုန္တရေအသိ။

ကိုင်း… ကိုင်း… ကိုင်း… ဒီလောက်ဆို ရန်ကုန် ဘယ်လိုပုံ ဖန်တီး အကြမ်းဖက်တွေကိုပြန်တီးဖို့ အစီအမံ အပီအပြင် အမှန်အကန်ဆိုတာ သိလောက်ရောပေါ့။ ဇော်ရှိုးဟန်ပြမဟုတ် တကယ် အလုပ်လုပ်မယ့် ပြည်သူဗဟိုပြု ကာကွယ်ရေးအင်အားစုဆိုတာ ထင်ရှားမြင်သွားကြပြီမို့လား။ တာဝန်ရှိသူတွေက စေတနာမှန်၊ အစီအမံတွေ ကောင်းသလောက် တာဝန်သိသူတွေ တာဝန်ယူ ထမ်းဆောင်တာက အဓိကကျဆိုပေမယ့် ပြည်သူတစ်ရပ်လုံးပါဝင်တာက ပဓာနအရေး ကြီးဆုံးပါ။ တာဝန်ရှိသူတွေ ပိုမိုစီမံနိုင်ပါစေ၊ တာဝန်သိသူတွေ ပိုထမ်းဆောင်နိုင်ပါစေ၊ ယာန ပြည်သူတွေ ပိုပြီးဝန်းရံနိုင်ပါစေ။ ရန်ကုန်က အကြမ်းဖက်နှိမ်နင်းရေး အပြာရောင်တပ်သား (Blue suit forces) လုပ်ငန်းစဉ်တွေ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ကာ ပြည်သူဗဟိုပြုလုံခြုံရေးစနစ်ကြီး ထာဝရ ရှင်သန်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။