Month: June 2025

ပြုပြင်ပြောင်းလဲရမယ့် ခေတ်သစ်နိုင်ငံရေးဓလေ့အမှား (၂)

စာရေးသူတို့ မြန်မာ့လူအဖွဲ့အစည်း၏ စံပြုနိုင်ငံရေးဓလေ့က လက်နက်ကိုင်လမ်းစဉ်ဖြစ်ခဲ့သည်ကို ထဲထဲဝင်ဝင်လေ့လာကြည့်လျှင် တွေ့မြင်ရမည်ဖြစ်ပါသည်။ လူမျိုးနွယ်စုတိုင်းက မြန်မာတို့၏ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကိုအားကျပြီး လွတ်မြောက်ရေးကို ကြိုးပမ်းဖို့မသင့်ကြသလို ကိုလိုချင်တာရရန် လက်နက်ကိုင်မှဖြစ်မည်၊ လက်နက်ကိုင်မှရလိမ့်မည်ဟူသောအယူအဆကို ဆွဲကိုင်မထားသင့်ပါ။ ဤကဲ့သို့ လက်နက်ကိုင်လမ်းစဉ် အယူအဆကို ခေါက်ရိုးကျိုးခဲ့ခြင်းကြောင့်လည်း ခေတ်အဆက်ထက် အစိုးရတိုင်းရင်ထိုင်ခဲ့ရသည့် အဓိကပြဿနာသည် လက်နက်ကိုင်လမ်းစဉ်ဖြစ်ခဲ့သကဲ့သို့ ပြည်သူလူထုကလည်း လက်နက်ကိုင်လမ်းစဉ်၏ အကျိုးဆက်ကို ခါးသီးပြီးခံခဲ့ရသည်မှာ ယနေ့ဆိုလျှင် နှစ်ပေါင်း(၈ဝ)နားပင် ရောက်လာခဲ့ပြီး…